လင်မယားမဟုတ်ပေမဲ့လည်း ဆော်ဒီတွင် ဂျော်ဂျီနာရိုဒရီဂွက်ဇ်နှင့်အတူ နေခွင့်ရရှိထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်သူ့ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာဆော်ဒီတွင်လင်မယားမဟုတ်ပေမဲ့အတူနေခွင့်ရရှိထားကြပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းပြီးတဲ့နောက်ဆော်ဒီကလပ် Al Nassr သို့တစ်ရာသီလျှင်ပေါင်၁၇၃သန်းတန် နှစ်နှစ်ခွဲစာချုပ်ဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိတ်ဆက်ပွဲကိုယခုအပတ်အစောပိုင်းတုန်းကပြုလုပ်ခဲ့ပြီးပရိသတ်၂၅၀၀၀လာရောက်ကြိုဆိုခဲ့ကြပါတယ်။

ဆော်ဒီရဲ့စည်းမျဉ်းစည်းကမ်းအရလင်မယားမဟုတ်လျှင်အတူနေခွင့်မရရှိပါဘူး။

ဒါပေမဲ့ Sport ရဲ့ဖော်ပြချက်အရဆော်ဒီအာဏာပိုင်တို့ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကမ္ဘာ့အကြီးကျယ်အားကစားသမားများထဲမှတစ်ဦးဖြစ်တဲ့ဂုဏ်ပုဒ်ကြောင့်အတူနေခွင့်ရရှိထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကလေးငါးယောက်ရှိထားပြီးယင်းမှနှစ်ဦးကိုဂျော်ဂျီနာနှင့်ရရှိထားတာဖြစ်ပါတယ်။

ဆော်ဒီအာဏာပိုင်များဟာလင်မယားမဟုတ်ဘဲအတူနေခွင့်ပိတ်ပင်ထားပေမဲ့လည်း ယင်းဥပဒေကို ပြဿနာတစ်ရပ်ရှိလာချိန်(သို့မဟုတ်)ပြစ်မှုတစ်ခုဖြစ်ပေါ်လာချိန်တွင်မှအသုံးပြုနေတာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာAl Nassr သို့ပြောင်းရွှေ့ပြီးအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနေပေမဲ့လည်းပွဲကစားခွင့်ရရှိဖို့စောင့်ဆိုင်းရပါဦးမယ်။

Al Nassr ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူထားပေမဲ့လည်း လိဂ်ရဲ့နိုင်ငံခြားသားကစားသမားအရေအတွက်ကန့်သတ်မှုကြောင့် အသင်းရှိ နိုင်ငံခြားသားတစ်ဦးကိုရောင်းချခြင်း(သို့မဟုတ်)ထုတ်ပယ်ခြင်းပြုလုပ်ပြီးမှသာလျှင်ခရစ္စတီယာနိုရော်နယ်ဒိုကိုမှတ်ပုံတင်နိုင်ပါမယ်။

ZawGyi

လင္မယားမဟုတ္ေပမဲ့လည္း ေဆာ္ဒီတြင္ ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ႏွင့္အတူ ေနခြင့္ရရွိထားတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္သူ႔ခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္တို႔ဟာေဆာ္ဒီတြင္လင္မယားမဟုတ္ေပမဲ့အတူေနခြင့္ရရွိထားၾကပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးတဲ့ေနာက္ေဆာ္ဒီကလပ္ Al Nassr သို႔တစ္ရာသီလွ်င္ေပါင္၁၇၃သန္းတန္ ႏွစ္ႏွစ္ခြဲစာခ်ဳပ္ျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိတ္ဆက္ပြဲကိုယခုအပတ္အေစာပိုင္းတုန္းကျပဳလုပ္ခဲ့ၿပီးပရိသတ္၂၅၀၀၀လာေရာက္ႀကိဳဆိုခဲ့ၾကပါတယ္။

ေဆာ္ဒီရဲ႕စည္းမ်ဥ္းစည္းကမ္းအရလင္မယားမဟုတ္လွ်င္အတူေနခြင့္မရရွိပါဘူး။

ဒါေပမဲ့ Sport ရဲ႕ေဖာ္ျပခ်က္အရေဆာ္ဒီအာဏာပိုင္တို႔ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ကမာၻ႔အႀကီးက်ယ္အားကစားသမားမ်ားထဲမွတစ္ဦးျဖစ္တဲ့ဂုဏ္ပုဒ္ေၾကာင့္အတူေနခြင့္ရရွိထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကေလးငါးေယာက္ရွိထားၿပီးယင္းမွႏွစ္ဦးကိုေဂ်ာ္ဂ်ီနာႏွင့္ရရွိထားတာျဖစ္ပါတယ္။

ေဆာ္ဒီအာဏာပိုင္မ်ားဟာလင္မယားမဟုတ္ဘဲအတူေနခြင့္ပိတ္ပင္ထားေပမဲ့လည္း ယင္းဥပေဒကို ျပႆနာတစ္ရပ္ရွိလာခ်ိန္(သို႔မဟုတ္)ျပစ္မႈတစ္ခုျဖစ္ေပၚလာခ်ိန္တြင္မွအသုံးျပဳေနတာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl Nassr သို႔ေျပာင္းေ႐ႊ႕ၿပီးအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းေနေပမဲ့လည္းပြဲကစားခြင့္ရရွိဖို႔ေစာင့္ဆိုင္းရပါဦးမယ္။

Al Nassr ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူထားေပမဲ့လည္း လိဂ္ရဲ႕ႏိုင္ငံျခားသားကစားသမားအေရအတြက္ကန႔္သတ္မႈေၾကာင့္ အသင္းရွိ ႏိုင္ငံျခားသားတစ္ဦးကိုေရာင္းခ်ျခင္း(သို႔မဟုတ္)ထုတ္ပယ္ျခင္းျပဳလုပ္ၿပီးမွသာလွ်င္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုမွတ္ပုံတင္ႏိုင္ပါမယ္။