လာမည့်နှစ်ပတ်မှာ ရာသီကိုအဆုံးအဖြတ်ပေးလာမည်ဟု မက်ဂွိုင်းယားပြောကြား

ဟယ်ရီမက်ဂွိုင်းယားကလာမယ့်နှစ်ပတ်တာကာလမှာမန်ယူရဲ့၂၀၂၀-၂၁ဘောလုံးရာသီကိုအဆုံးအဖြတ်ပေးမယ့် ကာလဖြစ်လာမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

မန်ယူဟာယနေ့ညတွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှမန်စီးတီးကိုအီတီဟတ်သို့သွားရောက်ကာကစားသွားရပါမယ်။မန်ယူဟာနှစ်ပတ်တာကာလအတွင်းတွင်ငါးပွဲကစားသွားရပါမယ်။

ဒါ့အပြင်မန်ယူအသင်းခေါင်းဆောင်ဟာမန်စီးတီးရဲ့ပြိုင်ပွဲအရပ်ရပ်တွင်၂၁ပွဲဆက်နိုင်ပွဲရယူထားတဲ့စံချိန်ကိုအဆုံး သတ်လိုလျက်ရှိနေပါတယ်။မန်ယူဟာလည်းအဝေးကွင်း၂၂ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရရှိထားတဲ့အသင်းဖြစ်ပါတယ်။

မန်ယူဟာလာမယ့်နှစ်ပတ်တွင်အေစီမီလန်နှင့်ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲများကစားရမှာဖြစ်ပြီးဝက်စ်ဟမ်းနှင့်ပရီးမီးယားလိဂ်ပွဲအပြင်လက်စတာနှင့်အက်ဖ်အေဖလားကွာတားဖိုင်နယ်ကစားရပါမယ်။

မက်ဂွိုင်းယားက “လာမယ့်နှစ်ပတ်ကကျွန်တော်တို့ရဲ့ရာသီကိုအဆုံးအဖြတ်ပေးလာပါမယ်။ယူရိုပါလိဂ်နဲ့အက်ဖ် အေဖလားပြိုင်ပွဲတို့မှာနောက်အဆင့်သို့အထိတက်ရေးကအဓိကပါ။ဒါမှကျွန်တော်တို့ဆုဖလားတွေစတင်ရယူနိုင် ပါမယ်။ဒါပေမယ့်ပထမဆုံးအနေနဲ့မန်ချက်စတာဒါဘီရင်ဆိုင်ရပါမယ်။ဒါကလည်းအရေးကြီးတဲ့ပွဲပါ။ကျွန်တော်တို့ ဟာနောက်ဆုံးသုံးပွဲဆက်သရေကျထားပါတယ်။ဒီတော့အနိုင်လမ်းကြောင်းပေါ်သို့ပြန်ရောက်ဖို့လိုနေပါတယ်။ပြီး တော့မန်စီးတီးကိုအဝေးကွင်းမှာရင်ဆိုင်ရာမှာကျွန်တော်တို့ရလဒ်ကောင်းတွေရယူထားနိုင်ပါတယ်။အခုကာလက အရေးပါတဲ့ကာလဖြစ်ပါတယ်။ဒီလိုကလပ်မျိုးကဘယ်အရာမျိုးလင့်ထားသလဲခင်ဗျားတို့လည်းသိမှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

လာမည့္ႏွစ္ပတ္မွာ ရာသီကိုအဆုံးအျဖတ္ေပးလာမည္ဟု မက္ဂြိဳင္းယားေျပာၾကား

ဟယ္ရီမက္ဂြိဳင္းယားကလာမယ့္ႏွစ္ပတ္တာကာလမွာမန္ယူရဲ႕၂၀၂၀-၂၁ေဘာလုံးရာသီကိုအဆုံးအျဖတ္ေပးမယ့္ ကာလျဖစ္လာမွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္ယူဟာယေန႔ညတြင္ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွမန္စီးတီးကိုအီတီဟတ္သို႔သြားေရာက္ကာကစားသြားရပါမယ္။မန္ယူဟာႏွစ္ပတ္တာကာလအတြင္းတြင္ငါးပြဲကစားသြားရပါမယ္။

ဒါ့အျပင္မန္ယူအသင္းေခါင္းေဆာင္ဟာမန္စီးတီးရဲ႕ၿပိဳင္ပြဲအရပ္ရပ္တြင္၂၁ပြဲဆက္ႏိုင္ပြဲရယူထားတဲ့စံခ်ိန္ကိုအဆုံး သတ္လိုလ်က္ရွိေနပါတယ္။မန္ယူဟာလည္းအေဝးကြင္း၂၂ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရရွိထားတဲ့အသင္းျဖစ္ပါတယ္။

မန္ယူဟာလာမယ့္ႏွစ္ပတ္တြင္ေအစီမီလန္ႏွင့္ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ပြဲမ်ားကစားရမွာျဖစ္ၿပီးဝက္စ္ဟမ္းႏွင့္ပရီးမီးယားလိဂ္ပြဲအျပင္လက္စတာႏွင့္အက္ဖ္ေအဖလားကြာတားဖိုင္နယ္ကစားရပါမယ္။

မက္ဂြိဳင္းယားက “လာမယ့္ႏွစ္ပတ္ကကြၽန္ေတာ္တို႔ရဲ႕ရာသီကိုအဆုံးအျဖတ္ေပးလာပါမယ္။ယူ႐ိုပါလိဂ္နဲ႔အက္ဖ္ ေအဖလားၿပိဳင္ပြဲတို႔မွာေနာက္အဆင့္သို႔အထိတက္ေရးကအဓိကပါ။ဒါမွကြၽန္ေတာ္တို႔ဆုဖလားေတြစတင္ရယူႏိုင္ ပါမယ္။ဒါေပမယ့္ပထမဆုံးအေနနဲ႔မန္ခ်က္စတာဒါဘီရင္ဆိုင္ရပါမယ္။ဒါကလည္းအေရးႀကီးတဲ့ပြဲပါ။ကြၽန္ေတာ္တို႔ ဟာေနာက္ဆုံးသုံးပြဲဆက္သေရက်ထားပါတယ္။ဒီေတာ့အႏိုင္လမ္းေၾကာင္းေပၚသို႔ျပန္ေရာက္ဖို႔လိုေနပါတယ္။ၿပီး ေတာ့မန္စီးတီးကိုအေဝးကြင္းမွာရင္ဆိုင္ရာမွာကြၽန္ေတာ္တို႔ရလဒ္ေကာင္းေတြရယူထားႏိုင္ပါတယ္။အခုကာလက အေရးပါတဲ့ကာလျဖစ္ပါတယ္။ဒီလိုကလပ္မ်ိဳးကဘယ္အရာမ်ိဳးလင့္ထားသလဲခင္ဗ်ားတို႔လည္းသိမွာပါ”လို႔ေျပာၾကားသြားပါတယ္။