လမ်းကြောင်းမှား မောင်းနှင်မှုအတွက် ဘာစီလိုနာမှာ ဒေသခံတွေရဲ့ဒေါသနဲ့ ရင်ဆိုင်နေရတဲ့ အဂွဲရိုး

ဆာဂျီယိုအဂွဲရိုးကဘာစီလိုနာမှာလမ်းကြောင်းမှားကာကားမောင်းနှင်မှုနဲ့အတူဘာစီလိုနာဒေသခံများရဲ့ဒေါသတကြီးဟွန်းတီးမှုများနှင့်ရင်ဆိုင်နေရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ဒါ့အပြင်ဘာစီလိုနာတိုက်စစ်မှူးသစ်ကဘာစီလိုနာရဲ့ယာဉ်ကြောပိတ်ဆို့မှု၊လမ်းများရှုပ်ထွေးမှုကြောင့်ဘာစီလိုနာတွင်ကားမောင်းနှင်ရမှုကြောင့်ရှူးချင်သလိုလိုဖြစ်နေရကြောင်းလည်းဆိုသွားပါတယ်။

အဂွဲရိုးက “အဓိကလမ်း(ဗဟို)မှာမောင်းတယ်။ GPS ကညာဖက်သို့ကွေ့ဖို့ပြောတယ်။ဒါပေမယ့်ရောက်တဲ့အခါမှာလည်းညာဖက်သို့ထပ်ကွေ့ဖို့ပြောပြန်တယ်။ဒီတော့ညာသို့ပြန်ကွေ့ရပြန်တယ်။သူတို့(ဒေသခံ)တွေကတော့ဟွန်းသံတညံညံနဲ့ပေါ့ဗျာ။ဒါပေမယ့်ညာဖက်သို့ကွေ့ရပြန်တယ်လေ။တက္ကစီသမားတစ်ယောက်ဆိုကျွန်တော့်ကိုဆဲဆိုသွားတာဗျ။ကျွန်တော်ကလည်းသူ့ကို ‘ဒီမှာအစ်ကို၊ညာဖက်သို့ကွေ့ရမယ်ဆိုလို့ကွေ့တာဗျ’လို့ပြောတော့သူက ‘မဟုတ်ဘူး၊မင်းလမ်းကြောင်းကဒီမှာ’ပြန်ပြောတယ်။ဒီတော့ကျွန်တော်ကလည်းတကယ်လို့ကွေ့လိုက်ရင်မင်းလာတဲ့အခါငါ့ကိုတိုက်မိမှာပေါ့လို့ပြန်ပြောလိုက်တယ်။ကျွန်တော့်ဘဲဆိုးတာလား၊လမ်းတွေဘဲဆိုးတာလားဗျာ။ကျွန်တော့်အတွက်တော့သူတို့မှားနေတယ်”လို့ပြောကြားခဲ့ပါတယ်။

ဆာဂျီယိုအဂွဲရိုးဟာကားခရေဇီတစ်ဦးဖြစ်ပြီးမကြာသေးမီတုန်းက ပေါင်၄၂၆၀၀၀တန် Ferrari ကားတစ်စီးဝယ်ယူခဲ့ပါတယ်။အဂွဲရိုးပိုင်တဲ့တန်ဖိုးကြီးကားများထဲမှာ ဂျိမ်းစ်ဘွန်းကားများတွင်သုံးတဲ့ Range Roverကားလည်းပါဝင်ပါတယ်။

ZawGyi

လမ္းေၾကာင္းမွား ေမာင္းႏွင္မႈအတြက္ ဘာစီလိုနာမွာ ေဒသခံေတြရဲ႕ေဒါသနဲ႔ ရင္ဆိုင္ေနရတဲ့ အဂြဲ႐ိုး

ဆာဂ်ီယိုအဂြဲ႐ိုးကဘာစီလိုနာမွာလမ္းေၾကာင္းမွားကာကားေမာင္းႏွင္မႈနဲ႔အတူဘာစီလိုနာေဒသခံမ်ားရဲ႕ေဒါသတႀကီးဟြန္းတီးမႈမ်ားႏွင့္ရင္ဆိုင္ေနရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ဒါ့အျပင္ဘာစီလိုနာတိုက္စစ္မႉးသစ္ကဘာစီလိုနာရဲ႕ယာဥ္ေၾကာပိတ္ဆို႔မႈ၊လမ္းမ်ားရႈပ္ေထြးမႈေၾကာင့္ဘာစီလိုနာတြင္ကားေမာင္းႏွင္ရမႈေၾကာင့္ရႉးခ်င္သလိုလိုျဖစ္ေနရေၾကာင္းလည္းဆိုသြားပါတယ္။

အဂြဲ႐ိုးက “အဓိကလမ္း(ဗဟို)မွာေမာင္းတယ္။ GPS ကညာဖက္သို႔ေကြ႕ဖို႔ေျပာတယ္။ဒါေပမယ့္ေရာက္တဲ့အခါမွာလည္းညာဖက္သို႔ထပ္ေကြ႕ဖို႔ေျပာျပန္တယ္။ဒီေတာ့ညာသို႔ျပန္ေကြ႕ရျပန္တယ္။သူတို႔(ေဒသခံ)ေတြကေတာ့ဟြန္းသံတညံညံနဲ႔ေပါ့ဗ်ာ။ဒါေပမယ့္ညာဖက္သို႔ေကြ႕ရျပန္တယ္ေလ။တကၠစီသမားတစ္ေယာက္ဆိုကြၽန္ေတာ့္ကိုဆဲဆိုသြားတာဗ်။ကြၽန္ေတာ္ကလည္းသူ႔ကို ‘ဒီမွာအစ္ကို၊ညာဖက္သို႔ေကြ႕ရမယ္ဆိုလို႔ေကြ႕တာဗ်’လို႔ေျပာေတာ့သူက ‘မဟုတ္ဘူး၊မင္းလမ္းေၾကာင္းကဒီမွာ’ျပန္ေျပာတယ္။ဒီေတာ့ကြၽန္ေတာ္ကလည္းတကယ္လို႔ေကြ႕လိုက္ရင္မင္းလာတဲ့အခါငါ့ကိုတိုက္မိမွာေပါ့လို႔ျပန္ေျပာလိုက္တယ္။ကြၽန္ေတာ့္ဘဲဆိုးတာလား၊လမ္းေတြဘဲဆိုးတာလားဗ်ာ။ကြၽန္ေတာ့္အတြက္ေတာ့သူတို႔မွားေနတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဆာဂ်ီယိုအဂြဲ႐ိုးဟာကားခေရဇီတစ္ဦးျဖစ္ၿပီးမၾကာေသးမီတုန္းက ေပါင္၄၂၆၀၀၀တန္ Ferrari ကားတစ္စီးဝယ္ယူခဲ့ပါတယ္။အဂြဲ႐ိုးပိုင္တဲ့တန္ဖိုးႀကီးကားမ်ားထဲမွာ ဂ်ိမ္းစ္ဘြန္းကားမ်ားတြင္သုံးတဲ့ Range Roverကားလည္းပါဝင္ပါတယ္။