လာမည့်ရာသီတွင် မန်ယူ၊လီဗာပူးတို့တွင် ရိုဘော့ဒိုင်လူကြီးများကို ပရီးမီးယားလိဂ်သုံးသွားမည်

ပရီးမီးယားလိဂ်ဟာလာမယ့်ဘောလုံးရာသီမှာပရီးမီးယားလိဂ်ကွင်းလေးကွင်းမှာရိုဘော့ဒိုင်လူကြီးများကိုစမ်းသပ်အသုံးပြုသွားမှာဖြစ်ကြောင်းသိရပါတယ်။ပရီးမီးယားလိဂ်ဟာဖီဖာကယင်းစနစ်ကိုတစ်ကမ္ဘာလုံးတွင်အသုံးပြုရေးခွင့်ပြုချက်မပေးမီစမ်းသပ်သုံးစွဲမှုပြုလုပ်လာမှာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာလာမယ့်ဘောလုံးရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရထိပ်သီးအသင်း၄သင်းဖြစ်တဲ့ချန်ပီယံမန်စီးတီး၊မန်ယူ၊ချဲလ်ဆီး၊မန်ယူတို့ရဲ့အိမ်ကွင်းများတွင်ရိုဘော့ဒိုင်လူကြီးများထားသွားမှာလည်းဖြစ်ပါတယ်။

အထက်ပါသတင်းကVARကြောင့်စိတ်ပျက်မှုများကြုံတွေ့နေရတဲ့ပရိသတ်များအတွက်စိတ်ပျက်စရာဖြစ်နေသလိုဘောလုံးတွင်နည်းပညာအသုံးပြုမှုပိုမိုအလိုရှိနေတဲ့ပရိသတ်များအတွက်ကတော့သတင်းဆိုးတစ်ခုဖြစ်နေပါတယ်။

နည်းပညာသစ်ကို Hawk-Eye ကဘဲဖန်တီးထားတာဖြစ်ပြီးကစားသမားများရဲ့လှုပ်ရှားမှုများကိုခြေရာခံနိုင်ကာလူကျွံဘောဆုံးဖြတ်ချက်များကိုလည်းချမှတ်နိုင်ပါတယ်။

ပရီးမီးယားလိဂ်ဟာမန်စီးတီး၊မန်ယူ၊ချဲလ်ဆီး၊လီဗာပူးတို့ရဲ့ကွင်းတို့တွင်ယင်းစနစ်ကိုတပ်ဆင်ကာစမ်းသပ်အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။ဒါပေမယ့်ယင်းစနစ်ကိုစမ်းသပ်အသုံးပြုရုံမျှသာဖြစ်ပြီးဆုံးဖြတ်ချက်ရာမှာတစ်စုံတစ်ရာဝင်ရောက်စွက်ဖက်မှုမရှိပါဘူး။

Hawk-Eye ဟာအဆိုပါစနစ်ကိုပိုမိုပြီးပြည့်စုံအောင်လုပ်ဆောင်လိုနေပါတယ်။ဒါပေမယ့်ဖီဖာကတော့လာမယ့်၂၀၂၂ခုနှစ်ဆောင်းရာသီမှာကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာယင်းရိုဘော့ဒိုင်လူကြီးများကိုအသုံးပြုနိုင်ဖို့မျှော်လင့်နေပါတယ်။

ယင်းစနစ်ကကစားသမားရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း၂၉နေရာအထိခြေရာခံနိုင်ပြီးကွင်းအတွင်းရှိဒိုင်လူကြီးအားတစ်စက္ကန့်ရဲ့တစ်ဝက်မျှအချိန်အတွင်းတွင်ပင်သတင်းပို့ပေးနိုင်စွမ်းရှိပါတယ်။

ပရီးမီးယားလိဂ်ဟာရိုဘော့ဒိုင်လူကြီးအားပြီးခဲ့တဲ့ရာသီတုန်းကကွင်းတစ်ကွင်းတွင်လျို့ဝှက်စမ်းသပ်သုံးစွဲခဲ့ရာအားရစရာကောင်းတဲ့ရလဒ်ရရှိခဲ့ကြောင်းသိရပါတယ်။

ယခုအခါလာမယ့်ရာသီတွင်ရိုဘော့ဒိုင်လူကြီးများကိုအီတီဟတ်၊အိုးထရက်ဖို့ဒ်၊စတမ်းဖို့ဒ်ဘရစ်ချ်၊အန်ဖီးလ်တို့တွင်ထားကာစမ်းသပ်သွားဦးမှာဖြစ်ပါတယ်။

ဖီဖာဟာဇန်နဝါရီလတုန်းကလည်းယင်းစနစ်ကိုဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲတွင်စမ်းသပ်အသုံးပြုခဲ့ပါသေးတယ်။

ZawGyi

လာမည့္ရာသီတြင္ မန္ယူ၊လီဗာပူးတို႔တြင္ ႐ိုေဘာ့ဒိုင္လူႀကီးမ်ားကို ပရီးမီးယားလိဂ္သုံးသြားမည္

