လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးမှ ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုကို ပေါင် ၁၂ သန်းဖြင့် အာဆင်နယ်ခေါ်ယူ

မီခေးလ်အာတီတာဟာချဲလ်ဆီးဝါရင့်ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုအားပေါင်၁၂သန်းဖြင့်ခေါ်ယူကာကွင်းလယ်ကိုအားဖြည့်လိုက်နိုင်ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့အာဆင်နယ်ဟာဘရိုက်တန်မှမွိုက်စ်ကိုင်စီဒိုကိုခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးတဲ့နောက် အသက်၃၁နှစ်ရှိအီတလီလက်ရွေးစင်ဂျော်ဂျင်ဟိုကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။

အာဆင်နယ်ဟာအီကွေဒေါလက်ရွေးစင်ကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၇၅သန်းအထိပေးပြီးကမ်းလှမ်းခဲ့ပေမဲ့လည်းဘရိုက်တန်ဘက်မှ မည်သည့်ဈေးနှုန်းနှင့်မျှမရောင်းတာကြောင့်လက်လျှော့ခဲ့ရပါတယ်။

အာဆင်နယ်ဟာမိုဟာမက်အယ်နီနီမှာရာသီအကုန်အထိအနားယူရမဲ့အပြင် သောမတ်စ်ပါတေးမှာလည်းကြံ့ခိုင်မှုပိုင်းရုန်းကန်နေရမှုကြောင့်ကွင်းလယ်ကိုမဖြစ်မနေအားဖြည့်ရန်လိုအပ်နေခဲ့ပါတယ်။

ယခုအခါဂျော်ဂျင်ဟိုဟာအာဆင်နယ်သို့၁၈လသက်တမ်းစာချုပ်ဖြင့်ပြောင်းရွှေ့လာပြီဖြစ်ပါတယ်။ဂျော်ဂျင်ဟိုရဲ့စာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးနိုင်တဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဂျော်ဂျင်ဟိုက “ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်မှာမီခေးလ်အာတီတာကအဓိကနေရာကပါဝင်ပါတယ်။သူဟာအရင်ကတည်းကကျွန်တော့်ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့တဲ့သူဖြစ်ပါတယ်။ဖြစ်ပျက်သွားတာတွေအရမ်းမြန်တယ်။ကျွန်တော်လည်းအံ့ဩရတယ်။ဒါပေမဲ့ဒီအံ့ဩစရာကောင်းတဲ့စိန်ခေါ်မှုအခွင့်အရေးကိုကျွန်တော်ရယူခဲ့ပါတယ်။ဒီအင်္ကျီကဂုဏ်သိက္ခာရှိတဲ့အင်္ကျီပါ။ဒီကလပ်ကအံ့ဩစရာကောင်းသလိုကလပ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။အရမ်းစိတ်လှုပ်ရှားရတယ်။ဒီကိုရောက်လာခွင့်ရလို့ဝမ်းသာတယ်”လို့ပြောကြားသွားပါတယ်။

ဘရာဇီးဖွားအီတလီလက်ရွေးစင်ဟာနာပိုလီမှပေါင်သန်း၅၀ဖြင့်ပြောင်းလာပြီးနောက်ချဲလ်ဆီးတွင်ငါးရာသီကစားခဲ့သူဖြစ်ပါတယ်။သူဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချန်ပီယံလိဂ်၊ယူရိုပါလိဂ်တို့ရယူနိုင်ခဲ့ပါတယ်။

သူဟာယူရို၂၀၂၀ဗိုလ်လုပွဲတုန်းကဝင်ဘာလေကွင်းတွင်အင်္ဂလန်ကိုအနိုင်ယူကာချန်ပီယံဖြစ်ခဲ့တဲ့အီတလီအသင်းတွင်လည်းအရေးပါခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်နည်းပြမီခေးလ်အာတီတာကတော့က ဂျော်ဂျင်ဟိုရဲ့အတွေ့အကြုံနှင့်သွေးအေးအေးဖြင့်ကစားနိုင်မှုကြောင့် အတွေ့အကြုံနုနယ်တဲ့အာဆင်နယ်အသင်းအတွက်ချန်ပီယံဆုအတွက်ယှဉ်ပြိုင်ရာမှာများစွာအထောက်အကူဖြစ်လာမယ်လို့ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာဂျော်ဂျင်ဟိုကိုခေါ်ယူပြီးကွင်းလယ်ကစားသမားအယ်ဘတ်ဆမ်ဘီလိုကွန်ဂါကိုခရစ္စတယ်ပဲလေ့စ်သို့ရာသီအကုန်အထိအငှားချခဲ့ပါတယ်။

ZawGyi

လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးမွ ကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုကို ေပါင္ ၁၂ သန္းျဖင့္ အာဆင္နယ္ေခၚယူ

