လာမည့်နှစ်နွေတွင် ရော်နယ်ဒိုအား‌ ခေါ်ယူပြီး အိပ်မက်တိုက်စစ်အတွဲ ဖန်တီးရန် ပီအက်စ်ဂျီစီစဉ်ထား

ပီအက်စ်ဂျီဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့အားတွဲဖက်ပေးရန်ကြံရွယ်နေကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ဟာဘောလုံးလောကကွင်းထဲတွင်နှစ်ပေါင်းများစွာတစ်ကိုယ်တော်ဆုများအတွက်ယှဉ်ပြိုင်လာခဲ့ကြသလိုဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်တို့ရဲ့ပြိုင်ဘက်မှုကိုလည်း၉နှစ်ကြာအထိပြင်းထန်စေခဲ့ကြသူများဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာယခုအပတ်အစောပိုင်းတုန်းကအသက်၃၄နှစ်ရှိလီယွန်နယ်မက်ဆီအားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ခဲ့ပါတယ်။ယခုအခါပီအက်စ်ဂျီဟာလာမယ့်နှစ်နွေရာသီတွင်ခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူရန်ကြံရွယ်နေပါတယ်။

AS သတင်းစာရဲ့ဖော်ပြချက်အရပီအက်စ်ဂျီဟာလာမယ့်နှစ်နွေရာသီတွင်ကိုင်လီယန်ဘက်ပေးအားဆုံးရှုံးရပါကခရစ္စတီယာနိုရော်နယ်ဒိုကိုလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့်ပင်ခေါ်ယူရန်ကြံစည်နေတာပါ။

အသက်၂၂နှစ်ရှိပြင်သစ်စူပါစတားဟာပီအက်စ်ဂျီနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုနေသူလည်းဖြစ်ပါတယ်။

ဘက်ပေးဟာယခုနွေရာသီမှာထွက်ခွာမယ်လို့ယူဆရသော်လည်းသူ့ကိုခေါ်ယူရန်ရီးရဲလ်မက်ဒရစ်မှာကိုဗစ်ကြောင့်ငွေကြေးအခက်အခဲများရှိနေမှုကြောင့်ခေါ်ယူနိုင်ခြင်းမရှိပါဘူး။

ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများကလည်းယခုနွေတွင်ဘက်ပေးကိုရောင်းချခြင်းထက်ယခုရာသီတွင်ဘက်ပေး၊နေမာနှင့်မက်ဆီတိုက်စစ်အတွဲတို့အားအသုံးပြုရန်ဆုံးဖြတ်ထားပါတယ်။

ZawGyi

လာမည့္ႏွစ္ေႏြတြင္ ေရာ္နယ္ဒိုအား‌ ေခၚယူၿပီး အိပ္မက္တိုက္စစ္အတြဲ ဖန္တီးရန္ ပီအက္စ္ဂ်ီစီစဥ္ထား

ပီအက္စ္ဂ်ီဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီယြန္နယ္မက္ဆီတို႔အားတြဲဖက္ေပးရန္ႀကံ႐ြယ္ေနေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီယြန္နယ္မက္ဆီတို႔ဟာေဘာလုံးေလာကကြင္းထဲတြင္ႏွစ္ေပါင္းမ်ားစြာတစ္ကိုယ္ေတာ္ဆုမ်ားအတြက္ယွဥ္ၿပိဳင္လာခဲ့ၾကသလိုဘာစီလိုနာႏွင့္ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ၿပိဳင္ဘက္မႈကိုလည္း၉ႏွစ္ၾကာအထိျပင္းထန္ေစခဲ့ၾကသူမ်ားျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာယခုအပတ္အေစာပိုင္းတုန္းကအသက္၃၄ႏွစ္ရွိလီယြန္နယ္မက္ဆီအားအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္ခဲ့ပါတယ္။ယခုအခါပီအက္စ္ဂ်ီဟာလာမယ့္ႏွစ္ေႏြရာသီတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအားေခၚယူရန္ႀကံ႐ြယ္ေနပါတယ္။

AS သတင္းစာရဲ႕ေဖာ္ျပခ်က္အရပီအက္စ္ဂ်ီဟာလာမယ့္ႏွစ္ေႏြရာသီတြင္ကိုင္လီယန္ဘက္ေပးအားဆုံးရႈံးရပါကခရစၥတီယာႏိုေရာ္နယ္ဒိုကိုလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ပင္ေခၚယူရန္ႀကံစည္ေနတာပါ။

အသက္၂၂ႏွစ္ရွိျပင္သစ္စူပါစတားဟာပီအက္စ္ဂ်ီႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ျငင္းဆိုေနသူလည္းျဖစ္ပါတယ္။

ဘက္ေပးဟာယခုေႏြရာသီမွာထြက္ခြာမယ္လို႔ယူဆရေသာ္လည္းသူ႔ကိုေခၚယူရန္ရီးရဲလ္မက္ဒရစ္မွာကိုဗစ္ေၾကာင့္ေငြေၾကးအခက္အခဲမ်ားရွိေနမႈေၾကာင့္ေခၚယူႏိုင္ျခင္းမရွိပါဘူး။

ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူမ်ားကလည္းယခုေႏြတြင္ဘက္ေပးကိုေရာင္းခ်ျခင္းထက္ယခုရာသီတြင္ဘက္ေပး၊ေနမာႏွင့္မက္ဆီတိုက္စစ္အတြဲတို႔အားအသုံးျပဳရန္ဆုံးျဖတ္ထားပါတယ္။