လန်ဒန်ဒါဘီပွဲတွင် ညွန်ကြားချက်အတိုင်း မကစားလို့ ရှုံးနိမ့်တာလို့ စပါးစ်စတားများကို နူနိုအပြစ်ဖို့

ဒေါသအကြီးအကျယ်ထွက်နေတဲ့နူနိုအက်စ်ပီရီတိုဆန်တိုဟာမြောက်လန်ဒန်ဒါဘီပွဲတွင်ရှုံးနိမ့်ပြီးနောက်သူညွှန်ကြားတဲ့အတိုင်းမကစားတဲ့စပါးစ်စတားများကိုအပြင်းအထန်အပြစ်တင်သွားခဲ့ပါတယ်။

အာဆင်နယ်ဟာပွဲချိန်၃၄မိနစ်အတွင်းမှာဘဲအီမီလီစမစ်ရိုဝီ၊အော်ဘာမီယန်၊ဆာကာတို့သွင်းယူတဲ့ဂိုးများဖြင့်စပါးစ်ကို၃-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။စပါးစ်အတွက်နှစ်သိမ့်ဂိုးကိုပွဲချိန်၇၉မိနစ်မှာဆန်ဟောင်မင်းကသွင်းယူခဲ့ပါတယ်။

နူနိုက “ခြေစွမ်းမကောင်းပါဘူး။ပွဲအတွက်စီစဉ်တာလည်းမကောင်းခဲ့ဘူး။ဆုံးဖြတ်ချက်တွေကလည်းမကောင်းဘူး။ကျွန်တော်တို့အတွက်နေ့ကောင်းတစ်နေ့မဟုတ်ပါဘူး။ကစားသမားတွေကကျွန်တော်ပြောသလိုမကစားဘူး။ပွဲတစ်ပွဲအတွက်စီမံတဲ့အခါပွဲအစီအစဉ်ပိုပြီးတော့ကောင်းမွန်လာဖို့အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချရပါတယ်။ကျွန်တော်ပြောသလိုမကစားတဲ့သူတွေကိုအမည်တပ်မပြောလိုပါဘူး။ဒါပေမယ့်ပွဲအတွက်စီစဉ်ထားတာတွေဟာကွင်းထဲမှာရှိတဲ့ကစားသမားတွေကြောင့်မမှန်ကန်ခဲ့ပါဘူး။အလယ်တန်းကိုထိန်းချုပ်ဖို့အတင်းဝင်အတင်းထွက်မလုပ်ခဲ့ဘူး။တိုက်စစ်ဆင်လိုတဲ့အခါအာဆင်နယ်ကိုအခွင့်အရေးတွေပေးခဲ့တယ်။ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေပါ”လို့ပြောကြားသွားပါတယ်။

စပါးစ်ဟာအာဆင်နယ်ကိုရှုံးနိမ့်မှုနဲ့အတူပရီးမီးယားလိဂ်တွင်သုံးပွဲဆက်အရှုံးနှင့်ရင်ဆိုင်ခဲ့ရပါတယ်။၎င်းတို့ဟာအာဆင်နယ်မတိုင်မီခရစ္စတယ်ပဲလေ့စ်၊ချဲလ်ဆီးတို့နှင့်လန်ဒန်ဒါဘီပွဲတို့တွင်လည်းဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။ဒါကြောင့်၎င်းတို့ဟာလန်ဒန်ဒါဘီပွဲသုံးပွဲဆက်အရှုံးနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

ZawGyi

လန္ဒန္ဒါဘီပြဲတြင္ ၫြန္ၾကားခ်က္အတိုင္း မကစားလို႔ ရႈံးနိမ့္တာလို႔ စပါးစ္စတားမ်ားကို ႏူႏိုအျပစ္ဖို႔

ေဒါသအႀကီးအက်ယ္ထြက္ေနတဲ့ႏူႏိုအက္စ္ပီရီတိုဆန္တိုဟာေျမာက္လန္ဒန္ဒါဘီပြဲတြင္ရႈံးနိမ့္ၿပီးေနာက္သူၫႊန္ၾကားတဲ့အတိုင္းမကစားတဲ့စပါးစ္စတားမ်ားကိုအျပင္းအထန္အျပစ္တင္သြားခဲ့ပါတယ္။

အာဆင္နယ္ဟာပြဲခ်ိန္၃၄မိနစ္အတြင္းမွာဘဲအီမီလီစမစ္႐ိုဝီ၊ေအာ္ဘာမီယန္၊ဆာကာတို႔သြင္းယူတဲ့ဂိုးမ်ားျဖင့္စပါးစ္ကို၃-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။စပါးစ္အတြက္ႏွစ္သိမ့္ဂိုးကိုပြဲခ်ိန္၇၉မိနစ္မွာဆန္ေဟာင္မင္းကသြင္းယူခဲ့ပါတယ္။

ႏူႏိုက “ေျခစြမ္းမေကာင္းပါဘူး။ပြဲအတြက္စီစဥ္တာလည္းမေကာင္းခဲ့ဘူး။ဆုံးျဖတ္ခ်က္ေတြကလည္းမေကာင္းဘူး။ကြၽန္ေတာ္တို႔အတြက္ေန႔ေကာင္းတစ္ေန႔မဟုတ္ပါဘူး။ကစားသမားေတြကကြၽန္ေတာ္ေျပာသလိုမကစားဘူး။ပြဲတစ္ပြဲအတြက္စီမံတဲ့အခါပြဲအစီအစဥ္ပိုၿပီးေတာ့ေကာင္းမြန္လာဖို႔အတြက္မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြခ်ရပါတယ္။ကြၽန္ေတာ္ေျပာသလိုမကစားတဲ့သူေတြကိုအမည္တပ္မေျပာလိုပါဘူး။ဒါေပမယ့္ပြဲအတြက္စီစဥ္ထားတာေတြဟာကြင္းထဲမွာရွိတဲ့ကစားသမားေတြေၾကာင့္မမွန္ကန္ခဲ့ပါဘူး။အလယ္တန္းကိုထိန္းခ်ဳပ္ဖို႔အတင္းဝင္အတင္းထြက္မလုပ္ခဲ့ဘူး။တိုက္စစ္ဆင္လိုတဲ့အခါအာဆင္နယ္ကိုအခြင့္အေရးေတြေပးခဲ့တယ္။ဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္ေတြပါ”လို႔ေျပာၾကားသြားပါတယ္။

စပါးစ္ဟာအာဆင္နယ္ကိုရႈံးနိမ့္မႈနဲ႔အတူပရီးမီးယားလိဂ္တြင္သုံးပြဲဆက္အရႈံးႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။၎တို႔ဟာအာဆင္နယ္မတိုင္မီခရစၥတယ္ပဲေလ့စ္၊ခ်ဲလ္ဆီးတို႔ႏွင့္လန္ဒန္ဒါဘီပြဲတို႔တြင္လည္းဆက္တိုက္ရႈံးနိမ့္ခဲ့ပါတယ္။ဒါေၾကာင့္၎တို႔ဟာလန္ဒန္ဒါဘီပြဲသုံးပြဲဆက္အရႈံးႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။