
ဂါရတ်ဆောက်ဂိတ်ဟာသူ့ရဲ့အင်္ဂလန်အသင်းအနာဂတ်ကိုလာမယ့်နှစ်အထိစောင့်ဆိုင်းပြီးမှဆုံးဖြတ်လာတော့မှာဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာပြင်သစ်ကိုရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပြီးနောက်အင်္ဂလန်အသင်းကိုဆက်လက်ကိုင်တွယ်ရေးမရေမရာဖြစ်နေပါတယ်။
ဒါပေမဲ့အသက်၅၂နှစ်ရှိနည်းပြဟာသူ့ရဲ့အနာဂတ်နှင့်ပတ်သက်ပြီးခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲတော်ကာလအတွင်းဆုံးဖြတ်လာတော့မှာမဟုတ်ပါဘူး။
The Daily Telegraph ရဲ့ဖော်ပြချက်အရဆောက်ဂိတ်ဟာနှစ်ကူးပြီးနောက်ပိုင်းတွင်မှ အက်ဖ်အေအမှုဆောင်ချုပ်မတ်လူလင်ဟမ်၊နည်းစနစ်ဒါရိုက်တာဂျွန်မက်ဒါမော့တို့နှင့်တွေ့ဆုံပြီးအနာဂတ်ကိုဆုံးဖြတ်သွားပါမယ်။
အက်ဖ်အေဟာဆောက်ဂိတ်နှင့်ဆက်လက်လက်တွဲသွားလိုနေပေမဲ့လည်းနည်းပြဘက်ကမည်သည့်ဆုံးဖြတ်ချက်ချလာပါစေလက်ခံသွားပါမယ်။
ဆောက်ဂိတ်ဟာ၂၀၁၆ခုနှစ်၊နိုဝင်ဘာလတွင်အင်္ဂလန်အသင်းကိုကိုင်တွယ်ပြီးနောက်၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဆီမီးဖိုင်နယ်၊ယူရို၂၀၂၀ပြိုင်ပွဲတွင်ဗိုလ်လုပွဲသို့အသီးသီးပို့ဆောင်နိုင်ခဲ့ပါတယ်။ သူဟာအင်္ဂလန်အသင်းနှင့် ၂ နှစ်စာချုပ်ကျန်နေသေးသူလည်းဖြစ်ပါတယ်။
ZawGyi
လာမယ့္ႏွစ္တြင္မွ အဂၤလန္အနာဂတ္ကို နည္းျပေဆာက္ဂိတ္ဆုံးျဖတ္လာမည္
ဂါရတ္ေဆာက္ဂိတ္ဟာသူ႔ရဲ႕အဂၤလန္အသင္းအနာဂတ္ကိုလာမယ့္ႏွစ္အထိေစာင့္ဆိုင္းၿပီးမွဆုံးျဖတ္လာေတာ့မွာျဖစ္ပါတယ္။
ေဆာက္ဂိတ္ဟာျပင္သစ္ကိုရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္အဂၤလန္အသင္းကိုဆက္လက္ကိုင္တြယ္ေရးမေရမရာျဖစ္ေနပါတယ္။
ဒါေပမဲ့အသက္၅၂ႏွစ္ရွိနည္းျပဟာသူ႔ရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးခရစၥမတ္ႏွင့္ႏွစ္သစ္ကူးပြဲေတာ္ကာလအတြင္းဆုံးျဖတ္လာေတာ့မွာမဟုတ္ပါဘူး။
The Daily Telegraph ရဲ႕ေဖာ္ျပခ်က္အရေဆာက္ဂိတ္ဟာႏွစ္ကူးၿပီးေနာက္ပိုင္းတြင္မွ အက္ဖ္ေအအမႈေဆာင္ခ်ဳပ္မတ္လူလင္ဟမ္၊နည္းစနစ္ဒါ႐ိုက္တာဂြၽန္မက္ဒါေမာ့တို႔ႏွင့္ေတြ႕ဆုံၿပီးအနာဂတ္ကိုဆုံးျဖတ္သြားပါမယ္။
အက္ဖ္ေအဟာေဆာက္ဂိတ္ႏွင့္ဆက္လက္လက္တြဲသြားလိုေနေပမဲ့လည္းနည္းျပဘက္ကမည္သည့္ဆုံးျဖတ္ခ်က္ခ်လာပါေစလက္ခံသြားပါမယ္။
ေဆာက္ဂိတ္ဟာ၂၀၁၆ခုႏွစ္၊ႏိုဝင္ဘာလတြင္အဂၤလန္အသင္းကိုကိုင္တြယ္ၿပီးေနာက္၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဆီမီးဖိုင္နယ္၊ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဗိုလ္လုပြဲသို႔အသီးသီးပို႔ေဆာင္ႏိုင္ခဲ့ပါတယ္။ သူဟာအဂၤလန္အသင္းႏွင့္ ၂ ႏွစ္စာခ်ဳပ္က်န္ေနေသးသူလည္းျဖစ္ပါတယ္။