လစ်လပ်နေတဲ့ မန်ယူနည်းပြရာထူးအတွက်လျာထားစာရင်းတွင် ထင်မှတ်မထားတဲ့ နည်းပြနှစ်ဦးပါဝင်လာ

မန်ချက်စတာယူနိုက်တက်ဟာရလဒ်ဆိုးရွားမှုနဲ့အတူအိုလီဂန်းနားဆိုးလ်ရှားအားရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။လစ်လပ်နေတဲ့မန်ယူနည်းပြရာထူးအတွက်ရေပန်းအစားဆုံးကဘရန်ဒန်ရော်ဂျာနှင့်ဇီဒန်းတို့ဖြစ်ပါတယ်။

ဒါပေမယ့်၎င်းတို့နှစ်ဦးလုံးကမန်ယူနည်းပြရာထူးကိုရယူရန်စိတ်မဝင်စားမှုနဲ့အတူခန့်အပ်ရန်အခက်တွေ့နေရပါတယ်။ဒါကြောင့်လည်းလစ်လပ်နေတဲ့မန်ယူနည်းပြရာထူးအတွက်နောက်ထပ်ရေပန်းစားသူနှစ်ဦးထွက်ပေါ်လာပါတယ်။

The Athletics ရဲ့ဖော်ပြချက်အရမန်ယူနည်းပြရာထူးအတွက်လျာထားစာရင်းတွင်ပါဝင်လာသူနှစ်ဦးကလောရင့်ဘလင့်နှင့်ဂျူလန်လိုပီတီဂူတို့ဖြစ်ပါတယ်။

ဘလင့်ဟာမန်ယူတွင်ကစားသမားအဖြစ်နှစ်ရာသီကြာကစားခဲ့သူဖြစ်ပြီး၂၀၀၃ခုနှစ်တုန်းကမန်ယူနှင့်အတူပရီးမီးယားလိဂ်ဖလားရယူကာအိုးထရက်ဖို့ဒ်တွင်ပင်ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။

အသက်၅၆နှစ်ရှိနည်းပြဟာကာတာကလပ်အယ်လ်ရေယန်ကိုကိုင်တွယ်နေပါတယ်။သူဟာဘော်ဒိုး၊ပီအက်စ်ဂျီနှင့်ပြင်သစ်အသင်းတို့ကိုကိုင်တွယ်ဖူးကာကလပ်မှာသာမကနိုင်ငံတကာအတွေ့အကြုံလည်းရှိသူဖြစ်ပါတယ်။

၁၉၉၈ကမ္ဘာ့ဖလားဆုရှင်ဟာပြင်သစ်စူပါဖလား၅ကြိမ်၊လီဂူး၁ဖလား၄ကြိမ်၊ပြင်သစ်လိဂ်ဖလား၄ကြိမ်နှင့်ပြင်သစ်ဖလား၂ကြိမ်ဆွတ်ခူးထားသူဖြစ်ပါတယ်။

လိုပီတီဂူမှာလည်းဆီဗီလာကိုကိုင်တွယ်နေသူဖြစ်ပြီး၂၀၂၀ခုနှစ်တုန်းကဆီဗီလာကိုယူရိုပါလိဂ်ဖလားရရှိအောင်ဦးဆောင်ပေးခဲ့သူဖြစ်ပါတယ်။အသက်၅၅နှစ်ရှိစပိန်လူမျိုးနည်းပြဟာပေါ်တို၊ရီးရဲလ်မက်ဒရစ်၊ဗယ်လီကာနိုနှင့်စပိန်အသင်းတို့ကိုင်တွယ်ဖူးပါတယ်။

လက်ရှိအချိန်တွင်မန်ယူဟာယာယီနည်းပြအဖြစ်ဆိုးလ်ရှားရဲ့လက်ထောက်နည်းပြမိုက်ကယ်ကာရစ်ကိုခန့်အပ်ထားပြီးအင်္ဂါနေ့ဗီလာရီးရဲလ်နှင့်ချန်ပီယံလိဂ်အဝေးကွင်းကိုကြီးကြပ်သွားပါမယ်။

မန်ယူဟာရာသီအကုန်အထိကိုင်တွယ်မယ့်ယာယီနည်းပြကိုသာရှာဖွေနေတာဖြစ်ပါတယ်။မန်ယူဟာယာယီနည်းပြလက်ထက်တိုးတက်မှုအခြေအနေကိုကြည့်ကာစာချုပ်သစ်ချုပ်ဆိုသွားမှာလည်းဖြစ်ပါတယ်။

ZawGyi

လစ္လပ္ေနတဲ့ မန္ယူနည္းျပရာထူးအတြက္လ်ာထားစာရင္းတြင္ ထင္မွတ္မထားတဲ့ နည္းျပႏွစ္ဦးပါဝင္လာ

