လန်ဒန်ဒါဘီပွဲတွင် စပါးစ်နှင့်ဝက်စ်ဟမ်းပရိသတ်များ ရုပ်ဆိုးအကျည်းတန်စွာ ရန်ဖြစ်ခဲ့ကြ

မနေ့ညတုန်းကလန်ဒန်ကွင်းတွင်ကစားတဲ့လန်ဒန်ဒါဘီပွဲစဉ်တွင်စပါးစ်ပရိသတ်တစ်ဦးကသံအတားအဆီးတစ်ခုကိုကျော်ဖြတ်ဝင်ခဲ့ရာမှာစပါးစ်ပရိသတ်များနှင့်ဝက်စ်ဟမ်းပရိသတ်များအကြားရုပ်ဆိုးအကျည်းတန်စွာခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရပရိသတ်တစ်ဦးဟာလမ်းလျှောက်တုတ်တစ်ချောင်းကိုလေမှာဝှေ့နေခဲ့တာတွေ့ရပြီးပြိုင်ဘက်ပရိသတ်များကိုရိုက်ခဲ့တာတွေ့ရပါတယ်။

ကွင်းလုံခြုံရေးတို့ရှိနေပေမယ့်လည်းအလွန်နည်းပါးကာနှစ်ဖက်ပရိသတ်များ အကြီးအကျယ်ဒေါသတကြီးတိုးဝင်နေမှုကြောင်းတားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။နှစ်ဖက်ပရိသတ်များဟာကြားမှအတားအဆီးကိုကန်ကျောက်နေခဲ့ကြပြီးပွင့်ထွက်သွားပြီးနောက်အပြန်အလှန်ထိုးကြိတ်ခြင်း၊ကန်ချက်ခြင်း၊ဘီယာခွက်ဖြင့်ပစ်ပေါက်ခဲ့ကြပါတယ်။

နောက်ဆုံးတွင်လုံခြုံရေးများထပ်မံရောက်ရှိလာကာနှစ်ဖက်ပရိသတ်များကို ဖြေဖျန်မှုပြုလုပ်နိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းနှင့်စပါးစ်တို့ပွဲစဉ်တွင်ဝက်စ်ဟမ်းဟာပွဲချိန်မိနစ်၇၂မိနစ်မှာအန်တိုနီယိုသွင်းယူတဲ့ဂိုးဖြင့်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

လန္ဒန္ဒါဘီပြဲတြင္ စပါးစ္ႏွင့္ဝက္စ္ဟမ္းပရိသတ္မ်ား ႐ုပ္ဆိုးအက်ည္းတန္စြာ ရန္ျဖစ္ခဲ့ၾက

မေန႔ညတုန္းကလန္ဒန္ကြင္းတြင္ကစားတဲ့လန္ဒန္ဒါဘီပြဲစဥ္တြင္စပါးစ္ပရိသတ္တစ္ဦးကသံအတားအဆီးတစ္ခုကိုေက်ာ္ျဖတ္ဝင္ခဲ့ရာမွာစပါးစ္ပရိသတ္မ်ားႏွင့္ဝက္စ္ဟမ္းပရိသတ္မ်ားအၾကား႐ုပ္ဆိုးအက်ည္းတန္စြာခိုက္ရန္ျဖစ္ပြားခဲ့ၾကပါတယ္။

အြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္အရပရိသတ္တစ္ဦးဟာလမ္းေလွ်ာက္တုတ္တစ္ေခ်ာင္းကိုေလမွာေဝွ႔ေနခဲ့တာေတြ႕ရၿပီးၿပိဳင္ဘက္ပရိသတ္မ်ားကို႐ိုက္ခဲ့တာေတြ႕ရပါတယ္။

ကြင္းလုံၿခဳံေရးတို႔ရွိေနေပမယ့္လည္းအလြန္နည္းပါးကာႏွစ္ဖက္ပရိသတ္မ်ား အႀကီးအက်ယ္ေဒါသတႀကီးတိုးဝင္ေနမႈေၾကာင္းတားဆီးႏိုင္ခဲ့ျခင္းမရွိပါဘူး။ႏွစ္ဖက္ပရိသတ္မ်ားဟာၾကားမွအတားအဆီးကိုကန္ေက်ာက္ေနခဲ့ၾကၿပီးပြင့္ထြက္သြားၿပီးေနာက္အျပန္အလွန္ထိုးႀကိတ္ျခင္း၊ကန္ခ်က္ျခင္း၊ဘီယာခြက္ျဖင့္ပစ္ေပါက္ခဲ့ၾကပါတယ္။

ေနာက္ဆုံးတြင္လုံၿခဳံေရးမ်ားထပ္မံေရာက္ရွိလာကာႏွစ္ဖက္ပရိသတ္မ်ားကို ေျဖဖ်န္မႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဝက္စ္ဟမ္းႏွင့္စပါးစ္တို႔ပြဲစဥ္တြင္ဝက္စ္ဟမ္းဟာပြဲခ်ိန္မိနစ္၇၂မိနစ္မွာအန္တိုနီယိုသြင္းယူတဲ့ဂိုးျဖင့္၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။