လန်းစ်ပရိသတ်များကို အာသာဖြေပြခဲ့တဲ့ လိုင်လီပရိသတ် ထောင်ဒဏ်ကျခံရမည့်အရေးနှင့်ရင်ဆိုင်နေရ

လိုင်လီပရိသတ်တစ်ဦးဟာဒါဘီပွဲစဉ်အတွင်းတွင်လန်းစ်ပရိသတ်များရှေ့မှာအာသာဖြေပြခဲ့မှုအတွက်ဒဏ်ငွေပေါင်၁၃၀၀၀အပြင်ထောင်ဒဏ်တစ်နှစ်ကျခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

မကြာသေးမီတုန်းကလန်းစ်ကလိုင်လီကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်နှစ်ဖက်ပရိသတ်များခိုက်ရန်ဖြစ်ပွားခဲ့ပြီးကွင်းအတွင်းသို့ဝင်ရောက်မှုဖြစ်ခဲ့ကာပွဲကိုမိနစ်၉၀နီးပါးရပ်ဆိုင်းခဲ့ရပါတယ်။

လန်းစ်ပရိသတ်များဟာကွင်းအတွင်းသို့ဝင်ရောက်ကာလိုင်လီပရိသတ်များရှိရာသို့သွားပြီးရန်မူရန်ကြိုးပမ်းခဲ့ပြီးအဓိကရုဏ်းနှိမ်နင်းတဲ့ရဲများကိုခေါ်ဆောင်ထိန်းသိမ်းခဲ့ရပါတယ်။

စနေနေ့တုန်းကပွဲစဉ်မှအဖြစ်အပျက်ကြောင့်ရဲတစ်ဦးအပါအဝင်ခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပြင်သစ်သတင်းစာ La Void du Nord ရဲ့ဖော်ပြချက်အရလိုင်လီပရိသတ်တစ်ဦးဟာအိမ်ရှင်ပရိသတ်များရှေ့မှာအာသာဖြေပြခဲ့ကြောင်းသိရပါတယ်။ယခုအခါယင်းပရိသတ်ဟာထောင်ဒဏ်တစ်နှစ်နှင့်ဒဏ်ငွေပေါင်၁၃၀၀၀ကျခံရမယ့်အရေးနှင့်ရင်ဆိုင်နေရကြောင်းသိရပါတယ်။

ZawGyi

လန္းစ္ပရိသတ္မ်ားကို အာသာေျဖျပခဲ့တဲ့ လိုင္လီပရိသတ္ ေထာင္ဒဏ္က်ခံရမည့္အေရးႏွင့္ရင္ဆိုင္ေနရ

လိုင္လီပရိသတ္တစ္ဦးဟာဒါဘီပြဲစဥ္အတြင္းတြင္လန္းစ္ပရိသတ္မ်ားေရွ႕မွာအာသာေျဖျပခဲ့မႈအတြက္ဒဏ္ေငြေပါင္၁၃၀၀၀အျပင္ေထာင္ဒဏ္တစ္ႏွစ္က်ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

မၾကာေသးမီတုန္းကလန္းစ္ကလိုင္လီကို၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ႏွစ္ဖက္ပရိသတ္မ်ားခိုက္ရန္ျဖစ္ပြားခဲ့ၿပီးကြင္းအတြင္းသို႔ဝင္ေရာက္မႈျဖစ္ခဲ့ကာပြဲကိုမိနစ္၉၀နီးပါးရပ္ဆိုင္းခဲ့ရပါတယ္။

လန္းစ္ပရိသတ္မ်ားဟာကြင္းအတြင္းသို႔ဝင္ေရာက္ကာလိုင္လီပရိသတ္မ်ားရွိရာသို႔သြားၿပီးရန္မူရန္ႀကိဳးပမ္းခဲ့ၿပီးအဓိက႐ုဏ္းႏွိမ္နင္းတဲ့ရဲမ်ားကိုေခၚေဆာင္ထိန္းသိမ္းခဲ့ရပါတယ္။

စေနေန႔တုန္းကပြဲစဥ္မွအျဖစ္အပ်က္ေၾကာင့္ရဲတစ္ဦးအပါအဝင္ေျခာက္ဦးဒဏ္ရာရရွိခဲ့ပါတယ္။

ျပင္သစ္သတင္းစာ La Void du Nord ရဲ႕ေဖာ္ျပခ်က္အရလိုင္လီပရိသတ္တစ္ဦးဟာအိမ္ရွင္ပရိသတ္မ်ားေရွ႕မွာအာသာေျဖျပခဲ့ေၾကာင္းသိရပါတယ္။ယခုအခါယင္းပရိသတ္ဟာေထာင္ဒဏ္တစ္ႏွစ္ႏွင့္ဒဏ္ေငြေပါင္၁၃၀၀၀က်ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရေၾကာင္းသိရပါတယ္။