လာမယ့်နှစ်တွင် ဘောလုံးပြန်ကစားသွားနိုင်ရန် အဲရစ်ဆင်မျှော်လင့်နေ

ခရစ္စတီယန်အဲရစ်ဆင်ဟာလာမယ့်၂၀၂၂ခုနှစ်တွင်ဘောလုံးပြန်ကစားနိုင်ရန်မျှော်လင့်နေပါတယ်။ဒါပေမယ့်ဒိန်းမတ်လက်ရွေးစင်ကစားသမားဟာ အင်တာမီလန်အတွက်တော့ထပ်မံကစားနိုင်တော့မှာမဟုတ်တော့ပါဘူး။

အသက်၂၉နှစ်ရှိစပါးစ်ကွင်းလယ်ကစားသမားဟောင်းဟာဖင်လန်နှင့်ရင်ဆိုင်ကစားရတဲ့ယူရို၂၀၂၀အဖွင့်ပွဲစဉ်တွင်နှလုံးရပ်ကာဆေးရုံသို့အရေးပေါ်တက်ခဲ့ရပါတယ်။

သူဟာနှလုံးခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနှလုံးခုန်စက်တပ်ဆင်ခဲ့ရပါတယ်။သူဟာအင်တာမီလန်နှင့်အတူလေ့ကျင့်ခန်းဆင်းလာနိုင်ခဲ့တာကြာပြီဖြစ်ပေမယ့်အီတလီဘောလုံးစည်းမျဉ်းအရနှလုံးခုန်စက်တပ်ဆင်ထားမှုနှင့်အတူပြန်ကစားနိုင်ခြင်းမရှိပါဘူး။

အီတလီမီဒီယာများရဲ့ဖော်ပြချက်အရလက်ရှိအချိန်တွင်အဲရစ်ဆင်ဟာမွေးရပ်မြေဒိန်းမတ်တွင်ရှိနေပြီးပရော်ဖက်ရှင်နယ်အဆင့်တွင်ပြန်ကစားနိုင်ရေးအတွက်ပြန်လည်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်နေကြောင်းသိရပါတယ်။

အဲရစ်ဆင်ဟာပြီးခဲ့တဲ့ငါးလတာကာလအားဆရာဝန်များရဲ့အနီးကပ်စောင့်ရှောက်မှုခံလာခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာအီတလီတွင်မကစားနိုင်မှုနဲ့အတူအင်တာမီလန်ကဇန်နဝါရီအပြောင်းအရွှေ့တွင်နှလုံးခုန်စက်တပ်ဆင်ထားပါကလည်းဘောလုံးကစားနိုင်မယ့်နိုင်ငံတစ်ခုသို့ပြောင်းခွင့်ပေးရန်စီစဉ်ထားပါတယ်။

Gazzetta dello Sport ကအဲရစ်ဆင်ကိုအသင်းဟောင်းအေဂျက်စ်ကကမ်းလှမ်းမှုပြုလုပ်လာနိုင်ကြောင်းဖော်ပြလာပါတယ်။အဲရစ်ဆင်ဟာစပါးစ်သို့မပြောင်းမီအေဂျက်စ်တွင်၂၀၁၀ခုနှစ်မှ၂၀၁၃ခုနှစ်အထိကစားခဲ့သူဖြစ်ပါတယ်။

အင်တာမီလန်ဟာဇန်နဝါရီတွင်အဲရစ်ဆင်အတွက်အကောင်းဆုံးဖြစ်စေရေးအတွက်အငှားဖြင့်ထွက်ခွာစေခြင်း(သို့မဟုတ်)စာချုပ်ဖျက်သိမ်းပေးခြင်းတို့ပြုလုပ်ပေးရန်အဆင်သင့်ရှိနေပါတယ်။

ZawGyi

လာမယ့္ႏွစ္တြင္ ေဘာလုံးျပန္ကစားသြားႏိုင္ရန္ အဲရစ္ဆင္ေမွ်ာ္လင့္ေန

ခရစၥတီယန္အဲရစ္ဆင္ဟာလာမယ့္၂၀၂၂ခုႏွစ္တြင္ေဘာလုံးျပန္ကစားႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။ဒါေပမယ့္ဒိန္းမတ္လက္ေ႐ြးစင္ကစားသမားဟာ အင္တာမီလန္အတြက္ေတာ့ထပ္မံကစားႏိုင္ေတာ့မွာမဟုတ္ေတာ့ပါဘူး။

အသက္၂၉ႏွစ္ရွိစပါးစ္ကြင္းလယ္ကစားသမားေဟာင္းဟာဖင္လန္ႏွင့္ရင္ဆိုင္ကစားရတဲ့ယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္တြင္ႏွလုံးရပ္ကာေဆး႐ုံသို႔အေရးေပၚတက္ခဲ့ရပါတယ္။

သူဟာႏွလုံးခြဲစိတ္ကုသမႈခံယူခဲ့ရၿပီးႏွလုံးခုန္စက္တပ္ဆင္ခဲ့ရပါတယ္။သူဟာအင္တာမီလန္ႏွင့္အတူေလ့က်င့္ခန္းဆင္းလာႏိုင္ခဲ့တာၾကာၿပီျဖစ္ေပမယ့္အီတလီေဘာလုံးစည္းမ်ဥ္းအရႏွလုံးခုန္စက္တပ္ဆင္ထားမႈႏွင့္အတူျပန္ကစားႏိုင္ျခင္းမရွိပါဘူး။

အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရလက္ရွိအခ်ိန္တြင္အဲရစ္ဆင္ဟာေမြးရပ္ေျမဒိန္းမတ္တြင္ရွိေနၿပီးပေရာ္ဖက္ရွင္နယ္အဆင့္တြင္ျပန္ကစားႏိုင္ေရးအတြက္ျပန္လည္ႀကံ့ခိုင္ေရးေလ့က်င့္ခန္းမ်ားျပဳလုပ္ေနေၾကာင္းသိရပါတယ္။

အဲရစ္ဆင္ဟာၿပီးခဲ့တဲ့ငါးလတာကာလအားဆရာဝန္မ်ားရဲ႕အနီးကပ္ေစာင့္ေရွာက္မႈခံလာခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာအီတလီတြင္မကစားႏိုင္မႈနဲ႔အတူအင္တာမီလန္ကဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ႏွလုံးခုန္စက္တပ္ဆင္ထားပါကလည္းေဘာလုံးကစားႏိုင္မယ့္ႏိုင္ငံတစ္ခုသို႔ေျပာင္းခြင့္ေပးရန္စီစဥ္ထားပါတယ္။

Gazzetta dello Sport ကအဲရစ္ဆင္ကိုအသင္းေဟာင္းေအဂ်က္စ္ကကမ္းလွမ္းမႈျပဳလုပ္လာႏိုင္ေၾကာင္းေဖာ္ျပလာပါတယ္။အဲရစ္ဆင္ဟာစပါးစ္သို႔မေျပာင္းမီေအဂ်က္စ္တြင္၂၀၁၀ခုႏွစ္မွ၂၀၁၃ခုႏွစ္အထိကစားခဲ့သူျဖစ္ပါတယ္။

အင္တာမီလန္ဟာဇန္နဝါရီတြင္အဲရစ္ဆင္အတြက္အေကာင္းဆုံးျဖစ္ေစေရးအတြက္အငွားျဖင့္ထြက္ခြာေစျခင္း(သို႔မဟုတ္)စာခ်ဳပ္ဖ်က္သိမ္းေပးျခင္းတို႔ျပဳလုပ္ေပးရန္အဆင္သင့္ရွိေနပါတယ္။