လာမယ့်နွေတွင် ကမ္ဘာ့အဆင့်ကစားသမား ၃ ဦးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူသွားမယ့် ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ကမ္ဘာ့အဆင့်ကစားသမား၃ဦးတို့အားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်ကြိုးပမ်းသွားမယ်လို့သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နွေရာသီတွင်ကြယ်ပွင့်ကစားသမားများကိုခေါ်ယူရန်ပစ်မှတ်ထားနေပြီးဥရောပတလွှားမှထိပ်တန်းကစားသမားများကိုစောင့်ကြည့်မှုပြုလုပ်နေပါတယ်။
အန်ဆယ်လော့တီရဲ့ရီးရဲလ်မက်ဒရစ်ဟာဥရောပမှထိပ်သီးကစားသမားသုံးဦးကို ငွေကြေးတစ်ပြားမှမသုံးဘဲအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နွေရာသီတွင်ကိုင်လီယန်ဘက်ပေး၊ပေါလ်ပေါ့ဘာနှင့်အန်တိုနီယိုရူဒီဂါတို့ကိုခေါ်ယူရန်ပစ်မှတ်ထားနေတာပါ။
ယင်းကစားသမားသုံးဦးတို့ဟာယခုရာသီအကုန်တွင်သက်ဆိုင်ရာကလပ်အသီးသီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူများဖြစ်ကြပြီး စာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုထားကြသူများလည်းဖြစ်ပါတယ်။၊
ရီးရဲလ်မက်ဒရစ်ရဲ့ပစ်မှတ်ထားကစားသမားသုံးဦးတွင်ကိုင်လီယန်ဘက်ပေးမှာနံပါတ်တစ်ပစ်မှတ်ဖြစ်ပြီးကာလရှည်ကြာခေါ်ယူရန်ကြိုးပမ်းလာခဲ့သူလည်းဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတုန်းကဘက်ပေးကိုယူရိုသန်း၂၀၀အထိပေးပြီးကမ်းလှမ်းခဲ့ပေမယ့်ပယ်ချခြင်းခံခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာအထက်ပါကစားသမားသုံးဦးလုံးကိုလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာအကြိုစာချုပ်ချုပ်ဆိုနိုင်ရေးကြိုးပမ်းမှုပြလုပ်သွားပါမယ်။
တစ်ဖက်တွင်ရီးရဲလ်မက်ဒရစ်ဟာလာမယ့်ဇန်နဝါရီ(သို့မဟုတ်)နွေရာသီတွင်အသင်းရှိကစားသမားလေးဦးနှင့်လမ်းခွဲရန်စီစဉ်နေပါတယ်။ရီးရဲလ်မက်ဒရစ်ဟာအစ္စကို၊မာဆယ်လို၊အေဒင်ဟာဇက်နှင့်ဂါရတ်ဘေးလ်တို့ကိုလက်လွှတ်သွားပါမယ်။
ZawGyi