လမ်းခွဲလိုက်ကြပြီးနောက် ဘာစီလိုနာရှိ ပေါင် ၁၂ သန်းတန်နေအိမ်ကို ရောင်းချလာတော့မယ့် ပီကေးနှင့်ပေါ့ပ်စတားရှာကီရာ

ပေါ့ပ်စတားရှာကီရာနှင့်ချစ်သူဟောင်းဂါရတ်ပီကေးတို့ဟာနွေရာသီတုန်းကလမ်းခွဲလိုက်ကြပြီးနောက် ပေါင်၁၂သန်းတန်နေအိမ်ကိုရောင်းချရန်သဘောတူညီမှုရရှိသွားကြပြီဖြစ်ကြောင်းသိရပါတယ်။

ကိုလံဘီယာအဆိုတော်ဟာပြီးခဲ့တဲ့အပတ်တုန်းကသားနှစ်ဦးဖြစ်တဲ့ အသက်၇နှစ်အရွယ်မီလန်နှင့်အသက်၉နှစ်အရွယ်ဆာရှာတို့ကိုထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိသွားခဲ့ပါတယ်။

အသက်၄၅နှစ်ရှိရှာကီရာနှင့်ပီကေးတို့ဟာဘာစီလိုနာစီးတီးမှနာရီဝက်ခရီးသာကြာမြင့်တဲ့Esplugues de Llobregatတွင်ပေါင်၁၂သန်းနေအိမ်ကိုအတူပိုင်ဆိုင်ထားကြပါတယ်။

ယင်းအိမ်တွင်အသံသွင်းခန်းပါဝင်တဲ့အပြင်အားကစားခန်းလည်းပါဝင်သလို တင်းနစ်ကွင်း၊ဘောလုံးကွင်းငယ်တစ်ခုလုံးပါဝင်ပါတယ်။

လက်ရှိအချိန်တွင်ယင်းဇိမ်ခံနေအိမ်တွင်ရှာကီရာနေထိုင်နေသေးပေမဲ့ ဖခင်ဖြစ်သူသာအမေရိကန်သို့လာရောက်နိုင်တဲ့အခြေအနေမျိုးရှိလာမဲ့လာမယ့်နှစ်တွင်အမေရိကန်သို့ပြောင်းရွှေ့နေထိုင်လာဖို့ရှိပါတယ်။

အသက်၃၅နှစ်ရှိပီကေးဟာပြီးခဲ့တဲ့အပတ်တုန်းကကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပြီး အသက်၂၃နှစ်အရွယ်ရှိချစ်သူသစ်ကလာရာချီယာနှင့်အတူဘာစီလိုနာရှိ ဇိမ်ခံတိုက်ခန်းတစ်ခုတွင်နေထိုင်နေပါတယ်။

ပီကေးနှင့်ရှာကီရာတို့ဟာပြီးခဲ့တဲ့အပတ်တုန်းက ၁၂နာရီကြာကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိရေးတိုက်ပွဲဝင်ခဲ့ကြရာ ရှာကီရာကအနိုင်ရရှိသွားခဲ့ပါတယ်။

ရှာကီရာဟာသားနှစ်ဦးတို့ကိုဖလိုရီဒါရှိဇိမ်ခံနေအိမ်သို့ခေါ်ဆောင်ကာ ပြုစုပျိုးထောင်လာတော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ပီကေးဟာကလေးများနှင့် နီးကပ်စွာနေထိုင်နိုင်အတွက်ဖလိုရီဒါတွင်နေအိမ်သစ်ရှာဖွေလာဖို့ရှိနေပါတယ်။ရှာကီရာဟာမီယာမီတွင်ပေါင်၁၄သန်းတန်နေအိမ်တစ်လုံးပိုင်ဆိုင်ပါတယ်။ရှာကီရာဟာယင်းနေအိမ်ကို၂၀၁၈ခုနှစ်ကတည်းကရောင်းချရန်စီစဉ်လာခဲ့ပေမဲ့ပီကေးနှင့်လမ်းခွဲလိုက်ပြီးနောက် ယင်းတွင်အခြေချရန်အတွက် အရောင်းစာရင်းမှဖယ်ရှားခဲ့ပါတယ်။

ZawGyi

လမ္းခြဲလိုက္ၾကၿပီးေနာက္ ဘာစီလိုနာရွိ ေပါင္ ၁၂ သန္းတန္ေနအိမ္ကို ေရာင္းခ်လာေတာ့မယ့္ ပီေကးႏွင့္ေပါ့ပ္စတားရွာကီရာ

