လာမည့်အပတ်တွင် ဗာရိန်းနှင့်ထရစ်ပီယာအပြောင်းအရွှေ့ကို သရဲနီကြေညာမည်

မန်ယူအသင်းဟာလာမယ့်အပတ်တွင်ရာဖေးလ်ဗာရိန်းနှင့်ကီရန်ထရစ်ပီယာတို့ရဲ့အပြောင်းအရွှေ့ကိုကြေညာသွားရန် လုပ်ဆောင်နေကြောင်းသိရပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကထိပ်ဆုံးမှမန်စီးတီးနှင့်ရမှတ်၁၂မှတ်ကွာဟကာရပ်တည်ခဲ့ရပြီးနောက်ယခုနွေရာသီတွင်ကစားသမားသစ်ခေါ်ယူအားဖြည့်မှုပြုလုပ်ရန်လုပ်ဆောင်နေပါတယ်။

မန်ယူဟာနှစ်အတန်ကြာကစားတည်းကခေါ်ယူရန်စိတ်ဝင်စားလာခဲ့တဲ့ရိးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူဗာရိန်းကိုပေါင်သန်း၅၀ဖြင့်လည်းကောင်း၊အက်သလက်တီကိုညာနောက်ခံလူထရစ်ပီယာကိုပေါင်၁၈သန်းဖြင့်လည်းကောင်းခေါ်ယူမှုပြုလုပ်သွားပါမယ်။

ပြင်သစ်လက်ရွေးစင်ဟာရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ရာရီးရဲလ်မက်ဒရစ်အနေဖြင့်ရောင်းချရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင်အက်သလက်တီကိုတွင်နှစ်ရာသီကြာကစားလာခဲ့တဲ့ထရစ်ပီယာမှာလည်းမန်ယူသို့ပြောင်းရွှေ့ရန်ဆန္ဒပြင်းပြနေပါတယ်။

မန်ယူဟာဗာရိန်းနှင့်ထရစ်ပီယာတို့အားခေါ်ယူပြီးပါကယခုနွေရာသီအသုံးစရိတ်မှာပေါင်သန်း၁၄၀အထိရှိလာမှာဖြစ်ပါတယ်။

ZawGyi

လာမည့္အပတ္တြင္ ဗာရိန္းႏွင့္ထရစ္ပီယာအေျပာင္းအေ႐ႊ႕ကို သရဲနီေၾကညာမည္

မန္ယူအသင္းဟာလာမယ့္အပတ္တြင္ရာေဖးလ္ဗာရိန္းႏွင့္ကီရန္ထရစ္ပီယာတို႔ရဲ႕အေျပာင္းအေ႐ႊ႕ကိုေၾကညာသြားရန္ လုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကထိပ္ဆုံးမွမန္စီးတီးႏွင့္ရမွတ္၁၂မွတ္ကြာဟကာရပ္တည္ခဲ့ရၿပီးေနာက္ယခုေႏြရာသီတြင္ကစားသမားသစ္ေခၚယူအားျဖည့္မႈျပဳလုပ္ရန္လုပ္ေဆာင္ေနပါတယ္။

မန္ယူဟာႏွစ္အတန္ၾကာကစားတည္းကေခၚယူရန္စိတ္ဝင္စားလာခဲ့တဲ့ရိးရဲလ္မက္ဒရစ္ဗဟိုေနာက္ခံလူဗာရိန္းကိုေပါင္သန္း၅၀ျဖင့္လည္းေကာင္း၊အက္သလက္တီကိုညာေနာက္ခံလူထရစ္ပီယာကိုေပါင္၁၈သန္းျဖင့္လည္းေကာင္းေခၚယူမႈျပဳလုပ္သြားပါမယ္။

ျပင္သစ္လက္ေ႐ြးစင္ဟာရီးရဲလ္မက္ဒရစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ရာရီးရဲလ္မက္ဒရစ္အေနျဖင့္ေရာင္းခ်ရေတာ့မွာျဖစ္ပါတယ္။

ဒါ့အျပင္အက္သလက္တီကိုတြင္ႏွစ္ရာသီၾကာကစားလာခဲ့တဲ့ထရစ္ပီယာမွာလည္းမန္ယူသို႔ေျပာင္းေ႐ႊ႕ရန္ဆႏၵျပင္းျပေနပါတယ္။

မန္ယူဟာဗာရိန္းႏွင့္ထရစ္ပီယာတို႔အားေခၚယူၿပီးပါကယခုေႏြရာသီအသုံးစရိတ္မွာေပါင္သန္း၁၄၀အထိရွိလာမွာျဖစ္ပါတယ္။