လမ်းပတ်အထုတ်ခံရအောင် လုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲမှုကို ရူဒီဂါငြင်းဆို

ချဲလ်ဆီးနောက်ခံလူအန်တိုနီရူဒီဂါဟာပြီးခဲ့တဲ့အပတ်တုန်းကဖရန့်လမ်းပတ်ထုတ်ပယ်ခြင်းခံရအောင်အစွမ်းကုန် လုပ်ဆောင်ခဲ့တယ်လို့မီဒီယာများရဲ့ဖော်ပြမှုကိုငြင်းဆိုလိုက်ပါတယ်။

ဖရန့်လမ်းပတ်ဟာနောက်ဆုံးပရီးမီးယားလိဂ်၈ပွဲတွင်၅ပွဲရှုံးနိမ့်ပြီးနောက်ချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ချဲလ်ဆီးဟာဂန္ထဝင်ကစားသမားလမ်းပတ်ကိုထုတ်ပယ်ပြီးဂျာမန်နည်းပြတူချယ်ကိုခန့်အပ်ခဲ့ပါတယ်။

ရူဒီဂါဟာယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲ၆ပွဲတည်းသာကစားခဲ့ရသူဖြစ်ပြီးဖရန့်လမ်းပတ်လက်ထက်တုန်းကအရန်ခုံတွင်သာအစဉ်ထိုင်နေခဲ့ရသူလည်းဖြစ်ပါတယ်။

မီဒီယာအချို့တို့ကရူဒီဂါဟာနောက်ကွယ်တွင်ဖရန့်လမ်းပတ်ထုတ်ပယ်ခြင်းခံရအောင်နည်းလမ်းပုံစုံသုံးပြီးလုပ် ဆောင်ခဲ့ကြောင်းဖော်ပြခဲ့ကြပါတယ်။ဒါ့အပြင်ရူဒီဂါဟာအသင်းခေါင်းဆောင်အက်ဇ်ပီလီကူတာနှင့်လည်းပြဿနာ တက်ခဲ့ကြောင်းမီဒီယာအချို့တို့ကဖော်ပြခဲ့ပြီးချဲလ်ဆီးအသင်းခေါင်းဆောင်ကယင်းသတင်းကိုငြင်းဆိုခဲ့ပါတယ်။

ယခုအခါရူဒီဂါက “ပြီးခဲ့တဲ့အပတ်ကတည်းကကျွန်တော်နဲ့ပတ်သက်ပြီးအခြေအမြစ်မရှိတဲ့သတင်းတွေအများကြီး ထွက်ခဲ့ပါတယ်။ဘုတ်အဖွဲ့နဲ့ နည်းပြ(သို့မဟုတ်)အခြားအကြောင်းအရာနဲ့ပတ်သက်ပြီးတစ်ခုမှတောင်စကားမပြော ခဲ့ဖူးပါဘူး။ခရစ္စမတ်ပြီးနောက်ခက်ခဲတဲ့ကာလကြုံရတဲ့အခါဖရန့်ကကျွန်တော့်ကိုယုံကြည်ခဲ့ပါတယ်။ဒီအတွက်ကျေးဇူးတင်ပါတယ်။ဒါကြောင့်လည်းကျွန်တော်ဟာဇန်နဝါရီမှာအသင်းပြောင်းဖို့ကလပ်မရှာဖို့အေးဂျင့်ကိုပြောခဲ့တာပါ။ကျွန်တော်တို့ကအမြဲတမ်းကလပ်နဲ့နည်းပြအတွက်အကောင်းဆုံးဖြစ်ချင်တာပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဂျာမနီလက်ရွေးစင်နောက်ခံလူကဖရန့်လမ်းပတ်မှာမဝေးတော့တဲ့ကာလအတွင်းတွင်ကလပ်သစ်ရှာဖွေတွေ့ရှိလိမ့်မယ်လို့ယုံကြည်ကြောင်းပြောကြားသွားပါတယ်။

