လအတန်ကြာနည်းပြရှာဖွေလာပြီးနောက် နူနိုအား နည်းပြသစ်အဖြစ် စပါးစ်ခန့်အပ်

စပါးစ်ဟာဝုဗ်နည်းပြဟောင်းနူနိုအက်စ်ပီရီတိုဆန်တိုအားနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပါတယ်။စပါးစ်ဟာဟိုဆေးမော်ရင်ဟိုကိုထုတ်ပယ်ပြီးနောက်နည်းပြရှာဖွေလာခဲ့တာဖြစ်ပြီး၇၂ရက်အကြာမှာနည်းပြသစ်ခန့်အပ်လိုက်နိုင်တာဖြစ်ပါတယ်။

နူနိုဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာဝုဗ်နည်းပြရာထူးမှထွက်ခွာလာခဲ့သူဖြစ်ပြီးစပါးစ်နှင့်၂နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

စပါးစ်နည်းပြအဖြစ်ခန့်အပ်ခြင်းခံရပြီးနောက်နူနိုက၁၃နှစ်ကျော်ကြာဖလားလက်မဲ့ဖြစ်လာမှုအားအဆုံးသတ်ပေးသွားမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၄၇နှစ်ရှိဆန်တိုက “ခင်ဗျားတို့ဂုဏ်ယူရအောင်လုပ်ပေးသွားမယ်လို့ကတိပေးသွားပါမယ်”လို့ကတိပေးသွားပါတယ်။

စပါးစ်ဟာနူနိုအားမခန့်အပ်မီအေဂျက်စ်နည်းပြတင်ဟက်၊ရိုးမားနည်းပြဟောင်းဖွန်ဆီကာ၊အင်တာနည်းပြဟောင်းကွန်တီတို့အားခန့်အပ်ရန်ကြိုးပမ်းခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။

စပါးစ်ပရိသတ်များကအသင်းသို့ပေါ်တူဂီနည်းပြနူနိုအားခန့်အပ်လိုက်မှုနဲ့အတူအသင်းတွင်ပေါ်တူဂီကစားသမားအမြောက်အမြားကိုမြင်တွေ့ရတော့မယ်လို့ယုံကြည်နေပါတယ်။

ZawGyi

လအတန္ၾကာနည္းျပရွာေဖြလာၿပီးေနာက္ ႏူႏိုအား နည္းျပသစ္အျဖစ္ စပါးစ္ခန႔္အပ္

စပါးစ္ဟာဝုဗ္နည္းျပေဟာင္းႏူႏိုအက္စ္ပီရီတိုဆန္တိုအားနည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ပါတယ္။စပါးစ္ဟာဟိုေဆးေမာ္ရင္ဟိုကိုထုတ္ပယ္ၿပီးေနာက္နည္းျပရွာေဖြလာခဲ့တာျဖစ္ၿပီး၇၂ရက္အၾကာမွာနည္းျပသစ္ခန႔္အပ္လိုက္ႏိုင္တာျဖစ္ပါတယ္။

ႏူႏိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္မွာဝုဗ္နည္းျပရာထူးမွထြက္ခြာလာခဲ့သူျဖစ္ၿပီးစပါးစ္ႏွင့္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

စပါးစ္နည္းျပအျဖစ္ခန႔္အပ္ျခင္းခံရၿပီးေနာက္ႏူႏိုက၁၃ႏွစ္ေက်ာ္ၾကာဖလားလက္မဲ့ျဖစ္လာမႈအားအဆုံးသတ္ေပးသြားမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၄၇ႏွစ္ရွိဆန္တိုက “ခင္ဗ်ားတို႔ဂုဏ္ယူရေအာင္လုပ္ေပးသြားမယ္လို႔ကတိေပးသြားပါမယ္”လို႔ကတိေပးသြားပါတယ္။

စပါးစ္ဟာႏူႏိုအားမခန႔္အပ္မီေအဂ်က္စ္နည္းျပတင္ဟက္၊႐ိုးမားနည္းျပေဟာင္းဖြန္ဆီကာ၊အင္တာနည္းျပေဟာင္းကြန္တီတို႔အားခန႔္အပ္ရန္ႀကိဳးပမ္းခဲ့ေပမယ့္မေအာင္ျမင္ခဲ့ပါဘူး။

စပါးစ္ပရိသတ္မ်ားကအသင္းသို႔ေပၚတူဂီနည္းျပႏူႏိုအားခန႔္အပ္လိုက္မႈနဲ႔အတူအသင္းတြင္ေပၚတူဂီကစားသမားအေျမာက္အျမားကိုျမင္ေတြ႕ရေတာ့မယ္လို႔ယုံၾကည္ေနပါတယ္။