လမ်းခွဲပြီးမှ ပြန်လည် ရွှေလက်တွဲလာတဲ့ အိုင်ကာဒီနှင့် ဝန်ဒါနာရာ

မော်ရိုအိုင်ကာဒီနှင့်ဝန်ဒါနာရာတို့ဟာလမ်းခွဲလိုက်ကြပြီးလအနည်းငယ်အကြာမှာပဲပြန်လည်လက်တွဲလာခဲ့ကြပါတယ်။

အာဂျင်တီးနားမော်ဒယ်ဟာစက်တင်ဘာလတုန်းကခင်ပွန်းသည်အိုင်ကာဒီနှင့်လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အင်စတာဂရမ်ကနေကြေညာခဲ့ပါတယ်။

၎င်းတို့အကြားကိုးနှစ်ကြာအကြင်လင်မယားဖြစ်မှုအဆုံးသတ်သွားပြီလို့လည်းယူဆခဲ့ရပေမဲ့လည်းတစ်လကျော်ခန့်အကြာမှာဘဲပြန်လည်လက်တွဲလာကြပါတယ်။

၎င်းတို့နှစ်ဦးကိုအာဂျင်တီးနားမှာအတူတွဲလျက်တွေ့ရပြီးဝန်ဒါနာရာဟာခင်ပွန်းသည်အိုင်ကာဒီနှင့်တွဲရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ကိုဆိုရှယ်မီဒီယာမှာတင်ပြီးအတည်ပြုလာပါတယ်။

ဂါလာတာစာရေးတွင်အငှားဖြင့်ကစားနေတဲ့အိုင်ကာဒီဟာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အာဂျင်တီးနားလူစာရင်းတွင်ရွေးချယ်ခြင်းမခံရမှုနှင့်အာဂျင်တီးနားသို့သွားရောက်ကာဇနီးသည်နှင့်ပြန်လည်လက်တွဲကာအနားယူနေပါတယ်။

ZawGyi