ပရီးမီးယားလိဂ္ဟာလာမယ့္ေဘာလုံးရာသီမွာပရီးမီးယားလိဂ္ကြင္းေလးကြင္းမွာ႐ိုေဘာ့ဒိုင္လူႀကီးမ်ားကိုစမ္းသပ္အသုံးျပဳသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ပရီးမီးယားလိဂ္ဟာဖီဖာကယင္းစနစ္ကိုတစ္ကမာၻလုံးတြင္အသုံးျပဳေရးခြင့္ျပဳခ်က္မေပးမီစမ္းသပ္သုံးစြဲမႈျပဳလုပ္လာမွာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာလာမယ့္ေဘာလုံးရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရထိပ္သီးအသင္း၄သင္းျဖစ္တဲ့ခ်န္ပီယံမန္စီးတီး၊မန္ယူ၊ခ်ဲလ္ဆီး၊မန္ယူတို႔ရဲ႕အိမ္ကြင္းမ်ားတြင္႐ိုေဘာ့ဒိုင္လူႀကီးမ်ားထားသြားမွာလည္းျဖစ္ပါတယ္။

အထက္ပါသတင္းကVARေၾကာင့္စိတ္ပ်က္မႈမ်ားႀကဳံေတြ႕ေနရတဲ့ပရိသတ္မ်ားအတြက္စိတ္ပ်က္စရာျဖစ္ေနသလိုေဘာလုံးတြင္နည္းပညာအသုံးျပဳမႈပိုမိုအလိုရွိေနတဲ့ပရိသတ္မ်ားအတြက္ကေတာ့သတင္းဆိုးတစ္ခုျဖစ္ေနပါတယ္။

နည္းပညာသစ္ကို Hawk-Eye ကဘဲဖန္တီးထားတာျဖစ္ၿပီးကစားသမားမ်ားရဲ႕လႈပ္ရွားမႈမ်ားကိုေျခရာခံႏိုင္ကာလူကြၽံေဘာဆုံးျဖတ္ခ်က္မ်ားကိုလည္းခ်မွတ္ႏိုင္ပါတယ္။

ပရီးမီးယားလိဂ္ဟာမန္စီးတီး၊မန္ယူ၊ခ်ဲလ္ဆီး၊လီဗာပူးတို႔ရဲ႕ကြင္းတို႔တြင္ယင္းစနစ္ကိုတပ္ဆင္ကာစမ္းသပ္အသုံးျပဳသြားမွာလည္းျဖစ္ပါတယ္။ဒါေပမယ့္ယင္းစနစ္ကိုစမ္းသပ္အသုံးျပဳ႐ုံမွ်သာျဖစ္ၿပီးဆုံးျဖတ္ခ်က္ရာမွာတစ္စုံတစ္ရာဝင္ေရာက္စြက္ဖက္မႈမရွိပါဘူး။

Hawk-Eye ဟာအဆိုပါစနစ္ကိုပိုမိုၿပီးျပည့္စုံေအာင္လုပ္ေဆာင္လိုေနပါတယ္။ဒါေပမယ့္ဖီဖာကေတာ့လာမယ့္၂၀၂၂ခုႏွစ္ေဆာင္းရာသီမွာက်င္းပမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲမွာယင္း႐ိုေဘာ့ဒိုင္လူႀကီးမ်ားကိုအသုံးျပဳႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။

ယင္းစနစ္ကကစားသမားရဲ႕ခႏၶာကိုယ္အစိတ္အပိုင္း၂၉ေနရာအထိေျခရာခံႏိုင္ၿပီးကြင္းအတြင္းရွိဒိုင္လူႀကီးအားတစ္စကၠန႔္ရဲ႕တစ္ဝက္မွ်အခ်ိန္အတြင္းတြင္ပင္သတင္းပို႔ေပးႏိုင္စြမ္းရွိပါတယ္။

ပရီးမီးယားလိဂ္ဟာ႐ိုေဘာ့ဒိုင္လူႀကီးအားၿပီးခဲ့တဲ့ရာသီတုန္းကကြင္းတစ္ကြင္းတြင္လ်ိဳ႕ဝွက္စမ္းသပ္သုံးစြဲခဲ့ရာအားရစရာေကာင္းတဲ့ရလဒ္ရရွိခဲ့ေၾကာင္းသိရပါတယ္။

ယခုအခါလာမယ့္ရာသီတြင္႐ိုေဘာ့ဒိုင္လူႀကီးမ်ားကိုအီတီဟတ္၊အိုးထရက္ဖို႔ဒ္၊စတမ္းဖို႔ဒ္ဘရစ္ခ်္၊အန္ဖီးလ္တို႔တြင္ထားကာစမ္းသပ္သြားဦးမွာျဖစ္ပါတယ္။

ဖီဖာဟာဇန္နဝါရီလတုန္းကလည္းယင္းစနစ္ကိုဖီဖာကမာၻ႔ကလပ္ဖလားၿပိဳင္ပြဲတြင္စမ္းသပ္အသုံးျပဳခဲ့ပါေသးတယ္။