မီေခးလ္အာတီတာဟာခ်ဲလ္ဆီးဝါရင့္ကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုအားေပါင္၁၂သန္းျဖင့္ေခၚယူကာကြင္းလယ္ကိုအားျဖည့္လိုက္ႏိုင္ၿပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့အာဆင္နယ္ဟာဘ႐ိုက္တန္မွမြိဳက္စ္ကိုင္စီဒိုကိုေခၚယူရန္ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့ၿပီးတဲ့ေနာက္ အသက္၃၁ႏွစ္ရွိအီတလီလက္ေ႐ြးစင္ေဂ်ာ္ဂ်င္ဟိုကိုေခၚယူလိုက္တာျဖစ္ပါတယ္။

အာဆင္နယ္ဟာအီေကြေဒါလက္ေ႐ြးစင္ကိုကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၇၅သန္းအထိေပးၿပီးကမ္းလွမ္းခဲ့ေပမဲ့လည္းဘ႐ိုက္တန္ဘက္မွ မည္သည့္ေဈးႏႈန္းႏွင့္မွ်မေရာင္းတာေၾကာင့္လက္ေလွ်ာ့ခဲ့ရပါတယ္။

အာဆင္နယ္ဟာမိုဟာမက္အယ္နီနီမွာရာသီအကုန္အထိအနားယူရမဲ့အျပင္ ေသာမတ္စ္ပါေတးမွာလည္းႀကံ့ခိုင္မႈပိုင္း႐ုန္းကန္ေနရမႈေၾကာင့္ကြင္းလယ္ကိုမျဖစ္မေနအားျဖည့္ရန္လိုအပ္ေနခဲ့ပါတယ္။

ယခုအခါေဂ်ာ္ဂ်င္ဟိုဟာအာဆင္နယ္သို႔၁၈လသက္တမ္းစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕လာၿပီျဖစ္ပါတယ္။ေဂ်ာ္ဂ်င္ဟိုရဲ႕စာခ်ဳပ္အတြင္းတြင္၁၂လသက္တမ္းတိုးႏိုင္တဲ့အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ေဂ်ာ္ဂ်င္ဟိုက “ကြၽန္ေတာ့္ရဲ႕ဆုံးျဖတ္ခ်က္မွာမီေခးလ္အာတီတာကအဓိကေနရာကပါဝင္ပါတယ္။သူဟာအရင္ကတည္းကကြၽန္ေတာ့္ကိုေခၚယူဖို႔ႀကိဳးပမ္းခဲ့တဲ့သူျဖစ္ပါတယ္။ျဖစ္ပ်က္သြားတာေတြအရမ္းျမန္တယ္။ကြၽန္ေတာ္လည္းအံ့ဩရတယ္။ဒါေပမဲ့ဒီအံ့ဩစရာေကာင္းတဲ့စိန္ေခၚမႈအခြင့္အေရးကိုကြၽန္ေတာ္ရယူခဲ့ပါတယ္။ဒီအက်ႌကဂုဏ္သိကၡာရွိတဲ့အက်ႌပါ။ဒီကလပ္ကအံ့ဩစရာေကာင္းသလိုကလပ္ႀကီးတစ္ခုလည္းျဖစ္ပါတယ္။အရမ္းစိတ္လႈပ္ရွားရတယ္။ဒီကိုေရာက္လာခြင့္ရလို႔ဝမ္းသာတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘရာဇီးဖြားအီတလီလက္ေ႐ြးစင္ဟာနာပိုလီမွေပါင္သန္း၅၀ျဖင့္ေျပာင္းလာၿပီးေနာက္ခ်ဲလ္ဆီးတြင္ငါးရာသီကစားခဲ့သူျဖစ္ပါတယ္။သူဟာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ခ်န္ပီယံလိဂ္၊ယူ႐ိုပါလိဂ္တို႔ရယူႏိုင္ခဲ့ပါတယ္။

သူဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲတုန္းကဝင္ဘာေလကြင္းတြင္အဂၤလန္ကိုအႏိုင္ယူကာခ်န္ပီယံျဖစ္ခဲ့တဲ့အီတလီအသင္းတြင္လည္းအေရးပါခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္နည္းျပမီေခးလ္အာတီတာကေတာ့က ေဂ်ာ္ဂ်င္ဟိုရဲ႕အေတြ႕အႀကဳံႏွင့္ေသြးေအးေအးျဖင့္ကစားႏိုင္မႈေၾကာင့္ အေတြ႕အႀကဳံႏုနယ္တဲ့အာဆင္နယ္အသင္းအတြက္ခ်န္ပီယံဆုအတြက္ယွဥ္ၿပိဳင္ရာမွာမ်ားစြာအေထာက္အကူျဖစ္လာမယ္လို႔ယုံၾကည္ေနပါတယ္။

အာဆင္နယ္ဟာေဂ်ာ္ဂ်င္ဟိုကိုေခၚယူၿပီးကြင္းလယ္ကစားသမားအယ္ဘတ္ဆမ္ဘီလိုကြန္ဂါကိုခရစၥတယ္ပဲေလ့စ္သို႔ရာသီအကုန္အထိအငွားခ်ခဲ့ပါတယ္။