လမ်းခွဲရန်အတွက် ဂျူဗင်တပ်နှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ လုပ်ဆောင်နေ

ဂျူဗင်တပ်ဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီခရစ္စတီယာနိုရော်နယ်ဒိုအတွက်ကလပ်သစ်ရှာဖွေနေကြောင်းသိရပါတယ်။

နိုင်ငံတကာနှင့်ချန်ပီယံလိဂ်တို့တွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဂျူဗင်တပ်အတွက်စီးရီးအေတွင်၃၃ပွဲကစားခဲ့ရာမှာ၂၉ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင်သူဟာယူရို၂၀၂၀ပြိုင်ပွဲတွင်လည်း၅ဂိုးသွင်းကာရွှေဖိနပ်ဆုရရှိခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာအသက်၃၇နှစ်နီးပါးသို့ကပ်လာပြီဖြစ်တဲ့အပြင်သူ့ရဲ့လုပ်ခမှာလည်းမြင့်မားလွန်းနေမှုကြောင့်ဂျူဗင်တပ်ကသူ့ကိုထွက်ခွာစေပြီးအသုံးစရိတ်လျှော့ချလိုနေပါတယ်။

အီတလီမီဒီယာများရဲ့ဖော်ပြချက်အရဂျူဗင်တပ်နှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာလွန်ခဲ့တဲ့လအနည်းငယ်ခန့်ကတည်းကလမ်းခွဲကာကလပ်သစ်ရှာဖွေခဲ့ကြပါတယ်။

ဂျူဗင်တပ်ဟာရော်နယ်ဒိုအတွက်မြင့်မားတဲ့လုပ်ခသုံးစွဲနေရမှုနဲ့အတူအေစီမီလန်မှထွက်ခွာခဲ့တဲ့အီတလီဂိုးသမားဒွန်နာရမ်မာအားမခေါ်ယူနိုင်ခဲ့ပါဘူး။

လက်ရှိအချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒို ပြောင်းရွှေ့နိုင်ခြေအများဆုံးကလပ်မှာမန်ယူဖြစ်နေပါတယ်။

ZawGyi

လမ္းခြဲရန္အတြက္ ဂ်ဴဗင္တပ္ႏွင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ လုပ္ေဆာင္ေန

ဂ်ဴဗင္တပ္ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ကလပ္သစ္ရွာေဖြေနေၾကာင္းသိရပါတယ္။

ႏိုင္ငံတကာႏွင့္ခ်န္ပီယံလိဂ္တို႔တြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဂ်ဴဗင္တပ္အတြက္စီးရီးေအတြင္၃၃ပြဲကစားခဲ့ရာမွာ၂၉ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ဒါ့အျပင္သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္လည္း၅ဂိုးသြင္းကာေ႐ႊဖိနပ္ဆုရရွိခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသက္၃၇ႏွစ္နီးပါးသို႔ကပ္လာၿပီျဖစ္တဲ့အျပင္သူ႔ရဲ႕လုပ္ခမွာလည္းျမင့္မားလြန္းေနမႈေၾကာင့္ဂ်ဴဗင္တပ္ကသူ႔ကိုထြက္ခြာေစၿပီးအသုံးစရိတ္ေလွ်ာ့ခ်လိုေနပါတယ္။

အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဂ်ဴဗင္တပ္ႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ဟာလြန္ခဲ့တဲ့လအနည္းငယ္ခန႔္ကတည္းကလမ္းခြဲကာကလပ္သစ္ရွာေဖြခဲ့ၾကပါတယ္။

ဂ်ဴဗင္တပ္ဟာေရာ္နယ္ဒိုအတြက္ျမင့္မားတဲ့လုပ္ခသုံးစြဲေနရမႈနဲ႔အတူေအစီမီလန္မွထြက္ခြာခဲ့တဲ့အီတလီဂိုးသမားဒြန္နာရမ္မာအားမေခၚယူႏိုင္ခဲ့ပါဘူး။

လက္ရွိအခ်ိန္တြင္ခရစၥတီယာႏိုေရာ္နယ္ဒို ေျပာင္းေ႐ႊ႕ႏိုင္ေျခအမ်ားဆုံးကလပ္မွာမန္ယူျဖစ္ေနပါတယ္။