လမ်းပတ်အား ထုတ်ပယ်လျှင် ဂျာမန်စကားပြောနိုင်တဲ့ နည်းပြခန့်အပ်ရန် ချဲလ်ဆီး စီစဉ်ထား

ချဲလ်ဆီးဟာစတမ်းဖို့ဒ်ဘရစ်ချ်မှဖရန့်လမ်းပတ်အားထုတ်ပယ်လျှင်ဂျာမန်စကားပြောနိုင်တဲ့နည်းပြအား ခန့်အပ်ရန် စီစဉ်ထားကြောင်းသိရပါတယ်။

ဖရန့်လမ်းပတ်ဟာအင်္ဂါနေ့ညတုန်းကလက်စတာစီးတီးအားရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်တွင်နောက်ထပ်အထုတ်ခံရမယ့်နည်းပြအဖြစ်ထိပ်ဆုံးမှရေပန်းစားလျက်ရှိပါတယ်။

ချဲလ်ဆီးဟာနောက်ဆုံးပရီးမီးယားလိဂ်၈ပွဲမှာ၅ပွဲအထိရှုံးနိမ့်ထားပြီးလက်စတာနှင့်ရမှတ်၈မှတ်အထိကွာဟသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ဟာဂန္ထဝင်ကစားသမားဖရန့်လမ်းပတ်ကိုအလျှင်စလိုထုတ်ပယ်ရန်စီစဉ် ထားခြင်းမရှိသော်လည်းအကယ်၍အခြေအနေမှာဆိုးသထက်ဆိုးရွားလာပါကအပြောင်းအလဲပြုလုပ်ရန်စီစဉ်ထားပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာဖရန့်လမ်းပတ်အားထုတ်ပယ်ပါကဂျာမန်စကားပြောနိုင်တဲ့ နည်းပြ ခန့်အပ်ရန်စီစဉ်ထားကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်ချဲလ်ဆီးနည်းပြရာထူးအတွက်လျာထားစာရင်းတွင်ပီအက်စ်ဂျီနည်းပြဟောင်းတူချယ်၊ လိုက်ဇစ် နည်းပြနီဂယ်မန်း၊ဂျာမန်ဂန္ထဝင်နည်းပြရေးဖ်ရန်နစ်ခ်တို့ထိပ်ဆုံးမှပါဝင်နေကြောင်းသိရပါတယ်။

ချဲလ်ဆီးအသင်းမှတာဝန်ရှိသူများဟာကလပ်ရဲ့လက်ရှိရလဒ်ကောင်းရယူနိုင်ခြင်းမရှိမှုမှာတီမိုဝါနာ၊ကိုင်ဟာဗတ်ဇ်ရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာအောင်လုပ်နိုင်ခြင်းမရှိမှုကြောင့်လို့ယုံကြည်နေကြပြီးဂျာမန်နည်းပြသစ်ခန့်အပ်ပါကအားလုံးကောင်းမွန်လာမယ်လို့ယုံကြည်နေကြတာလည်းဖြစ်ပါတယ်။

ZawGyi

လမ္းပတ္အား ထုတ္ပယ္လွ်င္ ဂ်ာမန္စကားေျပာႏိုင္တဲ့ နည္းျပခန႔္အပ္ရန္ ခ်ဲလ္ဆီး စီစဥ္ထား

ခ်ဲလ္ဆီးဟာစတမ္းဖို႔ဒ္ဘရစ္ခ်္မွဖရန႔္လမ္းပတ္အားထုတ္ပယ္လွ်င္ဂ်ာမန္စကားေျပာႏိုင္တဲ့နည္းျပအား ခန႔္အပ္ရန္ စီစဥ္ထားေၾကာင္းသိရပါတယ္။

ဖရန႔္လမ္းပတ္ဟာအဂၤါေန႔ညတုန္းကလက္စတာစီးတီးအားရႈံးနိမ့္ၿပီးေနာက္ပရီးမီးယားလိဂ္တြင္ေနာက္ထပ္အထုတ္ခံရမယ့္နည္းျပအျဖစ္ထိပ္ဆုံးမွေရပန္းစားလ်က္ရွိပါတယ္။

ခ်ဲလ္ဆီးဟာေနာက္ဆုံးပရီးမီးယားလိဂ္၈ပြဲမွာ၅ပြဲအထိရႈံးနိမ့္ထားၿပီးလက္စတာႏွင့္ရမွတ္၈မွတ္အထိကြာဟသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ဟာဂႏၴဝင္ကစားသမားဖရန႔္လမ္းပတ္ကိုအလွ်င္စလိုထုတ္ပယ္ရန္စီစဥ္ ထားျခင္းမရွိေသာ္လည္းအကယ္၍အေျခအေနမွာဆိုးသထက္ဆိုး႐ြားလာပါကအေျပာင္းအလဲျပဳလုပ္ရန္စီစဥ္ထားပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးဟာဖရန႔္လမ္းပတ္အားထုတ္ပယ္ပါကဂ်ာမန္စကားေျပာႏိုင္တဲ့ နည္းျပ ခန႔္အပ္ရန္စီစဥ္ထားေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္ခ်ဲလ္ဆီးနည္းျပရာထူးအတြက္လ်ာထားစာရင္းတြင္ပီအက္စ္ဂ်ီနည္းျပေဟာင္းတူခ်ယ္၊ လိုက္ဇစ္ နည္းျပနီဂယ္မန္း၊ဂ်ာမန္ဂႏၴဝင္နည္းျပေရးဖ္ရန္နစ္ခ္တို႔ထိပ္ဆုံးမွပါဝင္ေနေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးအသင္းမွတာဝန္ရွိသူမ်ားဟာကလပ္ရဲ႕လက္ရွိရလဒ္ေကာင္းရယူႏိုင္ျခင္းမရွိမႈမွာတီမိုဝါနာ၊ကိုင္ဟာဗတ္ဇ္ရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာေအာင္လုပ္ႏိုင္ျခင္းမရွိမႈေၾကာင့္လို႔ယုံၾကည္ေနၾကၿပီးဂ်ာမန္နည္းျပသစ္ခန႔္အပ္ပါကအားလုံးေကာင္းမြန္လာမယ္လို႔ယုံၾကည္ေနၾကတာလည္းျဖစ္ပါတယ္။