လာပေါ်တာရဲ့သစ္စာဖောက်ခြင်းခံရတယ်လို့ခံစားနေရကာ နူးကမ့်သို့ ပြန်ရန် လုံးဝမစဉ်းစားတဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီမှထွက်ခွာပြီးနောက် အသင်းဟောင်းဘာစီလိုနာသို့ပြန်ပြောင်းရန်လုံးဝမစဉ်းစားကြောင်း စပိန်မီဒီယာများရဲ့ဖော်ပြနေကြပါတယ်။

မက်ဆီဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဇန်နဝါရီလမှစတင်ကာနိုင်ငံခြားကလပ်များနှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေပါတယ်။

ယခုလအစောပိုင်းတုန်းကစပိန်မီဒီယာများရဲ့ဖော်ပြချက်အရမက်ဆီဟာပီအက်စ်ဂျီမှထွက်ခွာလာတော့မှာဖြစ်ကြောင်း သိရပါတယ်။

တဖက်တွင်ဘာစီလိုနာရဲ့ဘဏ္ဍာရေးဆိုင်ရာဒုဥက္ကဌအက်ဒူယတ်ရိုမြူးက ကလပ်တွင်မက်ဆီကိုပြန်လည်ခေါ်ယူနိုင်တဲ့ဘဏ္ဍာရေးပိုင်းတောင့်တင်းမှုရှိနေကြောင်းဆိုထားပါတယ်။

ဒါပေမဲ့ယနေ့တွင် Marca ရဲ့ဖော်ပြလာမှုအရမက်ဆီဟာပီအက်စ်ဂျီမှထွက်ခွာလာပါကလည်းဘာစီလိုနာသို့ပြန်လည်လုံးဝမစဉ်းစားကြောင်းသိရပါတယ်။

မက်ဆီဟာဘာစီလိုနာဥက္ကဌလာပေါ်တာရဲ့သစ္စာဖောက်မှုကြောင့် ပီအက်စ်ဂျီသို့ပြောင်းခဲ့ရတယ်လို့ခံစားနေရပြီးကလပ်နှင့်၎င်းအကြားဆက်ဆံရေးအေးခဲလျက်ရှိနေပါတယ်။

ဒါ့အပြင်မက်ဆီဟာဘာစီလိုနာဒါရိုက်တာများကသူ့ကိုတစုံတရာတိုက်ရိုက်ဆက်သွယ်ခြင်းမပြုလုပ်ဘဲ မီဒီယာများမှတဆင့်သာပြောကြားနေမှုအပေါ်တွင်လည်း စိတ်ပျက်နေပါတယ်။

ဘာစီလိုနာအနေဖြင့်မက်ဆီကိုပြန်လည်ခေါ်ယူမည်ဆိုပါကဘဏ္ဍာရေးပိုင်းကြီးမားစွာရင်းနှီးမြှပ်နှံမှုပြုလုပ်လာရဦးမှာလည်းဖြစ်ပါတယ်။ဘာစီလိုနာဟာနွေရာသီတုန်းကစားသမားခေါ်ယူအားဖြည့်နိုင်ရေးအတွက်ကလပ်ရဲ့အနာဂတ်ရုပ်သံဝင်ငွေအပါအဝင်အမြောက်အမြားတို့အားရောင်းချမှုပြုလုပ်ခဲ့ရပါတယ်။

ZawGyi

လာေပၚတာရဲ႕သစၥာေဖာက္ျခင္းခံရတယ္လို႔ခံစားေနရကာ ႏူးကမ့္သို႔ ျပန္ရန္ လုံးဝမစဥ္းစားတဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီမွထြက္ခြာၿပီးေနာက္ အသင္းေဟာင္းဘာစီလိုနာသို႔ျပန္ေျပာင္းရန္လုံးဝမစဥ္းစားေၾကာင္း စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပေနၾကပါတယ္။

မက္ဆီဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ဇန္နဝါရီလမွစတင္ကာႏိုင္ငံျခားကလပ္မ်ားႏွင့္လြတ္လပ္စြာေဆြးေႏြးခြင့္ရွိေနပါတယ္။

ယခုလအေစာပိုင္းတုန္းကစပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရမက္ဆီဟာပီအက္စ္ဂ်ီမွထြက္ခြာလာေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

တဖက္တြင္ဘာစီလိုနာရဲ႕ဘ႑ာေရးဆိုင္ရာဒုဥကၠဌအက္ဒူယတ္႐ိုျမဴးက ကလပ္တြင္မက္ဆီကိုျပန္လည္ေခၚယူႏိုင္တဲ့ဘ႑ာေရးပိုင္းေတာင့္တင္းမႈရွိေနေၾကာင္းဆိုထားပါတယ္။

ဒါေပမဲ့ယေန႔တြင္ Marca ရဲ႕ေဖာ္ျပလာမႈအရမက္ဆီဟာပီအက္စ္ဂ်ီမွထြက္ခြာလာပါကလည္းဘာစီလိုနာသို႔ျပန္လည္လုံးဝမစဥ္းစားေၾကာင္းသိရပါတယ္။

မက္ဆီဟာဘာစီလိုနာဥကၠဌလာေပၚတာရဲ႕သစၥာေဖာက္မႈေၾကာင့္ ပီအက္စ္ဂ်ီသို႔ေျပာင္းခဲ့ရတယ္လို႔ခံစားေနရၿပီးကလပ္ႏွင့္၎အၾကားဆက္ဆံေရးေအးခဲလ်က္ရွိေနပါတယ္။

ဒါ့အျပင္မက္ဆီဟာဘာစီလိုနာဒါ႐ိုက္တာမ်ားကသူ႔ကိုတစုံတရာတိုက္႐ိုက္ဆက္သြယ္ျခင္းမျပဳလုပ္ဘဲ မီဒီယာမ်ားမွတဆင့္သာေျပာၾကားေနမႈအေပၚတြင္လည္း စိတ္ပ်က္ေနပါတယ္။

ဘာစီလိုနာအေနျဖင့္မက္ဆီကိုျပန္လည္ေခၚယူမည္ဆိုပါကဘ႑ာေရးပိုင္းႀကီးမားစြာရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္လာရဦးမွာလည္းျဖစ္ပါတယ္။ဘာစီလိုနာဟာေႏြရာသီတုန္းကစားသမားေခၚယူအားျဖည့္ႏိုင္ေရးအတြက္ကလပ္ရဲ႕အနာဂတ္႐ုပ္သံဝင္ေငြအပါအဝင္အေျမာက္အျမားတို႔အားေရာင္းခ်မႈျပဳလုပ္ခဲ့ရပါတယ္။