
မန်ယူပူးတွဲပိုင်ရှင်ဂျိုယေးဂလေဇာကလာမယ့်အပြောင်းအရွှေ့ဈေးကွက်များတွင်လည်းငွေကြေးများစွာဆက်လက်အသုံးပြုပြီးမန်ယူကိုဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်းမန်ယူပရိသတ်များကိုကတိပြုလိုက်ပါတယ်။
အသက်၅၄နှစ်ရှိအမေရိကန်သန်းကြွယ်သူဌေးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကမန်ယူအသင်းရဲ့ကစားသမားခေါ်ယူအားဖြည့်မှုအပေါ်ကျေနပ်အားရမှုရှိနေပေမယ့်လည်းအသင်းကိုပိုကောင်းအောင်လုပ်ဆောင်ရဦးမယ်လို့ယုံကြည်နေပါတယ်။
မန်ယူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကကာလရှည်ကြာခေါ်ယူရန်ကြိုးပမ်းလာခဲ့တဲ့ဆန်ချိုနှင့်ဗာရိန်းတို့အပြင်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုလည်းအိုးထရက်ဖို့ဒ်သို့ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။
မန်ယူပရိသတ်များနှင့်အွန်လိုင်းတွေ့ဆုံမှုတွင်ဂျိုယေးဂလေဇာက “နွေရာသီမှာလုပ်ဆောင်နိုင်ခဲ့တာတွေအတွက်အရမ်းပျော်ပါတယ်။ပိုကောင်းအောင်အမြဲလုပ်ပါမယ်။လုပ်စရာတွေလည်းကျန်ပါသေးတယ်။အရေးအကြီးဆုံးကတော့ကွင်းထဲမှာအောင်မြင်မှုရနေဖို့ပါ”လို့ပြောကြားခဲ့ပါတယ်။
မန်ယူဟာနွေရာသီတုန်းကခံစစ်နှင့်တိုက်စစ်ကိုအားဖြည့်နိုင်ခဲ့သော်လည်းကွင်းလယ်အဖျက်တစ်ဦးခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပါဘူး။
မန်ယူဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာဝက်စ်ဟမ်းကွင်းလယ်ကစားသမားဒက်လန်းရိုက်စ်ကိုပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀အသုံးပြုကာခေါ်ယူဖို့ကြိုးစားလာဖို့ရှိနေပါတယ်။
ZawGyi
လာမည့္အေျပာင္းအေ႐ႊ႕ေဈးကြက္မ်ားတြင္ ေငြဆက္သုံးကာ မန္ယူကို ဆက္လက္တည္ေဆာက္ေပးမည္ဟု ဂေလဇာမိသားစုကတိျပဳ
မန္ယူပူးတြဲပိုင္ရွင္ဂ်ိဳေယးဂေလဇာကလာမယ့္အေျပာင္းအေ႐ႊ႕ေဈးကြက္မ်ားတြင္လည္းေငြေၾကးမ်ားစြာဆက္လက္အသုံးျပဳၿပီးမန္ယူကိုဆက္လက္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္းမန္ယူပရိသတ္မ်ားကိုကတိျပဳလိုက္ပါတယ္။
အသက္၅၄ႏွစ္ရွိအေမရိကန္သန္းႂကြယ္သူေဌးဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကမန္ယူအသင္းရဲ႕ကစားသမားေခၚယူအားျဖည့္မႈအေပၚေက်နပ္အားရမႈရွိေနေပမယ့္လည္းအသင္းကိုပိုေကာင္းေအာင္လုပ္ေဆာင္ရဦးမယ္လို႔ယုံၾကည္ေနပါတယ္။
မန္ယူဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကကာလရွည္ၾကာေခၚယူရန္ႀကိဳးပမ္းလာခဲ့တဲ့ဆန္ခ်ိဳႏွင့္ဗာရိန္းတို႔အျပင္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုကိုလည္းအိုးထရက္ဖို႔ဒ္သို႔ျပန္လည္ေခၚေဆာင္ႏိုင္ခဲ့ပါတယ္။
မန္ယူပရိသတ္မ်ားႏွင့္အြန္လိုင္းေတြ႕ဆုံမႈတြင္ဂ်ိဳေယးဂေလဇာက “ေႏြရာသီမွာလုပ္ေဆာင္ႏိုင္ခဲ့တာေတြအတြက္အရမ္းေပ်ာ္ပါတယ္။ပိုေကာင္းေအာင္အၿမဲလုပ္ပါမယ္။လုပ္စရာေတြလည္းက်န္ပါေသးတယ္။အေရးအႀကီးဆုံးကေတာ့ကြင္းထဲမွာေအာင္ျမင္မႈရေနဖို႔ပါ”လို႔ေျပာၾကားခဲ့ပါတယ္။
မန္ယူဟာေႏြရာသီတုန္းကခံစစ္ႏွင့္တိုက္စစ္ကိုအားျဖည့္ႏိုင္ခဲ့ေသာ္လည္းကြင္းလယ္အဖ်က္တစ္ဦးေခၚယူရန္ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့ပါဘူး။
မန္ယူဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဝက္စ္ဟမ္းကြင္းလယ္ကစားသမားဒက္လန္း႐ိုက္စ္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀အသုံးျပဳကာေခၚယူဖို႔ႀကိဳးစားလာဖို႔ရွိေနပါတယ္။