လာမည့်လတွင် ရပ်ရှ်ဖို့ဒ် ပြန်ကစားနိုင်မည်ဟု ဆိုးလ်ရှားအတည်ပြု

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်မှာလာမယ့်လတွင် အသင်းအတွက်ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

အသက်၂၃နှစ်ရှိတိုက်စစ်မှူးဟာအင်္ဂလန်နှင့်အတူယူရို၂၀၂၀ပြိုင်ပွဲကစားပြီးနောက်ကာလရှည်ကြာဒုက္ခပေးလာတဲ့ပုခုံးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့သူဖြစ်ပါတယ်။

သူဟာဖေဖော်ဝါရီလကတည်းကပုခုံးဒဏ်ရာရရှိခဲ့ပေမယ့်ယူရို၂၀၂၀ပြိုင်ပွဲရှိနေမှုကြောင့် အကိုက်အခဲပျောက်ဆေးထိုးကာကစားလာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာပုခုံးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက်ဒဏ်ရာအခြေအနေမှာအံ့ဩသင့်ဖွယ်တိုးတက်ကောင်းမွန်ကာအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းလာတာအနည်းငယ်ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။

ဒါပေမယ့်မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာပွဲကစားနိုင်တဲ့ကြံ့ခိုင်မှုပိုင်းမပြည့်ဝသေးမှုနှင့်အတူပွဲကစားရန်စောင့်ဆိုင်းလာခဲ့ရတာဖြစ်ပြီးယခုအခါ နောက်တစ်ပတ်အကြာတွင်မန်ယူအတွက်ကစားရန်အသင့်ဖြစ်နေတော့မှာဖြစ်ပါတယ်။

ZawGyi

လာမည့္လတြင္ ရပ္ရွ္ဖို႔ဒ္ ျပန္ကစားႏိုင္မည္ဟု ဆိုးလ္ရွားအတည္ျပဳ

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကတိုက္စစ္မႉးမားကပ္စ္ရပ္ရွ္ဖို႔ဒ္မွာလာမယ့္လတြင္ အသင္းအတြက္ျပန္ကစားႏိုင္ေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။

အသက္၂၃ႏွစ္ရွိတိုက္စစ္မႉးဟာအဂၤလန္ႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားၿပီးေနာက္ကာလရွည္ၾကာဒုကၡေပးလာတဲ့ပုခုံးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့သူျဖစ္ပါတယ္။

သူဟာေဖေဖာ္ဝါရီလကတည္းကပုခုံးဒဏ္ရာရရွိခဲ့ေပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲရွိေနမႈေၾကာင့္ အကိုက္အခဲေပ်ာက္ေဆးထိုးကာကစားလာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာပုခုံးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ၿပီးေနာက္ဒဏ္ရာအေျခအေနမွာအံ့ဩသင့္ဖြယ္တိုးတက္ေကာင္းမြန္ကာအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းလာတာအနည္းငယ္ၾကာျမင့္လာၿပီလည္းျဖစ္ပါတယ္။

ဒါေပမယ့္မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာပြဲကစားႏိုင္တဲ့ႀကံ့ခိုင္မႈပိုင္းမျပည့္ဝေသးမႈႏွင့္အတူပြဲကစားရန္ေစာင့္ဆိုင္းလာခဲ့ရတာျဖစ္ၿပီးယခုအခါ ေနာက္တစ္ပတ္အၾကာတြင္မန္ယူအတြက္ကစားရန္အသင့္ျဖစ္ေနေတာ့မွာျဖစ္ပါတယ္။