
ကနေဒါလက်ရွေးစင်ဟောင်းပေါလ်ဂျိမ်းစ်ဟာလက်ရှိအချိန်တွင်လန်ဒန်တွင်အိမ်ခြေယာမဲ့အဖြစ်ဘဝရှင်သန်နေရပါတယ်။
အသက်၅၉နှစ်ရှိကာဒစ်ဖ်ဖွားဟာဂါရတ်ဘေးလ်တက်ခဲ့တဲ့ကျောင်းတွင်ပင်တက်ခဲ့သူဖြစ်ပြီးကနေဒါအတွက်၄၇ပွဲကစားခဲ့သူလည်းဖြစ်ပါတယ်။
သူဟာပြင်သစ်ဂန္ထဝင်မီချယ်ပလာတီနီအပါအဝင်အကောင်းဆုံးကစားသမားအချို့တို့နဲ့ရင်ဆိုင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။
ကနေဒါဟာ၁၉၈၆ကမ္ဘာ့ဖလားပွဲတွင်အုပ်စုပွဲသုံးပွဲဖြစ်တဲ့ပြင်သစ်၊အမေရိကန်၊ဟန်ဂေရီတို့ကိုရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမဲ့၎င်းတို့ဟာပြင်သစ်နှင့်ပွဲမှာ၁-၀ဂိုးဖြင့်ကပ်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။
သူဟာကနေဒါနဲ့အတူ ၁၉၈၆မက္ကဆီကိုကမ္ဘာ့ဖလားပြိုင်ပွဲကစားခဲ့တဲ့အပြင်အိုလံပစ်ပြိုင်ပွဲတစ်ကြိမ်ကစားခဲ့ပေမဲ့လည်းယခုအခါမှာတော့လန်ဒန်တွင်အိမ်ခြေယာမဲ့အဖြစ်ရှင်သန်နေရပါတယ်။
သူဟာ၁၃နှစ်တိုင်တိုင်အလုပ်လက်မဲ့ဖြစ်နေတဲ့အပြင်ကိုယ်ပိုင်အိမ်မရှိလာခဲ့တာခြောက်နှစ်တိုင်တိုင်ရှိပြီလည်းဖြစ်ပါတယ်။
ဂျိမ်းစ်ဟာကိုဗစ်မတိုင်မီတုန်းကကနေဒါမှာနေထိုင်ခဲ့ပေမဲ့လည်းသူကိုယ်စားပြုကစားတဲ့နိုင်ငံရဲ့ဆက်ဆံမှုအပေါ်ဒေါသထွက်ကာဗြိတိန်သို့ပြန်ခဲ့ပါတယ်။
သူဟာ၂၀၀၉ခုနှစ်တွင်တိုရန်တိုရှိယော့ခ်တက္ကသိုလ်တွင်နည်းပြချုပ်အဖြစ်ထွက်ခွာခဲ့ရပြီးနောက် အလုပ်လက်မဲ့ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။
ဂျိမ်းစ်ဟာဗြိတိန်သို့ပြန်လည်ရောက်ရှိပြီးတဲ့နောက်ကစားဖော်ဟောင်း၊သူငယ်ချင်းများထံသို့လှည့်လည်ကာအကူအညီရယူနေပါတယ်။သူ့ကိုကစားဖော်ဟောင်းအချို့တို့ကလည်းကူညီနေကြပါတယ်။
ZawGyi
လန္ဒန္တြင္ အိမ္ေျခယာမဲ့အျဖစ္ ႐ုန္းကန္ေနရတဲ့ ၁၉၈၆ ကမာၻ႔ဖလားသူရဲေကာင္းး
ကေနဒါလက္ေ႐ြးစင္ေဟာင္းေပါလ္ဂ်ိမ္းစ္ဟာလက္ရွိအခ်ိန္တြင္လန္ဒန္တြင္အိမ္ေျခယာမဲ့အျဖစ္ဘဝရွင္သန္ေနရပါတယ္။
အသက္၅၉ႏွစ္ရွိကာဒစ္ဖ္ဖြားဟာဂါရတ္ေဘးလ္တက္ခဲ့တဲ့ေက်ာင္းတြင္ပင္တက္ခဲ့သူျဖစ္ၿပီးကေနဒါအတြက္၄၇ပြဲကစားခဲ့သူလည္းျဖစ္ပါတယ္။
သူဟာျပင္သစ္ဂႏၴဝင္မီခ်ယ္ပလာတီနီအပါအဝင္အေကာင္းဆုံးကစားသမားအခ်ိဳ႕တို႔နဲ႔ရင္ဆိုင္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။
ကေနဒါဟာ၁၉၈၆ကမာၻ႔ဖလားပြဲတြင္အုပ္စုပြဲသုံးပြဲျဖစ္တဲ့ျပင္သစ္၊အေမရိကန္၊ဟန္ေဂရီတို႔ကိုရႈံးနိမ့္ခဲ့ပါတယ္။ဒါေပမဲ့၎တို႔ဟာျပင္သစ္ႏွင့္ပြဲမွာ၁-၀ဂိုးျဖင့္ကပ္ရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။
သူဟာကေနဒါနဲ႔အတူ ၁၉၈၆မကၠဆီကိုကမာၻ႔ဖလားၿပိဳင္ပြဲကစားခဲ့တဲ့အျပင္အိုလံပစ္ၿပိဳင္ပြဲတစ္ႀကိမ္ကစားခဲ့ေပမဲ့လည္းယခုအခါမွာေတာ့လန္ဒန္တြင္အိမ္ေျခယာမဲ့အျဖစ္ရွင္သန္ေနရပါတယ္။
သူဟာ၁၃ႏွစ္တိုင္တိုင္အလုပ္လက္မဲ့ျဖစ္ေနတဲ့အျပင္ကိုယ္ပိုင္အိမ္မရွိလာခဲ့တာေျခာက္ႏွစ္တိုင္တိုင္ရွိၿပီလည္းျဖစ္ပါတယ္။
ဂ်ိမ္းစ္ဟာကိုဗစ္မတိုင္မီတုန္းကကေနဒါမွာေနထိုင္ခဲ့ေပမဲ့လည္းသူကိုယ္စားျပဳကစားတဲ့ႏိုင္ငံရဲ႕ဆက္ဆံမႈအေပၚေဒါသထြက္ကာၿဗိတိန္သို႔ျပန္ခဲ့ပါတယ္။
သူဟာ၂၀၀၉ခုႏွစ္တြင္တိုရန္တိုရွိေယာ့ခ္တကၠသိုလ္တြင္နည္းျပခ်ဳပ္အျဖစ္ထြက္ခြာခဲ့ရၿပီးေနာက္ အလုပ္လက္မဲ့ျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။
ဂ်ိမ္းစ္ဟာၿဗိတိန္သို႔ျပန္လည္ေရာက္ရွိၿပီးတဲ့ေနာက္ကစားေဖာ္ေဟာင္း၊သူငယ္ခ်င္းမ်ားထံသို႔လွည့္လည္ကာအကူအညီရယူေနပါတယ္။သူ႔ကိုကစားေဖာ္ေဟာင္းအခ်ိဳ႕တို႔ကလည္းကူညီေနၾကပါတယ္။