လန်ဒန်ရှိ ရိုမန်အေဘရာမိုဗစ်ရဲ့ပေါင်သန်း ၁၅၀ တန်နေအိမ်ကို ယူကရိန်းဒုက္ခသည်များအတွက် အသုံးပြုဖွယ်ရှိ

ရိုမန်အေဘရာမိုဗစ်ရဲ့ပေါင်သန်း၁၅၀တန်ကင်ဆင်တန်နေအိမ်ကိုယူကရိန်းဒုက္ခသည်များအတွက်အသုံးပြုလာဖို့ရှိနေပါတယ်။

ဗြိတိန်အာဏာပိုင်များဟာရုရှားကျူးကျော်စစ်ကြောင့်နေအိမ်စွန့်ခွာလာခဲ့တဲ့ အိုးမဲ့အိမ်မဲ့ယူကရိန်းစစ်ဒုက္ခသည်များအတွက်နေထိုင်ရေးအဆင်ပြေရန် ယင်းသို့စိတ်ကူးနေကြတာလည်းဖြစ်ပါတယ်။

အသက်၅၅နှစ်ရှိရိုမန်အေဘရာမိုဗစ်ဟာအိမ်ခန်း၁၅ခန်းအထိပါဝင်တဲ့ Kensington Palace Gardens ကို ပေါင်သန်း၁၅၀ဖြင့်အရောင်းစာရင်းတင်ခဲ့ပါတယ်။

ယင်းနေအိမ်ကိုယခင်တုန်းကရုရှားသံရုံးအဖြစ်လည်းအသုံးပြုခဲ့ဖူးပါတယ်။

ရိုမန်အေဘရာမိုဗစ်တွင်ဗြိတိန်တွင်နေအိမ်များစွာပိုင်ဆိုင်ပြီး အခန်း၃၇ခန်းပါ Chelsea Waterfront ရှိအဆောက်အဦးလည်းရှိပြီးပေါင်သန်း၃၀တန်ပါတယ်။ယင်းတိုက်မှာအစိုးရကသိမ်းဆည်းထားပြီးဖြစ်ပါတယ်။

ဒါ့အပြင်Eaton Square ရှိအခန်းခြောက်ခန်းပါ ပေါင်၂၈သန်းတန်အိမ်မှာလည်းအသိမ်းခံထားရပါတယ်။

ဗြိတိန်နှင့်အီးယူတို့ဟာဗလာဒီမာပူတင်ကယူကရိန်းကျူးကျော်စစ်အား ဆက်လက်ဆင်နွဲမည်ဆိုပါက ယူကရိန်းဒုက္ခသည်၁၅သန်းအထိလက်ခံရန်စီစဉ်ထားပါတယ်။

ယူအန်ဟာလည်းရုရှားရဲ့မတရားကျူးကျော်စစ်ကြောင့်ထင်မှတ်ထားတာထက် သုံးဆအထိဆိုးရွားလာနိုင်ကြောင်းခန့်မှန်းထားပါတယ်။

Zawgyi








