လာမည့်အပတ်တွင်မှ မန်ယူအတွက် ပထမဆုံးပွဲထွက်ကစားလာနိုင်ဖို့ ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်ပထမဆုံးပွဲထွက်ကစားမှုအားလာမယ့်အပတ်အင်္ဂါနေ့အထိစောင့်ဆိုင်းရမယ့်အခြေအနေမှာရှိနေပါတယ်။

ရော်နယ်ဒိုဟာကိုဗစ်စည်းမျဉ်းကြောင့်ချီရှိုင်းယားရှိနေအိမ်မှာကွာရန်တင်းဝင်နေရပြီးစနေနေ့တွင်ကစားမယ့်နယူးကာဆယ်ပွဲမတိုင်မီမန်ယူကစားဖော်များနှင့်တစ်ကြိမ်တည်းသာလေ့ကျင့်ခန်းပြုလုပ်နိုင်ပါမယ်။

ဒါကြောင့်လည်းမန်ယူနည်းပြဆိုးလ်ရှားဟာစနေနေ့နယူးကာဆယ်နှင့်ပွဲစဉ်မှာခရစ္စတီယာနိုရော်နယ်ဒိုကိုပွဲထွက်ကစားစေဖို့မရှိဘဲအရန်စာရင်းမှာသာထည့်သွင်းလာဖို့ရှိနေပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုဟာကြံ့ခိုင်မှုမပြည့်ဝသူတော့မဟုတ်ပါဘူး။သူဟာအိုင်ယာလန်နှင့်ပွဲမှာပွဲချိန်ပြည့်ကစားပြီးပွဲပြီးခါနီးမှာချေပဂိုးနဲ့အနိုင်ဂိုးတို့ကိုသွင်းယူခဲ့သူဖြစ်ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာခရစ္စတီယာနိုရော်နယ်ဒိုအားလာမယ့်အပတ်အင်္ဂါနေ့မှာဆွစ်ဇာလန်သို့သွားရောက်ကစားရမယ့်ယန်းဘွိုင်းနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်မှပွဲထွက်ကစားသမားအဖြစ်အသုံးပြုလာဖို့ရှိနေပါတယ်။

ZawGyi

လာမည့္အပတ္တြင္မွ မန္ယူအတြက္ ပထမဆုံးပြဲထြက္ကစားလာႏိုင္ဖို႔ ရွိေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအတြက္ပထမဆုံးပြဲထြက္ကစားမႈအားလာမယ့္အပတ္အဂၤါေန႔အထိေစာင့္ဆိုင္းရမယ့္အေျခအေနမွာရွိေနပါတယ္။

ေရာ္နယ္ဒိုဟာကိုဗစ္စည္းမ်ဥ္းေၾကာင့္ခ်ီရႈိင္းယားရွိေနအိမ္မွာကြာရန္တင္းဝင္ေနရၿပီးစေနေန႔တြင္ကစားမယ့္နယူးကာဆယ္ပြဲမတိုင္မီမန္ယူကစားေဖာ္မ်ားႏွင့္တစ္ႀကိမ္တည္းသာေလ့က်င့္ခန္းျပဳလုပ္ႏိုင္ပါမယ္။

ဒါေၾကာင့္လည္းမန္ယူနည္းျပဆိုးလ္ရွားဟာစေနေန႔နယူးကာဆယ္ႏွင့္ပြဲစဥ္မွာခရစၥတီယာႏိုေရာ္နယ္ဒိုကိုပြဲထြက္ကစားေစဖို႔မရွိဘဲအရန္စာရင္းမွာသာထည့္သြင္းလာဖို႔ရွိေနပါတယ္။

ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာႀကံ့ခိုင္မႈမျပည့္ဝသူေတာ့မဟုတ္ပါဘူး။သူဟာအိုင္ယာလန္ႏွင့္ပြဲမွာပြဲခ်ိန္ျပည့္ကစားၿပီးပြဲၿပီးခါနီးမွာေခ်ပဂိုးနဲ႔အႏိုင္ဂိုးတို႔ကိုသြင္းယူခဲ့သူျဖစ္ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားလာမယ့္အပတ္အဂၤါေန႔မွာဆြစ္ဇာလန္သို႔သြားေရာက္ကစားရမယ့္ယန္းဘြိဳင္းႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္မွပြဲထြက္ကစားသမားအျဖစ္အသုံးျပဳလာဖို႔ရွိေနပါတယ္။