ZawGyi

လမ္းပတ္အထုတ္ခံရေအာင္ လုပ္ခဲ့တယ္ဆိုတဲ့စြပ္စြဲမႈကို ႐ူဒီဂါျငင္းဆို

ခ်ဲလ္ဆီးေနာက္ခံလူအန္တိုနီ႐ူဒီဂါဟာၿပီးခဲ့တဲ့အပတ္တုန္းကဖရန႔္လမ္းပတ္ထုတ္ပယ္ျခင္းခံရေအာင္အစြမ္းကုန္ လုပ္ေဆာင္ခဲ့တယ္လို႔မီဒီယာမ်ားရဲ႕ေဖာ္ျပမႈကိုျငင္းဆိုလိုက္ပါတယ္။

ဖရန႔္လမ္းပတ္ဟာေနာက္ဆုံးပရီးမီးယားလိဂ္၈ပြဲတြင္၅ပြဲရႈံးနိမ့္ၿပီးေနာက္ခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ခ်ဲလ္ဆီးဟာဂႏၴဝင္ကစားသမားလမ္းပတ္ကိုထုတ္ပယ္ၿပီးဂ်ာမန္နည္းျပတူခ်ယ္ကိုခန႔္အပ္ခဲ့ပါတယ္။

႐ူဒီဂါဟာယခုရာသီတြင္ပရီးမီးယားလိဂ္ပြဲ၆ပြဲတည္းသာကစားခဲ့ရသူျဖစ္ၿပီးဖရန႔္လမ္းပတ္လက္ထက္တုန္းကအရန္ခုံတြင္သာအစဥ္ထိုင္ေနခဲ့ရသူလည္းျဖစ္ပါတယ္။

မီဒီယာအခ်ိဳ႕တို႔က႐ူဒီဂါဟာေနာက္ကြယ္တြင္ဖရန႔္လမ္းပတ္ထုတ္ပယ္ျခင္းခံရေအာင္နည္းလမ္းပုံစုံသုံးၿပီးလုပ္ ေဆာင္ခဲ့ေၾကာင္းေဖာ္ျပခဲ့ၾကပါတယ္။ဒါ့အျပင္႐ူဒီဂါဟာအသင္းေခါင္းေဆာင္အက္ဇ္ပီလီကူတာႏွင့္လည္းျပႆနာ တက္ခဲ့ေၾကာင္းမီဒီယာအခ်ိဳ႕တို႔ကေဖာ္ျပခဲ့ၿပီးခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ကယင္းသတင္းကိုျငင္းဆိုခဲ့ပါတယ္။

ယခုအခါ႐ူဒီဂါက “ၿပီးခဲ့တဲ့အပတ္ကတည္းကကြၽန္ေတာ္နဲ႔ပတ္သက္ၿပီးအေျခအျမစ္မရွိတဲ့သတင္းေတြအမ်ားႀကီး ထြက္ခဲ့ပါတယ္။ဘုတ္အဖြဲ႕နဲ႔ နည္းျပ(သို႔မဟုတ္)အျခားအေၾကာင္းအရာနဲ႔ပတ္သက္ၿပီးတစ္ခုမွေတာင္စကားမေျပာ ခဲ့ဖူးပါဘူး။ခရစၥမတ္ၿပီးေနာက္ခက္ခဲတဲ့ကာလႀကဳံရတဲ့အခါဖရန႔္ကကြၽန္ေတာ့္ကိုယုံၾကည္ခဲ့ပါတယ္။ဒီအတြက္ေက်းဇူးတင္ပါတယ္။ဒါေၾကာင့္လည္းကြၽန္ေတာ္ဟာဇန္နဝါရီမွာအသင္းေျပာင္းဖို႔ကလပ္မရွာဖို႔ေအးဂ်င့္ကိုေျပာခဲ့တာပါ။ကြၽန္ေတာ္တို႔ကအၿမဲတမ္းကလပ္နဲ႔နည္းျပအတြက္အေကာင္းဆုံးျဖစ္ခ်င္တာပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဂ်ာမနီလက္ေ႐ြးစင္ေနာက္ခံလူကဖရန႔္လမ္းပတ္မွာမေဝးေတာ့တဲ့ကာလအတြင္းတြင္ကလပ္သစ္ရွာေဖြေတြ႕ရွိလိမ့္မယ္လို႔ယုံၾကည္ေၾကာင္းေျပာၾကားသြားပါတယ္။