လစ်လပ်နေတဲ့ အဲဗာတန်နည်းပြရာထူးအတွက် Ballon ‘dOr ဆုရှင်ဟောင်း အင်တာဗျူး

ကမ္ဘာ့ဖလားနှင့် Ballon d’Or ဆုရှင်ဟောင်းဖေဘီယိုကန်နဗာရိုးဟာလစ်လပ်နေတဲ့အဲဗာတန်နည်းပြရာထူးအတွက်အင်တာဗျူးပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အဲဗာတန်ဟာစနေနေ့တုန်းကနော့ဝှစ်ချ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တနင်္ဂနွေနေ့နံနက်ပိုင်းတွင် အသင်းကိုခြောက်လခွဲကြာကိုင်တွယ်လာခဲ့တဲ့ ရာဖေးလ်ဘင်နီတက်ဇ်အားရာထူးမှထုတ်ပယ်ခဲ့ပါတယ်။

အဲဗာတန်ဟာစပိန်လူမျိုးနည်းပြကိုရာထူးမှထုတ်ပယ်ပြီးနောက်ပိုင်းတွင် နည်းပြသစ်ခန့်အပ်ထားနိုင်ရေးအတွက်အစွမ်းကုန်ကြိုးပမ်းနေခဲ့ပါတယ်။

အဲဗာတန်နည်းပြရာထူးအတွက်လျာထားစာရင်းထွက်ပေါ်လာပြီး ဝိန်းရွန်းနီ၊ဂရေဟမ်ပေါ်တာ၊ရူဒီဂါစီယာ၊ဖရန့်လမ်းပတ်၊ဒန်ကန်ဖာဂူဆန်နှင့်ရောဘတ်တိုမာတီနက်ဇ်တို့ပါဝင်ခဲ့ပါတယ်။

ယခုအခါအင်တာဗျူးနည်းပြရာထူးအတွက်လျာထားစာရင်းတွင်အီတလီဂန္ထဝင်နောက်ခံလူကန်နဗာရိုးလည်းပါဝင်လာပြီဖြစ်ပါတယ်။

အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်နှင့်ဂျူဗင်တပ်နောက်ခံလူဟောင်းဟာပြီးခဲ့တဲ့ဇွန်လတုန်းကလေးနှစ်ကြာကိုင်တွယ်လာခဲ့တဲ့တရုတ်စူပါလိဂ်ကလပ်ကွန်ကျိုးအဲဗားဂရန်ဒီမှာထွက်ခွာလာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာကိုဗစ်ကြောင့်မိသားစုဝင်များနှင့်တွေ့ဆုံရန်ခက်ခဲလာမှုနဲ့အတူ ရာထူးမှနုတ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

လစ္လပ္ေနတဲ့ အဲဗာတန္နည္းျပရာထူးအတြက္ Ballon ‘dOr ဆုရွင္ေဟာင္း အင္တာဗ်ဴး

ကမာၻ႔ဖလားႏွင့္ Ballon d’Or ဆုရွင္ေဟာင္းေဖဘီယိုကန္နဗာ႐ိုးဟာလစ္လပ္ေနတဲ့အဲဗာတန္နည္းျပရာထူးအတြက္အင္တာဗ်ဴးျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

အဲဗာတန္ဟာစေနေန႔တုန္းကေနာ့ဝွစ္ခ်္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္တနဂၤေႏြေန႔နံနက္ပိုင္းတြင္ အသင္းကိုေျခာက္လခြဲၾကာကိုင္တြယ္လာခဲ့တဲ့ ရာေဖးလ္ဘင္နီတက္ဇ္အားရာထူးမွထုတ္ပယ္ခဲ့ပါတယ္။

အဲဗာတန္ဟာစပိန္လူမ်ိဳးနည္းျပကိုရာထူးမွထုတ္ပယ္ၿပီးေနာက္ပိုင္းတြင္ နည္းျပသစ္ခန႔္အပ္ထားႏိုင္ေရးအတြက္အစြမ္းကုန္ႀကိဳးပမ္းေနခဲ့ပါတယ္။

အဲဗာတန္နည္းျပရာထူးအတြက္လ်ာထားစာရင္းထြက္ေပၚလာၿပီး ဝိန္း႐ြန္းနီ၊ဂေရဟမ္ေပၚတာ၊႐ူဒီဂါစီယာ၊ဖရန႔္လမ္းပတ္၊ဒန္ကန္ဖာဂူဆန္ႏွင့္ေရာဘတ္တိုမာတီနက္ဇ္တို႔ပါဝင္ခဲ့ပါတယ္။

ယခုအခါအင္တာဗ်ဴးနည္းျပရာထူးအတြက္လ်ာထားစာရင္းတြင္အီတလီဂႏၴဝင္ေနာက္ခံလူကန္နဗာ႐ိုးလည္းပါဝင္လာၿပီျဖစ္ပါတယ္။

အင္တာမီလန္၊ရီးရဲလ္မက္ဒရစ္ႏွင့္ဂ်ဴဗင္တပ္ေနာက္ခံလူေဟာင္းဟာၿပီးခဲ့တဲ့ဇြန္လတုန္းကေလးႏွစ္ၾကာကိုင္တြယ္လာခဲ့တဲ့တ႐ုတ္စူပါလိဂ္ကလပ္ကြန္က်ိဳးအဲဗားဂရန္ဒီမွာထြက္ခြာလာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာကိုဗစ္ေၾကာင့္မိသားစုဝင္မ်ားႏွင့္ေတြ႕ဆုံရန္ခက္ခဲလာမႈနဲ႔အတူ ရာထူးမွႏုတ္ထြက္ခဲ့တာလည္းျဖစ္ပါတယ္။