လာဇီယိုနည်းပြသစ်အဖြစ် ချဲလ်ဆီးနှင့်ဂျူဗင်တပ်နည်းပြဟောင်းဆာရီခန့်အပ်ခံရ

လာဇီယိုဟာနည်းပြသစ်အဖြစ်မော်ရီဇီယိုဆာရီအားခန့်အပ်လိုက်ပြီဖြစ်ပါတယ်။အသက်၆၂နှစ်ရှိချဲလ်ဆီးနှင့်ဂျူဗင်တပ်နည်းပြဟောင်းဟာအင်တာမီလန်ကိုကိုင်တွယ်ရန်ထွက်ခွာသွားတဲ့ဆီမြွန်နီအင်ဇာဂီရဲ့နေရာတွင်အစားထိုးခန့်အပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

လာဇီယိုဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကစီးရီးအေတွင်အဆင့်၆နေရာတွင်ရပ်တည်နိုင်ခဲ့မှုနဲ့အတူလာမယ့်ရာသီမှာယူရိုပါလိဂ်ကစားရပါမယ်။

ဆာရီဟာ၁၉၉၀ခုနှစ်များတွင်အီတလီတွင်အောက်တန်းလိဂ်များတွင်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ပြီးစတင်ခဲ့သူဖြစ်ပြီး၂၀၁၅ခုနှစ်တွင်နာပိုလီကဲ့သို့ထိပ်တန်းကလပ်ကိုကိုင်တွယ်နိုင်တဲ့အထိတိုးတက်လာခဲ့သူဖြစ်ပါတယ်။

နာပိုလီကိုကိုင်တွယ်တုန်းကသူဟာ၂၀၁၆-၁၇ရာသီမှာစီးရီးအေအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးကာအီတလီဘောလုံးလောကရဲ့အကောင်းဆုံးနည်းပြများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံလာခဲ့ရပါတယ်။

သူ့ရဲ့ဘောလုံးပိုင်ဆိုင်မှုအသာပေး၊အရှိန်မြှင့်တိုက်စစ်ကစားဟန်ကို Sarriball လို့အမည်ပေးခြင်းခံရတဲ့အထိခေါ်ဝေါ်ခြင်းခံရပါတယ်။

သူဟာချဲလ်ဆီးကိုတစ်ရာသီကိုင်တွယ်စဉ်အတွင်းယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့အပြင်ဂျူဗင်တပ်ကိုတစ်ရာသီကိုင်တွယ်တုန်းကလည်းစီးရီးအေဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

လာဇီယိုနည္းျပသစ္အျဖစ္ ခ်ဲလ္ဆီးႏွင့္ဂ်ဴဗင္တပ္နည္းျပေဟာင္းဆာရီခန႔္အပ္ခံရ

လာဇီယိုဟာနည္းျပသစ္အျဖစ္ေမာ္ရီဇီယိုဆာရီအားခန႔္အပ္လိုက္ၿပီျဖစ္ပါတယ္။အသက္၆၂ႏွစ္ရွိခ်ဲလ္ဆီးႏွင့္ဂ်ဴဗင္တပ္နည္းျပေဟာင္းဟာအင္တာမီလန္ကိုကိုင္တြယ္ရန္ထြက္ခြာသြားတဲ့ဆီႁမြန္နီအင္ဇာဂီရဲ႕ေနရာတြင္အစားထိုးခန႔္အပ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

လာဇီယိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကစီးရီးေအတြင္အဆင့္၆ေနရာတြင္ရပ္တည္ႏိုင္ခဲ့မႈနဲ႔အတူလာမယ့္ရာသီမွာယူ႐ိုပါလိဂ္ကစားရပါမယ္။

ဆာရီဟာ၁၉၉၀ခုႏွစ္မ်ားတြင္အီတလီတြင္ေအာက္တန္းလိဂ္မ်ားတြင္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ၿပီးစတင္ခဲ့သူျဖစ္ၿပီး၂၀၁၅ခုႏွစ္တြင္နာပိုလီကဲ့သို႔ထိပ္တန္းကလပ္ကိုကိုင္တြယ္ႏိုင္တဲ့အထိတိုးတက္လာခဲ့သူျဖစ္ပါတယ္။

နာပိုလီကိုကိုင္တြယ္တုန္းကသူဟာ၂၀၁၆-၁၇ရာသီမွာစီးရီးေအအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးကာအီတလီေဘာလုံးေလာကရဲ႕အေကာင္းဆုံးနည္းျပမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံလာခဲ့ရပါတယ္။

သူ႔ရဲ႕ေဘာလုံးပိုင္ဆိုင္မႈအသာေပး၊အရွိန္ျမႇင့္တိုက္စစ္ကစားဟန္ကို Sarriball လို႔အမည္ေပးျခင္းခံရတဲ့အထိေခၚေဝၚျခင္းခံရပါတယ္။

သူဟာခ်ဲလ္ဆီးကိုတစ္ရာသီကိုင္တြယ္စဥ္အတြင္းယူ႐ိုပါလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့အျပင္ဂ်ဴဗင္တပ္ကိုတစ္ရာသီကိုင္တြယ္တုန္းကလည္းစီးရီးေအဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။