လစ်လပ်နေတဲ့ နော့ဝှစ်ချ်နည်းပြရာထူးအတွက် ဖရန့်လမ်းပတ်ဆွေးနွေးနေ
ဖရန့်လမ်းပတ်ဟာနည်းပြသစ်ရှာဖွေနေတဲ့နော့ဝှစ်ချ်နှင့်ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရပါတယ်။နော့ဝှစ်ချ်ဟာပြီးခဲ့တဲ့စနေနေ့တုန်းကယခုရာသီပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရရှိပြီးနောက်နည်းပြဖာကီကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။
လမ်းပတ်ဟာတနင်္လာနေ့တုန်းကနော့ဝှစ်ချ်ဘုတ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်လမ်းပတ်နှင့်နော့ဝှစ်ချ်အကြား တစ်စုံတစ်ရာအတည်ပြုဆုံးဖြတ်ကြခြင်းမရှိသေးပါဘူး။
ဖရန့်လမ်းပတ်ဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီးဘောလုံးလောကသို့ပြန်လည်ဝင်ရောက်ရန်စိတ်အားထက်သန်နေပါတယ်။
ဒါဘီနည်းပြဟောင်းဟာအစောပိုင်းတုန်းကနယူးကာဆယ်နည်းပြရာထူးအတွက်သတင်းထွက်ခဲ့ပေမယ့်အက်ဒီဟိုဝီကိုခန့်အပ်လိုက်ပြီဖြစ်ပါတယ်။
သူဟာလစ်လပ်နေတဲ့ဗီလာနည်းပြရာထူးအတွက်လည်းရေပန်းစားနေသူဖြစ်ပါတယ်။
Sky Sports ရဲ့ဖော်ပြချက်အရနော့ဝှစ်ချ်ဟာနော့ဝှစ်ချ်နည်းပြရာထူးအတွက် ဗီလာအပယ်ခံဒိန်းစမစ်၊ဆောက်သမ်တန်နည်းပြဟာဆန်ဟက်တို့နှင့်အတူရေပန်းစားနေတာဖြစ်ပါတယ်။
နော့ဝှစ်ချ်ဟာပရီးမီးယားလိဂ်ပွဲစဉ်၁၁အပြီးမှာ၈ပွဲရှုံးနိမ့်ထားပြီးအမှတ်ပေးဇယားအဆင့်၂၀မှာရပ်တည်နေပါတယ်။၎င်းတို့ဟာပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံရှစ်တွင်ရမှတ်၉၇မှတ်အထိရရှိကာတန်းတက်လာခဲ့တာပါ။
ZawGyi
လစ်လပ်နေတဲ့ နော့ဝှစ်ခ်ျနည်းပြရာထူးအတွက် ဖရန့်လမ်းပတ်ဆွေးနွေးနေ
ဖရန့်လမ်းပတ်ဟာနည်းပြသစ်ရှာဖွေနေတဲ့နော့ဝှစ်ခ်ျနှင့်ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရပါတယ်။နော့ဝှစ်ခ်ျဟာပြီးခဲ့တဲ့စနေနေ့တုန်းကယခုရာသီပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရရှိပြီးနောက်နည်းပြဖာကီကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။
လမ်းပတ်ဟာတနင်္လာနေ့တုန်းကနော့ဝှစ်ခ်ျဘုတ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်လမ်းပတ်နှင့်နော့ဝှစ်ခ်ျအကြား တစ်စုံတစ်ရာအတည်ပြုဆုံးဖြတ်ကြခြင်းမရှိသေးပါဘူး။
Sky Sports ရဲ့ဖော်ပြချက်အရနော့ဝှစ်ခ်ျဟာနော့ဝှစ်ခ်ျနည်းပြရာထူးအတွက် ဗီလာအပယ်ခံဒိန်းစမစ်၊ဆောက်သမ်တန်နည်းပြဟာဆန်ဟက်တို့နှင့်အတူရေပန်းစားနေတာဖြစ်ပါတယ်။