လာမယ့်နာရီအနည်းငယ်အတွင်းတွင် အန်ဆယ်လော့တီအား ချက်ချင်းခန့်အပ်ရန် ရီးရဲလ်ကြိုးပမ်းနေ

ရီးရဲလ်မက်ဒရစ်ဟာရာထူးမှနုတ်ထွက်သွားတဲ့ဇီဒန်းနေရာတွင်ကာလိုအန်ဆယ်လော့တီနှင့်ချက်ချင်းအစားထိုးနိုင်ရေးအတွက်ကြိုးပမ်းနေကြောင်းသိရပါတယ်။

လာလီဂါထိပ်သီးဟာပြီးခဲ့တဲ့အပတ်တုန်းကရာထူးမှနုတ်ထွက်သွားတဲ့နည်းပြဇီဒန်းနေရာတွင်အစားထိုးရန်နည်းပြသစ်ရှာဖွေနေပါတယ်။

Marca ရဲ့ဖော်ပြချက်အရရီးရဲလ်မက်ဒရစ်ဟာနည်းပြဟောင်းအန်ဆယ်လော့တီအားဘာနေဗျူးသို့ပြန်လည်ခေါ်ဆောင်ရေးအတွက်ကြိုးပမ်းနေကြောင်းသိရပါတယ်။

အီတလီလူမျိုးနည်းပြဟာရီးရဲလ်မက်ဒရစ်ကို၂၀၁၃ခုနှစ်မှ၂၀၁၅ခုနှစ်အထိကိုင်တွယ်ခဲ့ဖူးပြီး၁၁၉ပွဲကိုင်တွယ်ခဲ့ရာမှာအနိုင်ရာခိုင်နှုန်း၇၅ရာခိုင်နှုန်းအထိရရှိခဲ့သူလည်းဖြစ်ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်အတွက်ချန်ပီယံလိဂ်ဖလား၊ကိုပါဒယ်ရေးနှင့်ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ရယူပေးနိုင်ခဲ့ပေမယ့်ထုတ်ပယ်ခံခဲ့ရပါတယ်။

သူဟာအဲဗာတန်နှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးကွင်းသစ်ဖွင့်လှစ်တဲ့အထိ ကိုင်တွယ်သွားရန်ဆန္ဒရှိသော်လည်းရီးရဲလ်မက်ဒရစ်ရဲ့ဆက်သွယ်လာမှုကပယ်ချရန်ခက်ခဲနေပါတယ်။

လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်နှင့်အန်ဆယ်လော့တီအကြားတွင်သဘောတူညီမှုမရရှိသေးသော်လည်းဆွေးနွေးမှုများစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာနည်းပြသစ်အတွက်အချိန်ပေးဆွေးနွေးမှုပြုလုပ်လိုခြင်းမရှိဘဲချက်ချင်းဘဲခန့်အပ်လိုနေကြောင်းလည်းသိရပါတယ်။

ZawGyi

လာမယ့္နာရီအနည္းငယ္အတြင္းတြင္ အန္ဆယ္ေလာ့တီအား ခ်က္ခ်င္းခန႔္အပ္ရန္ ရီးရဲလ္ႀကိဳးပမ္းေန

ရီးရဲလ္မက္ဒရစ္ဟာရာထူးမွႏုတ္ထြက္သြားတဲ့ဇီဒန္းေနရာတြင္ကာလိုအန္ဆယ္ေလာ့တီႏွင့္ခ်က္ခ်င္းအစားထိုးႏိုင္ေရးအတြက္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

လာလီဂါထိပ္သီးဟာၿပီးခဲ့တဲ့အပတ္တုန္းကရာထူးမွႏုတ္ထြက္သြားတဲ့နည္းျပဇီဒန္းေနရာတြင္အစားထိုးရန္နည္းျပသစ္ရွာေဖြေနပါတယ္။

Marca ရဲ႕ေဖာ္ျပခ်က္အရရီးရဲလ္မက္ဒရစ္ဟာနည္းျပေဟာင္းအန္ဆယ္ေလာ့တီအားဘာေနဗ်ဴးသို႔ျပန္လည္ေခၚေဆာင္ေရးအတြက္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

အီတလီလူမ်ိဳးနည္းျပဟာရီးရဲလ္မက္ဒရစ္ကို၂၀၁၃ခုႏွစ္မွ၂၀၁၅ခုႏွစ္အထိကိုင္တြယ္ခဲ့ဖူးၿပီး၁၁၉ပြဲကိုင္တြယ္ခဲ့ရာမွာအႏိုင္ရာခိုင္ႏႈန္း၇၅ရာခိုင္ႏႈန္းအထိရရွိခဲ့သူလည္းျဖစ္ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္အတြက္ခ်န္ပီယံလိဂ္ဖလား၊ကိုပါဒယ္ေရးႏွင့္ဖီဖာကမာၻ႔ကလပ္ဖလားတို႔ရယူေပးႏိုင္ခဲ့ေပမယ့္ထုတ္ပယ္ခံခဲ့ရပါတယ္။

သူဟာအဲဗာတန္ႏွင့္၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးကြင္းသစ္ဖြင့္လွစ္တဲ့အထိ ကိုင္တြယ္သြားရန္ဆႏၵရွိေသာ္လည္းရီးရဲလ္မက္ဒရစ္ရဲ႕ဆက္သြယ္လာမႈကပယ္ခ်ရန္ခက္ခဲေနပါတယ္။

လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္အန္ဆယ္ေလာ့တီအၾကားတြင္သေဘာတူညီမႈမရရွိေသးေသာ္လည္းေဆြးေႏြးမႈမ်ားစတင္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ဟာနည္းျပသစ္အတြက္အခ်ိန္ေပးေဆြးေႏြးမႈျပဳလုပ္လိုျခင္းမရွိဘဲခ်က္ခ်င္းဘဲခန႔္အပ္လိုေနေၾကာင္းလည္းသိရပါတယ္။