လာကာဇက်တီကို စာချုပ်သစ်ချုပ်ဆိုရေးကို နွေရာသီအထိ စောင့်ဆိုင်းသွားမည်ဟု အာတီတာဆို

အာဆင်နယ်ဟာလာမယ့်နွေရာသီတွင်မှတိုက်စစ်မှူးအလက်ဇန္ဒားလာကာဇက်တီအားစာချုပ်သစ်ချုပ်ဆိုရေး အတွက်ဆွေးနွေးမှုပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာအာဆင်နယ်ရဲ့နောက်ဆုံး၄ပွဲမှာ၅ဂိုးသွင်းယူထားသူဖြစ်ပြီးချဲလ်ဆီး၊ဝက်စ်ဘရွန်းတို့အား ဆက်တိုက်အနိုင်ရရှိအောင်အဓိကနေရာမှကူညီထားသူလည်းဖြစ်ပါတယ်။

ယခုရာသီတွင်အာဆင်နယ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၉ဂိုးသွင်းယူထားတဲ့လာကာဇက်တီရဲ့လက်ရှိစာချုပ်က၁၈ လသက်တမ်းသာကျန်ရှိတော့ပြီဖြစ်ပါတယ်။အာတီတာကလာကာဇက်တီရဲ့စာချုပ်ကိစ္စအားလာမယ့်နွေတွင်မှဖြေ ရှင်းသွားမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

အာတီတာက “နွေရာသီကျမှကျွန်တော်တို့စကားပြောသွားပါမယ်။အဲဒီကျတော့မှဆုံးဖြတ်ချက်ချသွားပါမယ်။သူ့ စာချုပ်နဲ့ပတ်သက်ပြီးဘာမှမပြောရသေးပါဘူး။သူခြေစွမ်းပြနိုင်မှုအပေါ်ဝမ်းသာပါတယ်။အခုသူဂိုးသွင်းနေတာတွေ၊ခြေစွမ်းပြနေတာနဲ့လုပ်အားတွေအပေါ်မှာဝမ်းသာပါတယ်။ဒီအတိုင်းသူဆက်ကစားသွားနိုင်ဖို့လိုပါတယ်”လို့ပြော ကြားသွားပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ၂၀၁၇ခုနှစ်တုန်းကလိုင်ယွန်မှပေါင်၄၆.၅သန်းဖြင့်ပြောင်းလာပြီးနောက်အာဆင်နယ်အတွက်၁၄၆ပွဲကစားထားရာမှာ၅၇ဂိုးသွင်းယူထားပါတယ်။

ZawGyi

လာကာဇက္တီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးကို ေႏြရာသီအထိ ေစာင့္ဆိုင္းသြားမည္ဟု အာတီတာဆို

အာဆင္နယ္ဟာလာမယ့္ေႏြရာသီတြင္မွတိုက္စစ္မႉးအလက္ဇႏၵားလာကာဇက္တီအားစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရး အတြက္ေဆြးေႏြးမႈျပဳလုပ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာအာဆင္နယ္ရဲ႕ေနာက္ဆုံး၄ပြဲမွာ၅ဂိုးသြင္းယူထားသူျဖစ္ၿပီးခ်ဲလ္ဆီး၊ဝက္စ္ဘ႐ြန္းတို႔အား ဆက္တိုက္အႏိုင္ရရွိေအာင္အဓိကေနရာမွကူညီထားသူလည္းျဖစ္ပါတယ္။

ယခုရာသီတြင္အာဆင္နယ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၉ဂိုးသြင္းယူထားတဲ့လာကာဇက္တီရဲ႕လက္ရွိစာခ်ဳပ္က၁၈ လသက္တမ္းသာက်န္ရွိေတာ့ၿပီျဖစ္ပါတယ္။အာတီတာကလာကာဇက္တီရဲ႕စာခ်ဳပ္ကိစၥအားလာမယ့္ေႏြတြင္မွေျဖ ရွင္းသြားမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အာတီတာက “ေႏြရာသီက်မွကြၽန္ေတာ္တို႔စကားေျပာသြားပါမယ္။အဲဒီက်ေတာ့မွဆုံးျဖတ္ခ်က္ခ်သြားပါမယ္။သူ႔ စာခ်ဳပ္နဲ႔ပတ္သက္ၿပီးဘာမွမေျပာရေသးပါဘူး။သူေျခစြမ္းျပႏိုင္မႈအေပၚဝမ္းသာပါတယ္။အခုသူဂိုးသြင္းေနတာေတြ၊ေျခစြမ္းျပေနတာနဲ႔လုပ္အားေတြအေပၚမွာဝမ္းသာပါတယ္။ဒီအတိုင္းသူဆက္ကစားသြားႏိုင္ဖို႔လိုပါတယ္”လို႔ေျပာ ၾကားသြားပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ၂၀၁၇ခုႏွစ္တုန္းကလိုင္ယြန္မွေပါင္၄၆.၅သန္းျဖင့္ေျပာင္းလာၿပီးေနာက္အာဆင္နယ္အတြက္၁၄၆ပြဲကစားထားရာမွာ၅၇ဂိုးသြင္းယူထားပါတယ္။