လမ်းကြောင်းမှန်သို့ ရောက်ဖို့ One Direction စူပါစတားကို အသုံးချသွားမယ့် ဒါဘီနည်းပြရွန်းနီ

ဝိန်းရွန်းနီဟာ One Direction ပေါ့စတားဟောင်းနီအောဟိုရန်ကိုအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းရန်ဖိတ်ကြားပြီးဒါဘီကောင်တီကစားသမားများကိုလမ်းကြောင်းမှန်ပေါ်သို့ပို့ဆောင်ဖို့လုပ်ဆောင်နေပါတယ်။

ဒါဘီကောင်တီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကရာသီသိမ်းပွဲ၁၅ပွဲမှာ၁ပွဲတည်းသာအနိုင်ရရှိပြီးရာသီသိမ်းပွဲမှာရှက်ဖီးလ်ဝင်းနက်စ်ဒေးနှင့်သုံးဂိုးစီသရေကျကာတန်းဆင်းရမယ့်အရေးမှကပ်ပြီးလွတ်မြောက်ခဲ့ပါတယ်။

ဒါဘီဟာပြီးခဲ့တဲ့ရာသီအတွင်းမှာအသင်းကိုဝယ်ယူရန်ကြိုးပမ်းမှု၂ကြိမ်တိုင်တိုင်ကြုံခဲ့ရပေမယ့်မအောင်မြင်ခဲ့ပါဘူး။ဒါပေမယ့်၎င်းတို့ဟာဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့်အမှတ်လျှော့ခံရကာတန်းဆင်းရမယ့်အရေးနှင့်လည်းကြုံခဲ့ရပါတယ်။

ဒါကြောင့်လည်းဝိန်းရွန်းနီဟာဒါဘီကစားသမားများနှင့်ပရိသတ်များ စိတ်ဓာတ်ပိုင်းမြင့်မားလာစေရန်အတွက်ဒါဘီအမာခံပရိသတ်တစ်ဦးဖြစ်တဲ့နီအောဟိုရန်ကိုအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းရန်ဖိတ်ကြားလိုက်တာဖြစ်ပါတယ်။

ဟိုရန်ဟာမကြာမီကာလအတွင်းမှာအခွေသစ်ကြေညာရောင်းချဖို့လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။

ဝိန်းရွန်းနီဟာမကြာသေးမီတုန်းကမန်ယူလူငယ်ပါရမီရှင်ဟောင်းရာဗယ်မောရစ်ဆင်ကို အသင်းနှင့်အတူစမ်းသပ်လေ့ကျင့်ခန်းဆင်းခွင့်ပေးပြီးအခွင့်အရေးပေးရန်ကြိုးပမ်းလာပါတယ်။အသက်၂၈နှစ်ရှိမောရစ်ဆင်ဟာမန်ယူတွင်ဝိန်းရွန်းနီ အထွဋ်အထိပ်သို့ရောက်နေစဉ်ကအတူကစားခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်လက်ရှိအချိန်မှာသူဟာကလပ်လက်မဲ့ဖြစ်နေပါတယ်။

ZawGyi

လမ္းေၾကာင္းမွန္သို႔ ေရာက္ဖို႔ One Direction စူပါစတားကို အသုံးခ်သြားမယ့္ ဒါဘီနည္းျပ႐ြန္းနီ

ဝိန္း႐ြန္းနီဟာ One Direction ေပါ့စတားေဟာင္းနီေအာဟိုရန္ကိုအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းရန္ဖိတ္ၾကားၿပီးဒါဘီေကာင္တီကစားသမားမ်ားကိုလမ္းေၾကာင္းမွန္ေပၚသို႔ပို႔ေဆာင္ဖို႔လုပ္ေဆာင္ေနပါတယ္။

ဒါဘီေကာင္တီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကရာသီသိမ္းပြဲ၁၅ပြဲမွာ၁ပြဲတည္းသာအႏိုင္ရရွိၿပီးရာသီသိမ္းပြဲမွာရွက္ဖီးလ္ဝင္းနက္စ္ေဒးႏွင့္သုံးဂိုးစီသေရက်ကာတန္းဆင္းရမယ့္အေရးမွကပ္ၿပီးလြတ္ေျမာက္ခဲ့ပါတယ္။

ဒါဘီဟာၿပီးခဲ့တဲ့ရာသီအတြင္းမွာအသင္းကိုဝယ္ယူရန္ႀကိဳးပမ္းမႈ၂ႀကိမ္တိုင္တိုင္ႀကဳံခဲ့ရေပမယ့္မေအာင္ျမင္ခဲ့ပါဘူး။ဒါေပမယ့္၎တို႔ဟာဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္အမွတ္ေလွ်ာ့ခံရကာတန္းဆင္းရမယ့္အေရးႏွင့္လည္းႀကဳံခဲ့ရပါတယ္။

ဒါေၾကာင့္လည္းဝိန္း႐ြန္းနီဟာဒါဘီကစားသမားမ်ားႏွင့္ပရိသတ္မ်ား စိတ္ဓာတ္ပိုင္းျမင့္မားလာေစရန္အတြက္ဒါဘီအမာခံပရိသတ္တစ္ဦးျဖစ္တဲ့နီေအာဟိုရန္ကိုအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းရန္ဖိတ္ၾကားလိုက္တာျဖစ္ပါတယ္။

ဟိုရန္ဟာမၾကာမီကာလအတြင္းမွာအေခြသစ္ေၾကညာေရာင္းခ်ဖို႔လုပ္ေဆာင္ေနသူလည္းျဖစ္ပါတယ္။

ဝိန္း႐ြန္းနီဟာမၾကာေသးမီတုန္းကမန္ယူလူငယ္ပါရမီရွင္ေဟာင္းရာဗယ္ေမာရစ္ဆင္ကို အသင္းႏွင့္အတူစမ္းသပ္ေလ့က်င့္ခန္းဆင္းခြင့္ေပးၿပီးအခြင့္အေရးေပးရန္ႀကိဳးပမ္းလာပါတယ္။အသက္၂၈ႏွစ္ရွိေမာရစ္ဆင္ဟာမန္ယူတြင္ဝိန္း႐ြန္းနီ အထြဋ္အထိပ္သို႔ေရာက္ေနစဥ္ကအတူကစားခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္လက္ရွိအခ်ိန္မွာသူဟာကလပ္လက္မဲ့ျဖစ္ေနပါတယ္။