လမ်းလျှောက်လို့မရအောင် ဒဏ်ရာဆိုးရွားနေလို့ နော်ဝေရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲများကို ဟာလန်းလွဲမည်

အာလင်းဟာလန်းဟာသူ့ဒဏ်ရာမှာလမ်းလျှောက်လို့တောင်မရတဲ့အထိဆိုးရွားနေတာကြောင့်နော်ဝေရဲ့လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုလွဲချော်မှာဖြစ်ကြောင်းသိရပါတယ်။

အသက်၂၁နှစ်ရှိနော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာကြွက်သားဒဏ်ရာပြဿနာနှင့်ရင်ဆိုင်နေရတာဖြစ်ပြီးဒေါ့မွန်ရဲ့နောက်ဆုံးသုံးပွဲကိုလည်းလွဲချော်ခဲ့သူဖြစ်ပါတယ်။

နော်ဝေဟာတူရကီ၊မွန်တီနီဂရိုးတို့နှင့်ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင်ဟာလန်းပါဝင်လာရန်မျှော်လင့်နေခဲ့ပေမယ့်လည်းယခုအခါကာယကံရှင်ကိုယ်တိုင်ကပါဝင်လာနိုင်မှာမဟုတ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

ဟာလန်းဟာဒေါ့မွန်အသင်းရဲ့မိုချင်ဂလက်ဘတ်အားရှုံးနိမ့်တဲ့ပွဲနှင့်စပို့တင်းလစ္စဘွန်း၊အော့ဘတ်တို့အားအနိုင်ရရှိတဲ့ပွဲများကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။

အာလင်းဟာလန်းဒဏ်ရာရရှိမှုကကလပ်အတွက်ရောနိုင်ငံအသင်းအတွက်ပါများစွာထိခိုက်နစ်နာစေပါတယ်။သူဟာယခုရာသီမှာဒေါ့မွန်အတွက်၈ပွဲကစားထားရာမှာ၁၁ဂိုးသွင်းယူထားပြီးနော်ဝေရဲ့နောက်ဆုံး၃ပွဲတွင်၅ဂိုးသွင်းယူထားနိုင်ပါတယ်။

ZawGyi

လမ္းေလွ်ာက္လို႔မရေအာင္ ဒဏ္ရာဆိုး႐ြားေနလို႔ ေနာ္ေဝရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကို ဟာလန္းလြဲမည္

အာလင္းဟာလန္းဟာသူ႔ဒဏ္ရာမွာလမ္းေလွ်ာက္လို႔ေတာင္မရတဲ့အထိဆိုး႐ြားေနတာေၾကာင့္ေနာ္ေဝရဲ႕လာမယ့္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကိုလြဲေခ်ာ္မွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၁ႏွစ္ရွိေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးဟာႂကြက္သားဒဏ္ရာျပႆနာႏွင့္ရင္ဆိုင္ေနရတာျဖစ္ၿပီးေဒါ့မြန္ရဲ႕ေနာက္ဆုံးသုံးပြဲကိုလည္းလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

ေနာ္ေဝဟာတူရကီ၊မြန္တီနီဂ႐ိုးတို႔ႏွင့္ရင္ဆိုင္ကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားတြင္ဟာလန္းပါဝင္လာရန္ေမွ်ာ္လင့္ေနခဲ့ေပမယ့္လည္းယခုအခါကာယကံရွင္ကိုယ္တိုင္ကပါဝင္လာႏိုင္မွာမဟုတ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

ဟာလန္းဟာေဒါ့မြန္အသင္းရဲ႕မိုခ်င္ဂလက္ဘတ္အားရႈံးနိမ့္တဲ့ပြဲႏွင့္စပို႔တင္းလစၥဘြန္း၊ေအာ့ဘတ္တို႔အားအႏိုင္ရရွိတဲ့ပြဲမ်ားကိုလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

အာလင္းဟာလန္းဒဏ္ရာရရွိမႈကကလပ္အတြက္ေရာႏိုင္ငံအသင္းအတြက္ပါမ်ားစြာထိခိုက္နစ္နာေစပါတယ္။သူဟာယခုရာသီမွာေဒါ့မြန္အတြက္၈ပြဲကစားထားရာမွာ၁၁ဂိုးသြင္းယူထားၿပီးေနာ္ေဝရဲ႕ေနာက္ဆုံး၃ပြဲတြင္၅ဂိုးသြင္းယူထားႏိုင္ပါတယ္။