မန္ခ်က္စတာယူႏိုက္တက္ဟာရလဒ္ဆိုး႐ြားမႈနဲ႔အတူအိုလီဂန္းနားဆိုးလ္ရွားအားရာထူးမွထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။လစ္လပ္ေနတဲ့မန္ယူနည္းျပရာထူးအတြက္ေရပန္းအစားဆုံးကဘရန္ဒန္ေရာ္ဂ်ာႏွင့္ဇီဒန္းတို႔ျဖစ္ပါတယ္။

ဒါေပမယ့္၎တို႔ႏွစ္ဦးလုံးကမန္ယူနည္းျပရာထူးကိုရယူရန္စိတ္မဝင္စားမႈနဲ႔အတူခန႔္အပ္ရန္အခက္ေတြ႕ေနရပါတယ္။ဒါေၾကာင့္လည္းလစ္လပ္ေနတဲ့မန္ယူနည္းျပရာထူးအတြက္ေနာက္ထပ္ေရပန္းစားသူႏွစ္ဦးထြက္ေပၚလာပါတယ္။

The Athletics ရဲ႕ေဖာ္ျပခ်က္အရမန္ယူနည္းျပရာထူးအတြက္လ်ာထားစာရင္းတြင္ပါဝင္လာသူႏွစ္ဦးကေလာရင့္ဘလင့္ႏွင့္ဂ်ဴလန္လိုပီတီဂူတို႔ျဖစ္ပါတယ္။

ဘလင့္ဟာမန္ယူတြင္ကစားသမားအျဖစ္ႏွစ္ရာသီၾကာကစားခဲ့သူျဖစ္ၿပီး၂၀၀၃ခုႏွစ္တုန္းကမန္ယူႏွင့္အတူပရီးမီးယားလိဂ္ဖလားရယူကာအိုးထရက္ဖို႔ဒ္တြင္ပင္ကစားသမားဘဝမွအနားယူခဲ့သူျဖစ္ပါတယ္။

အသက္၅၆ႏွစ္ရွိနည္းျပဟာကာတာကလပ္အယ္လ္ေရယန္ကိုကိုင္တြယ္ေနပါတယ္။သူဟာေဘာ္ဒိုး၊ပီအက္စ္ဂ်ီႏွင့္ျပင္သစ္အသင္းတို႔ကိုကိုင္တြယ္ဖူးကာကလပ္မွာသာမကႏိုင္ငံတကာအေတြ႕အႀကဳံလည္းရွိသူျဖစ္ပါတယ္။

၁၉၉၈ကမာၻ႔ဖလားဆုရွင္ဟာျပင္သစ္စူပါဖလား၅ႀကိမ္၊လီဂူး၁ဖလား၄ႀကိမ္၊ျပင္သစ္လိဂ္ဖလား၄ႀကိမ္ႏွင့္ျပင္သစ္ဖလား၂ႀကိမ္ဆြတ္ခူးထားသူျဖစ္ပါတယ္။

လိုပီတီဂူမွာလည္းဆီဗီလာကိုကိုင္တြယ္ေနသူျဖစ္ၿပီး၂၀၂၀ခုႏွစ္တုန္းကဆီဗီလာကိုယူ႐ိုပါလိဂ္ဖလားရရွိေအာင္ဦးေဆာင္ေပးခဲ့သူျဖစ္ပါတယ္။အသက္၅၅ႏွစ္ရွိစပိန္လူမ်ိဳးနည္းျပဟာေပၚတို၊ရီးရဲလ္မက္ဒရစ္၊ဗယ္လီကာႏိုႏွင့္စပိန္အသင္းတို႔ကိုင္တြယ္ဖူးပါတယ္။

COLOGNE, GERMANY – AUGUST 16: Ole Gunnar Solskjaer, Manager of Manchester United and Julen Lopetegui, Head Coach of Sevilla FC shake hands prior to the UEFA Europa League Semi Final between Sevilla and Manchester United at RheinEnergieStadion on August 16, 2020 in Cologne, Germany. (Photo by UEFA – Handout/UEFA)

လက္ရွိအခ်ိန္တြင္မန္ယူဟာယာယီနည္းျပအျဖစ္ဆိုးလ္ရွားရဲ႕လက္ေထာက္နည္းျပမိုက္ကယ္ကာရစ္ကိုခန႔္အပ္ထားၿပီးအဂၤါေန႔ဗီလာရီးရဲလ္ႏွင့္ခ်န္ပီယံလိဂ္အေဝးကြင္းကိုႀကီးၾကပ္သြားပါမယ္။

မန္ယူဟာရာသီအကုန္အထိကိုင္တြယ္မယ့္ယာယီနည္းျပကိုသာရွာေဖြေနတာျဖစ္ပါတယ္။မန္ယူဟာယာယီနည္းျပလက္ထက္တိုးတက္မႈအေျခအေနကိုၾကည့္ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားမွာလည္းျဖစ္ပါတယ္။