လာမယ့်နွေတွင် အက်သလက်တီကိုမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခွင့်ရှိနေတဲ့ လူးဝစ်ဆွာရက်ဇ်

လူးဝစ်ဆွာရက်ဇ်ဟာအက်သလက်တီကိုသို့ရောက်ပြီးတစ်ရာသီပြည့်မယ့်လာမယ့်နွေရာသီအပြောင်းအရွှေ့တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်မယ့်အချက်ကိုစာချုပ်အတွင်းတွင်ထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။

အသက်၃၄နှစ်ရှိဥရုဂွေးတိုက်စစ်မှူးဟာစက်တင်ဘာလတုန်းကဘာစီလိုနာမှအက်သလက်တီကိုမက်ဒရစ်သို့၂ နှစ်စာချုပ်ဖြင့်ရောက်လာသူဖြစ်ပါတယ်။သူဟာအက်သလက်တီကိုအတွက်လာလီဂါပွဲ၁၈ပွဲကစားထားရာတွင်၁၆ဂိုးအထိသွင်းယူပြီးလာလီဂါဂိုးသွင်းဘုရင်နေရာအားဦးဆောင်နေပါတယ်။

ဒါပေမယ့်မာကာသတင်းစာရဲ့ဖော်ပြချက်အရလူးဝစ်ဆွာရက်ဇ်ဟာနွေရာသီတုန်းကချုပ်ဆိုခဲ့တဲ့စာချုပ်အတွင်းတွင် လာမယ့်ဇွန်လ၃၀တွင်စတင်အကျုံးဝင်မယ့်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်တဲ့အချက်ကိုထည့်သွင်းချုပ်ဆို ထားကြောင်းသိရပါတယ်။

ယင်းသို့ထွက်ခွာနိုင်တဲ့အချက်ပါဝင်ပေမယ့်လည်းလူးဝစ်ဆွာရက်ဇ်ဟာနည်းပြဒီယေဂိုဆီမြွန်နီနှင့်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမှု၊ကစားဖော်များရဲ့လေးစားမှုရရှိမှုနဲ့အတူအက်သလက်တီကိုတွင်ပျော်ရွှင်နေပြီးထွက်ခွာရန် အစီအစဉ်မရှိကြောင်းသိရပါတယ်။

အသက်၃၄နှစ်ရှိလူးဝစ်ဆွာရက်ဇ်ဟာယခုရာသီတွင်အက်သလက်တီကိုအတွက်လာလီဂါဂိုး၁၅ဂိုးသွင်းယူထားနိုင်ပြီးမှုနဲ့အတူအပိုဆုကြေးပေါင်၁သန်းရရှိထားပြီးဖြစ်ပါတယ်။သူဟာယခုရာသီတွင်လာလီဂါဂိုး၂၀အထိသွင်းယူနိုင်ပါကလုပ်ခတိုးမြှင့်ရရှိမယ့်အပြင်အပိုဆုကြေးပါရရှိဦးမှာလည်းဖြစ်ပါတယ်။

ZawGyi

လာမယ့္ေႏြတြင္ အက္သလက္တီကိုမွ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခြင့္ရွိေနတဲ့ လူးဝစ္ဆြာရက္ဇ္

လူးဝစ္ဆြာရက္ဇ္ဟာအက္သလက္တီကိုသို႔ေရာက္ၿပီးတစ္ရာသီျပည့္မယ့္လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕တြင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္မယ့္အခ်က္ကိုစာခ်ဳပ္အတြင္းတြင္ထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။

အသက္၃၄ႏွစ္ရွိဥ႐ုေဂြးတိုက္စစ္မႉးဟာစက္တင္ဘာလတုန္းကဘာစီလိုနာမွအက္သလက္တီကိုမက္ဒရစ္သို႔၂ ႏွစ္စာခ်ဳပ္ျဖင့္ေရာက္လာသူျဖစ္ပါတယ္။သူဟာအက္သလက္တီကိုအတြက္လာလီဂါပြဲ၁၈ပြဲကစားထားရာတြင္၁၆ဂိုးအထိသြင္းယူၿပီးလာလီဂါဂိုးသြင္းဘုရင္ေနရာအားဦးေဆာင္ေနပါတယ္။

ဒါေပမယ့္မာကာသတင္းစာရဲ႕ေဖာ္ျပခ်က္အရလူးဝစ္ဆြာရက္ဇ္ဟာေႏြရာသီတုန္းကခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္အတြင္းတြင္ လာမယ့္ဇြန္လ၃၀တြင္စတင္အက်ဳံးဝင္မယ့္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္တဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆို ထားေၾကာင္းသိရပါတယ္။

ယင္းသို႔ထြက္ခြာႏိုင္တဲ့အခ်က္ပါဝင္ေပမယ့္လည္းလူးဝစ္ဆြာရက္ဇ္ဟာနည္းျပဒီေယဂိုဆီႁမြန္နီႏွင့္ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိမႈ၊ကစားေဖာ္မ်ားရဲ႕ေလးစားမႈရရွိမႈနဲ႔အတူအက္သလက္တီကိုတြင္ေပ်ာ္႐ႊင္ေနၿပီးထြက္ခြာရန္ အစီအစဥ္မရွိေၾကာင္းသိရပါတယ္။

အသက္၃၄ႏွစ္ရွိလူးဝစ္ဆြာရက္ဇ္ဟာယခုရာသီတြင္အက္သလက္တီကိုအတြက္လာလီဂါဂိုး၁၅ဂိုးသြင္းယူထားႏိုင္ၿပီးမႈနဲ႔အတူအပိုဆုေၾကးေပါင္၁သန္းရရွိထားၿပီးျဖစ္ပါတယ္။သူဟာယခုရာသီတြင္လာလီဂါဂိုး၂၀အထိသြင္းယူႏိုင္ပါကလုပ္ခတိုးျမႇင့္ရရွိမယ့္အျပင္အပိုဆုေၾကးပါရရွိဦးမွာလည္းျဖစ္ပါတယ္။