လင်ဟောင်းပုံတင်ပြီး အိုင်ကာဒီကို အရှိုက်ထိုးလိုက်ပြန်တဲ့ ဝန်ဒါနာရာ

ဝန်ဒါနာရာနှင့်မော်ရိုအိုင်ကာဒီတို့ရဲ့အိမ်ထောင်ရေးအဖုအထစ်ကပြေလည်မှုရရှိသေးပုံမရသေးပါဘူး။ဝန်ဒါနာရာဟာသူမရဲ့အင်စတာဂရမ်အကောင့်မှာခင်ပွန်းဟောင်းမာဆီလိုပက်ဇ်ပါဝင်တဲ့မိသားစုဓာတ်ပုံကိုတင်ခဲ့ပါတယ်။

အိုင်ကာဒီကအာဂျင်တီးနားမော်ဒယ်နှင့်သရုပ်ဆောင်ချိုင်းနားဆွာရက်ဇ်နှင့်ခြေပုန်းခုတ်နဲ့သတင်းထွက်လာပြီးနောက်ဇနီးသည်ဝန်ဒါနာရာနှင့်ခွဲမလိုပြဲမလိုဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာအိုင်ကာဒီနှင့်ဝန်ဒါနာရာတို့အကြားမှာပြန်လည်ပြေလည်မှုရရှိသွားပုံရပါတယ်။

ဒါပေမယ့်အခု ချက်ချင်းဆိုသလိုအခြေအနေလုံးဝအပြောင်းအလဲဖြစ်လာပြန်ပါတယ်။အစောပိုင်းတုန်းကအိုင်ကာဒီဟာအင်စတာဂရမ်မှာဝန်ဒါနာရာကို Unfollow လုပ်ခဲ့သလိုသူ့ရဲ့အကောင့်တစ်ခုလုံးကိုလည်းဖျက်ချခဲ့ပါတယ်။

ယခုအခါဝန်ဒါနာဟာခင်ပွန်းဟောင်းဆမ်းဒိုးရီးယားတိုက်စစ်မှူးလိုပက်ဇ်နှင့်တွဲရိုက်ထားတဲ့မိသားစုဓာတ်ပုံကိုအွန်လိုင်းမှာတင်လာပါတယ်။

ဝန်ဒါနာရာဟာလိုပက်ဇ်နှင့်အိမ်ထောင်ကျနေစဉ်အတွင်းတွင်အိုင်ကာဒီနှင့်ဖောက်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအနေအထားအရဝန်ဒါနာရာနှင့်အိုင်ကာဒီတို့အကြားမှာပုံမှန်ဆက်ဆံရေးအနေအထားသို့ပြန်ရောက်တော့မယ်ပုံမရှိပါဘူး။ဝန်ဒါနာရာဟာလည်းခင်ပွန်းဟောင်းလိုပက်ဇ်နှင့်ပြန်ဆက်ဖို့မဖြစ်နိုင်တော့ပါဘူး။လိုပက်ဇ်ကဒါနီလာခရစ္စတီယန်ဆန်နှင့်တွဲနေပါတယ်။

ZawGyi

လင္ေဟာင္းပုံတင္ၿပီး အိုင္ကာဒီကို အရႈိက္ထိုးလိုက္ျပန္တဲ့ ဝန္ဒါနာရာ

ဝန္ဒါနာရာႏွင့္ေမာ္႐ိုအိုင္ကာဒီတို႔ရဲ႕အိမ္ေထာင္ေရးအဖုအထစ္ကေျပလည္မႈရရွိေသးပုံမရေသးပါဘူး။ဝန္ဒါနာရာဟာသူမရဲ႕အင္စတာဂရမ္အေကာင့္မွာခင္ပြန္းေဟာင္းမာဆီလိုပက္ဇ္ပါဝင္တဲ့မိသားစုဓာတ္ပုံကိုတင္ခဲ့ပါတယ္။

အိုင္ကာဒီကအာဂ်င္တီးနားေမာ္ဒယ္ႏွင့္သ႐ုပ္ေဆာင္ခ်ိဳင္းနားဆြာရက္ဇ္ႏွင့္ေျခပုန္းခုတ္နဲ႔သတင္းထြက္လာၿပီးေနာက္ဇနီးသည္ဝန္ဒါနာရာႏွင့္ခြဲမလိုၿပဲမလိုျဖစ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ေနာက္ပိုင္းမွာအိုင္ကာဒီႏွင့္ဝန္ဒါနာရာတို႔အၾကားမွာျပန္လည္ေျပလည္မႈရရွိသြားပုံရပါတယ္။

ဒါေပမယ့္အခု ခ်က္ခ်င္းဆိုသလိုအေျခအေနလုံးဝအေျပာင္းအလဲျဖစ္လာျပန္ပါတယ္။အေစာပိုင္းတုန္းကအိုင္ကာဒီဟာအင္စတာဂရမ္မွာဝန္ဒါနာရာကို Unfollow လုပ္ခဲ့သလိုသူ႔ရဲ႕အေကာင့္တစ္ခုလုံးကိုလည္းဖ်က္ခ်ခဲ့ပါတယ္။

ယခုအခါဝန္ဒါနာဟာခင္ပြန္းေဟာင္းဆမ္းဒိုးရီးယားတိုက္စစ္မႉးလိုပက္ဇ္ႏွင့္တြဲ႐ိုက္ထားတဲ့မိသားစုဓာတ္ပုံကိုအြန္လိုင္းမွာတင္လာပါတယ္။

ဝန္ဒါနာရာဟာလိုပက္ဇ္ႏွင့္အိမ္ေထာင္က်ေနစဥ္အတြင္းတြင္အိုင္ကာဒီႏွင့္ေဖာက္ျပန္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအေနအထားအရဝန္ဒါနာရာႏွင့္အိုင္ကာဒီတို႔အၾကားမွာပုံမွန္ဆက္ဆံေရးအေနအထားသို႔ျပန္ေရာက္ေတာ့မယ္ပုံမရွိပါဘူး။ဝန္ဒါနာရာဟာလည္းခင္ပြန္းေဟာင္းလိုပက္ဇ္ႏွင့္ျပန္ဆက္ဖို႔မျဖစ္ႏိုင္ေတာ့ပါဘူး။လိုပက္ဇ္ကဒါနီလာခရစၥတီယန္ဆန္ႏွင့္တြဲေနပါတယ္။