ေပါ့ပ္စတားရွာကီရာႏွင့္ခ်စ္သူေဟာင္းဂါရတ္ပီေကးတို႔ဟာေႏြရာသီတုန္းကလမ္းခြဲလိုက္ၾကၿပီးေနာက္ ေပါင္၁၂သန္းတန္ေနအိမ္ကိုေရာင္းခ်ရန္သေဘာတူညီမႈရရွိသြားၾကၿပီျဖစ္ေၾကာင္းသိရပါတယ္။

ကိုလံဘီယာအဆိုေတာ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကသားႏွစ္ဦးျဖစ္တဲ့ အသက္၇ႏွစ္အ႐ြယ္မီလန္ႏွင့္အသက္၉ႏွစ္အ႐ြယ္ဆာရွာတို႔ကိုထိန္းသိမ္းေစာင့္ေရွာက္ခြင့္ရရွိသြားခဲ့ပါတယ္။

အသက္၄၅ႏွစ္ရွိရွာကီရာႏွင့္ပီေကးတို႔ဟာဘာစီလိုနာစီးတီးမွနာရီဝက္ခရီးသာၾကာျမင့္တဲ့Esplugues de Llobregatတြင္ေပါင္၁၂သန္းေနအိမ္ကိုအတူပိုင္ဆိုင္ထားၾကပါတယ္။

ယင္းအိမ္တြင္အသံသြင္းခန္းပါဝင္တဲ့အျပင္အားကစားခန္းလည္းပါဝင္သလို တင္းနစ္ကြင္း၊ေဘာလုံးကြင္းငယ္တစ္ခုလုံးပါဝင္ပါတယ္။

လက္ရွိအခ်ိန္တြင္ယင္းဇိမ္ခံေနအိမ္တြင္ရွာကီရာေနထိုင္ေနေသးေပမဲ့ ဖခင္ျဖစ္သူသာအေမရိကန္သို႔လာေရာက္ႏိုင္တဲ့အေျခအေနမ်ိဳးရွိလာမဲ့လာမယ့္ႏွစ္တြင္အေမရိကန္သို႔ေျပာင္းေ႐ႊ႕ေနထိုင္လာဖို႔ရွိပါတယ္။

အသက္၃၅ႏွစ္ရွိပီေကးဟာၿပီးခဲ့တဲ့အပတ္တုန္းကကစားသမားဘဝမွအနားယူခဲ့သူျဖစ္ၿပီး အသက္၂၃ႏွစ္အ႐ြယ္ရွိခ်စ္သူသစ္ကလာရာခ်ီယာႏွင့္အတူဘာစီလိုနာရွိ ဇိမ္ခံတိုက္ခန္းတစ္ခုတြင္ေနထိုင္ေနပါတယ္။

ပီေကးႏွင့္ရွာကီရာတို႔ဟာၿပီးခဲ့တဲ့အပတ္တုန္းက ၁၂နာရီၾကာကေလးထိန္းသိမ္းေစာင့္ေရွာက္ခြင့္ရရွိေရးတိုက္ပြဲဝင္ခဲ့ၾကရာ ရွာကီရာကအႏိုင္ရရွိသြားခဲ့ပါတယ္။

ရွာကီရာဟာသားႏွစ္ဦးတို႔ကိုဖလိုရီဒါရွိဇိမ္ခံေနအိမ္သို႔ေခၚေဆာင္ကာ ျပဳစုပ်ိဳးေထာင္လာေတာ့မွာျဖစ္ပါတယ္။

ဒါေပမဲ့ပီေကးဟာကေလးမ်ားႏွင့္ နီးကပ္စြာေနထိုင္ႏိုင္အတြက္ဖလိုရီဒါတြင္ေနအိမ္သစ္ရွာေဖြလာဖို႔ရွိေနပါတယ္။ရွာကီရာဟာမီယာမီတြင္ေပါင္၁၄သန္းတန္ေနအိမ္တစ္လုံးပိုင္ဆိုင္ပါတယ္။ရွာကီရာဟာယင္းေနအိမ္ကို၂၀၁၈ခုႏွစ္ကတည္းကေရာင္းခ်ရန္စီစဥ္လာခဲ့ေပမဲ့ပီေကးႏွင့္လမ္းခြဲလိုက္ၿပီးေနာက္ ယင္းတြင္အေျခခ်ရန္အတြက္ အေရာင္းစာရင္းမွဖယ္ရွားခဲ့ပါတယ္။