လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ဗစ်တာပီရဲရာကိုလည်း အဲဗာတန် အင်တာဗျူးမည်

ဗစ်တာပီရဲရာဟာလည်းအဲဗာတန်နည်းပြရာထူးအတွက် အင်တာဗျူးပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာပြီးခဲ့တဲ့လတုန်းကဖီနာဘာချီနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက် ကလပ်လက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

အဲဗာတန်ဟာရာဖေးလ်ဘင်နီတက်ဇ်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ရွန်းနီ၊ဖရန့်လမ်းပတ်၊ယာယီနည်းပြဒန်ကင်ဖာဂူဆန်တို့အပြင်ယခုအခါ ပီရဲရာကိုပါဆန်ကာတင်စာရင်းမှာထည့်သွင်းလာပါတယ်။

အဲဗာတန်ဘုတ်အဖွဲ့ဟာနည်းပြများစွာလျာထားပြီးမှ ကလပ်နှင့်သင့်တော်မယ့်နည်းပြတစ်ဦးကို စိတ်အေးလက်အေး ရွေးချယ်ခန့်အပ်သွားပါမယ်။

အဲဗာတန်ဟာစနေနေ့တုန်းကအိမ်ကွင်းတွင်ဗီလာကို၁-၀ဂိုးဖြင့်ရှုံးနိမ့်မှုနဲ့အတူ ပရီးမီးယားလိဂ်မှတန်းမဆင်းရရေးအကြီးအကျယ်စိုးရိမ်လာရတဲ့အနေအထားသို့ရောက်လာပါတယ်။

ဒါပေမဲ့ဂိုးသမားပစ်ဖို့ဒ်ကတော့၁၉၅၁ခုနှစ်ကတည်းကတန်းဆင်းလာခဲ့ရခြင်းမရှိတဲ့အဲဗာတန်မှာ ပရီးမီးယားလိဂ်တွင်ဆက်လက်ရှင်သန်နေလိမ့်မယ်လို့ ပြောကြားသွားပါတယ်။

အဲဗာတန်အသင်းကယခုနောက်ဆုံးအင်တာဗျူးလာမယ့်ပေါ်တူဂီလူမျိုးနည်းပြပီရဲရာဟာပေါ်တိုကိုကိုင်တွယ်ခဲ့ဖူးတဲ့အပြင်အိုလံပီယာကို့စ်၊၁၈၆၀မြူးနစ်၊အယ်အလီ၊ရှန်ဟိုင်းဆက်စ်အိုင်ဂျီတို့ကိုကိုင်တွယ်ခဲ့ဖူးပါတယ်။

သူဟာ၂၀၁၀-၁၁ဘောလုံးရာသီတွင်ပေါ်တိုတွင်ချဲလ်ဆီးနှင့်စပါးစ်နည်းပြဟောင်းဘိုအာ့စ်လက်အောက်မှာလက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

လက်ရှိအချိန်တွင်အဲဗာတန်ကိုယာယီနည်းပြအဖြစ်လက်ထောက်နည်းပြဖာဂူဆန်ကကိုင်တွယ်နေပါတယ်။ဖာဂူဆန်ဟာ၂၀၁၉ခုနှစ်ဒီဇင်ဘာလတုန်းကလည်းမာကိုဆေးလ်ဗားအထုတ်ခံရပြီးနောက် အန်ဆယ်လော့တီခန့်အပ်တဲ့အချိန်အထိယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi

လစ္လပ္ေနတဲ့ နည္းျပရာထူးအတြက္ ဗစ္တာပီရဲရာကိုလည္း အဲဗာတန္ အင္တာဗ်ဴးမည္

ဗစ္တာပီရဲရာဟာလည္းအဲဗာတန္နည္းျပရာထူးအတြက္ အင္တာဗ်ဴးျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့လတုန္းကဖီနာဘာခ်ီနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္ ကလပ္လက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။

အဲဗာတန္ဟာရာေဖးလ္ဘင္နီတက္ဇ္ကို ရာထူးမွထုတ္ပယ္လိုက္ၿပီးေနာက္ ႐ြန္းနီ၊ဖရန႔္လမ္းပတ္၊ယာယီနည္းျပဒန္ကင္ဖာဂူဆန္တို႔အျပင္ယခုအခါ ပီရဲရာကိုပါဆန္ကာတင္စာရင္းမွာထည့္သြင္းလာပါတယ္။

အဲဗာတန္ဘုတ္အဖြဲ႕ဟာနည္းျပမ်ားစြာလ်ာထားၿပီးမွ ကလပ္ႏွင့္သင့္ေတာ္မယ့္နည္းျပတစ္ဦးကို စိတ္ေအးလက္ေအး ေ႐ြးခ်ယ္ခန႔္အပ္သြားပါမယ္။

အဲဗာတန္ဟာစေနေန႔တုန္းကအိမ္ကြင္းတြင္ဗီလာကို၁-၀ဂိုးျဖင့္ရႈံးနိမ့္မႈနဲ႔အတူ ပရီးမီးယားလိဂ္မွတန္းမဆင္းရေရးအႀကီးအက်ယ္စိုးရိမ္လာရတဲ့အေနအထားသို႔ေရာက္လာပါတယ္။

ဒါေပမဲ့ဂိုးသမားပစ္ဖို႔ဒ္ကေတာ့၁၉၅၁ခုႏွစ္ကတည္းကတန္းဆင္းလာခဲ့ရျခင္းမရွိတဲ့အဲဗာတန္မွာ ပရီးမီးယားလိဂ္တြင္ဆက္လက္ရွင္သန္ေနလိမ့္မယ္လို႔ ေျပာၾကားသြားပါတယ္။

အဲဗာတန္အသင္းကယခုေနာက္ဆုံးအင္တာဗ်ဴးလာမယ့္ေပၚတူဂီလူမ်ိဳးနည္းျပပီရဲရာဟာေပၚတိုကိုကိုင္တြယ္ခဲ့ဖူးတဲ့အျပင္အိုလံပီယာကို႔စ္၊၁၈၆၀ျမဴးနစ္၊အယ္အလီ၊ရွန္ဟိုင္းဆက္စ္အိုင္ဂ်ီတို႔ကိုကိုင္တြယ္ခဲ့ဖူးပါတယ္။

သူဟာ၂၀၁၀-၁၁ေဘာလုံးရာသီတြင္ေပၚတိုတြင္ခ်ဲလ္ဆီးႏွင့္စပါးစ္နည္းျပေဟာင္းဘိုအာ့စ္လက္ေအာက္မွာလက္ေထာက္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ဖူးပါတယ္။

လက္ရွိအခ်ိန္တြင္အဲဗာတန္ကိုယာယီနည္းျပအျဖစ္လက္ေထာက္နည္းျပဖာဂူဆန္ကကိုင္တြယ္ေနပါတယ္။ဖာဂူဆန္ဟာ၂၀၁၉ခုႏွစ္ဒီဇင္ဘာလတုန္းကလည္းမာကိုေဆးလ္ဗားအထုတ္ခံရၿပီးေနာက္ အန္ဆယ္ေလာ့တီခန႔္အပ္တဲ့အခ်ိန္အထိယာယီနည္းျပအျဖစ္ကိုင္တြယ္ခဲ့ဖူးသူျဖစ္ပါတယ္။