လမ်းခွဲလိုက်ပြီးတဲ့နောက် သားဖြစ်သူရဲ့ဘော့စ်ဘောပွဲကို ရှာကီရာနှင့်ပီကေး အတူကြည့်ရှုအားပေး

ပေါ့ပ်စတားရှာကီရာနှင့်ရည်းစားဟောင်းဂါရတ်ပီကေးတို့ဟာ၎င်းတို့ရဲ့သားကစားတဲ့ဘော့စ်ဘောပွဲကိုအတူကြည့်ရှုအားပေးခဲ့ကြပါတယ်။ဒါပေမဲ့၎င်းတို့စုံတွဲဟောင်းဟာတစ်ဦးနှင့်တစ်ဦးခပ်လှမ်းလှမ်းအကွာမှကြည့်ရှုအားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာစနေနေ့တုန်းကဘာစီလိုနာတွင်ကိုးနှစ်အရွယ်မီလန်ရဲ့ဘော့စ်ဘောပွဲကိုကြည့်ရှုအားပေးခဲ့တာလည်းဖြစ်ပါတယ်။

အသက်၃၅နှစ်ရှိဘာစီလိုနာနောက်ခံလူပီကေးနှင့်ပေါ့ပ်စတားရှာကီရာတို့ဟာ၁၂နှစ်ကြာလက်တွဲပြီးတဲ့နောက်နွေရာသီတုန်းကလူသိရှင်ကြားလမ်းခွဲခဲ့ကြပါတယ်။

၎င်းတို့ဟာလမ်းခွဲလိုက်ကြပြီးဖြစ်ပေမဲ့မိဘပီသစွာ သားဖြစ်သူရဲ့ဘော့စ်ဘောပွဲများကိုအတူလိုက်ပါအားပေးကြည့်ရှုလေ့ရှိကြပါတယ်။

စနေနေ့တုန်းကဘော့စ်ဘောပွဲကိုလည်းပီကေးဟာမိခင်ဖြစ်သူနဲ့အတူကြည့်ရှုခဲ့ပြီး ရှာကီရာကလည်းသူ့အမေ၊သူငယ်ချင်းအချို့နဲ့အတူ ကြည့်ရှုအားပေးခဲ့ကြပါတယ်။ဒါပေမဲ့၎င်းတို့ဟာခပ်လှမ်းလှမ်းအကွာအဝေးမှာနေခဲ့ကြပါတယ်။

ပီကေးဟာချစ်သူသစ်အဖြစ်အသက်၂၃နှစ်အရွယ်ကလာရာချီယာမာတီနှင့် ချစ်ကြိုက်နေပြီးနောက် ရှာကီရာနှင့်လမ်းခွဲလိုက်ရတာလည်းဖြစ်ပါတယ်။

ZawGyi

လမ္းခြဲလိုက္ၿပီးတဲ့ေနာက္ သားျဖစ္သူရဲ႕ေဘာ့စ္ေဘာပြဲကို ရွာကီရာႏွင့္ပီေကး အတူၾကည့္ရႈအားေပး

ေပါ့ပ္စတားရွာကီရာႏွင့္ရည္းစားေဟာင္းဂါရတ္ပီေကးတို႔ဟာ၎တို႔ရဲ႕သားကစားတဲ့ေဘာ့စ္ေဘာပြဲကိုအတူၾကည့္ရႈအားေပးခဲ့ၾကပါတယ္။ဒါေပမဲ့၎တို႔စုံတြဲေဟာင္းဟာတစ္ဦးႏွင့္တစ္ဦးခပ္လွမ္းလွမ္းအကြာမွၾကည့္ရႈအားေပးခဲ့ၾကတာလည္းျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးဟာစေနေန႔တုန္းကဘာစီလိုနာတြင္ကိုးႏွစ္အ႐ြယ္မီလန္ရဲ႕ေဘာ့စ္ေဘာပြဲကိုၾကည့္ရႈအားေပးခဲ့တာလည္းျဖစ္ပါတယ္။

အသက္၃၅ႏွစ္ရွိဘာစီလိုနာေနာက္ခံလူပီေကးႏွင့္ေပါ့ပ္စတားရွာကီရာတို႔ဟာ၁၂ႏွစ္ၾကာလက္တြဲၿပီးတဲ့ေနာက္ေႏြရာသီတုန္းကလူသိရွင္ၾကားလမ္းခြဲခဲ့ၾကပါတယ္။

၎တို႔ဟာလမ္းခြဲလိုက္ၾကၿပီးျဖစ္ေပမဲ့မိဘပီသစြာ သားျဖစ္သူရဲ႕ေဘာ့စ္ေဘာပြဲမ်ားကိုအတူလိုက္ပါအားေပးၾကည့္ရႈေလ့ရွိၾကပါတယ္။

စေနေန႔တုန္းကေဘာ့စ္ေဘာပြဲကိုလည္းပီေကးဟာမိခင္ျဖစ္သူနဲ႔အတူၾကည့္ရႈခဲ့ၿပီး ရွာကီရာကလည္းသူ႔အေမ၊သူငယ္ခ်င္းအခ်ိဳ႕နဲ႔အတူ ၾကည့္ရႈအားေပးခဲ့ၾကပါတယ္။ဒါေပမဲ့၎တို႔ဟာခပ္လွမ္းလွမ္းအကြာအေဝးမွာေနခဲ့ၾကပါတယ္။

ပီေကးဟာခ်စ္သူသစ္အျဖစ္အသက္၂၃ႏွစ္အ႐ြယ္ကလာရာခ်ီယာမာတီႏွင့္ ခ်စ္ႀကိဳက္ေနၿပီးေနာက္ ရွာကီရာႏွင့္လမ္းခြဲလိုက္ရတာလည္းျဖစ္ပါတယ္။