လာမယ့်နွေရာသီတွင် မေဆင်မောင့်၊ ကိုဗာဆစ်အပါအဝင် ကစားသမား ၁၄ ဦးအထိ အကြီးအကျယ်ရှင်းလင်းလာမဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလေးဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမား၁၄ဦးအထိအကြီးအကျယ်ရှင်းလင်းမှုပြုလုပ်လာပါမယ်။

တော့ဒ်ဘိုလေးဟာချဲလ်ဆီးကိုဝယ်ယူပြီးတဲ့နောက်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကပေါင်၃၂၃သန်းအသုံးပြုခဲ့ကာကစားသမားသစ်ဝယ်ယူရေးအတွက်စုစုပေါင်းပေါင်သန်း၅၀၀ကျော်အသုံးပြုထားပြီးဖြစ်ပါတယ်။

ချဲလ်ဆီးဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မူ စာချုပ်သက်တမ်းတစ်နှစ်ကျန်ထဲသို့တိုးဝင်လာမယ့်ကစားသမားအားလုံးကိုရှင်းထုတ်သွားမဲ့အပြင် ၂နှစ်နှင့်အထက်စာချုပ်သက်တမ်းကျန်ကစားသမားအချို့တို့ကိုလည်းရှင်းလင်းသွားပါမယ်။

ဒါကြောင့်လည်း၂၀၂၄ခုနှစ်၊ဇွန်လတွင်စာချုပ်သက်တမ်းကုန်ဆုံးကြမဲ့မာတီယိုကိုဗာဆစ်၊မေဆင်မောင့်၊ခရစ္စတီယန်ပူလီဆစ်၊ရူဘင်လော့ဖ်တပ်ဖ်ချက်ခ်၊ပီယာရီအီမီရစ်ခ်အူဘာမီယန်၊ဆီဇာအက်ဇ်ပီလီကူတာ၊တီယာဂိုဆေးလ်ဗားတို့မှာချဲလ်ဆီးကရှင်းထုတ်ခံရမဲ့ကစားသမားများထဲမှာပါဝင်လာဖို့ရှိပါတယ်။

ရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမဲ့အန်ဂိုလိုကန်တီအပြင်၂၀၂၅ခုနှစ်၊ဇွန်လတွင်စာချုပ်သက်တမ်းကုန်ဆုံးမဲ့ကိုင်ဟာဗတ်ဇ်၊ဘင်ချဲလ်ဝဲလ်၊ကော်နာဂယ်လာဂါ၊မန်ဒီ၊ဟာကန်ဇီယက်ချ်၊ကီပါတို့လည်းရောင်းချခံရနိုင်ပါတယ်။

ချဲလ်ဆီးဟာလာမယ့်နွေရာသီတွင်ကစားသမား၁၄ဦးအထိရှင်းလင်းလာနိုင်ကြောင်း The Telegraph ကဖော်ပြသွားပါတယ်။ဒါပေမဲ့ချဲလ်ဆီးဟာကလပ်ရဲ့ပေါ်လစီနှင့်ကိုက်ညီတဲ့ လူငယ်များဖြစ်ကြတဲ့ကိုင်ဟာဗတ်ဇ်၊ဂယ်လာဂါတို့ကိုမူအသင်းတွင်ဆက်ထိန်းထားဖို့ရှိပါတယ်။

ZawGyi

လာမယ့္ေႏြရာသီတြင္ ေမဆင္ေမာင့္၊ ကိုဗာဆစ္အပါအဝင္ ကစားသမား ၁၄ ဦးအထိ အႀကီးအက်ယ္ရွင္းလင္းလာမဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတာ့ဒ္ဘိုေလးဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ ကစားသမား၁၄ဦးအထိအႀကီးအက်ယ္ရွင္းလင္းမႈျပဳလုပ္လာပါမယ္။

ေတာ့ဒ္ဘိုေလးဟာခ်ဲလ္ဆီးကိုဝယ္ယူၿပီးတဲ့ေနာက္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကေပါင္၃၂၃သန္းအသုံးျပဳခဲ့ကာကစားသမားသစ္ဝယ္ယူေရးအတြက္စုစုေပါင္းေပါင္သန္း၅၀၀ေက်ာ္အသုံးျပဳထားၿပီးျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မူ စာခ်ဳပ္သက္တမ္းတစ္ႏွစ္က်န္ထဲသို႔တိုးဝင္လာမယ့္ကစားသမားအားလုံးကိုရွင္းထုတ္သြားမဲ့အျပင္ ၂ႏွစ္ႏွင့္အထက္စာခ်ဳပ္သက္တမ္းက်န္ကစားသမားအခ်ိဳ႕တို႔ကိုလည္းရွင္းလင္းသြားပါမယ္။

ဒါေၾကာင့္လည္း၂၀၂၄ခုႏွစ္၊ဇြန္လတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးၾကမဲ့မာတီယိုကိုဗာဆစ္၊ေမဆင္ေမာင့္၊ခရစၥတီယန္ပူလီဆစ္၊႐ူဘင္ေလာ့ဖ္တပ္ဖ္ခ်က္ခ္၊ပီယာရီအီမီရစ္ခ္အူဘာမီယန္၊ဆီဇာအက္ဇ္ပီလီကူတာ၊တီယာဂိုေဆးလ္ဗားတို႔မွာခ်ဲလ္ဆီးကရွင္းထုတ္ခံရမဲ့ကစားသမားမ်ားထဲမွာပါဝင္လာဖို႔ရွိပါတယ္။

ရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမဲ့အန္ဂိုလိုကန္တီအျပင္၂၀၂၅ခုႏွစ္၊ဇြန္လတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမဲ့ကိုင္ဟာဗတ္ဇ္၊ဘင္ခ်ဲလ္ဝဲလ္၊ေကာ္နာဂယ္လာဂါ၊မန္ဒီ၊ဟာကန္ဇီယက္ခ်္၊ကီပါတို႔လည္းေရာင္းခ်ခံရႏိုင္ပါတယ္။

ခ်ဲလ္ဆီးဟာလာမယ့္ေႏြရာသီတြင္ကစားသမား၁၄ဦးအထိရွင္းလင္းလာႏိုင္ေၾကာင္း The Telegraph ကေဖာ္ျပသြားပါတယ္။ဒါေပမဲ့ခ်ဲလ္ဆီးဟာကလပ္ရဲ႕ေပၚလစီႏွင့္ကိုက္ညီတဲ့ လူငယ္မ်ားျဖစ္ၾကတဲ့ကိုင္ဟာဗတ္ဇ္၊ဂယ္လာဂါတို႔ကိုမူအသင္းတြင္ဆက္ထိန္းထားဖို႔ရွိပါတယ္။