လာမယ့်ရာသီတွင် ရှိနေမယ့်ကလပ်ကို ဖွင့်ဟလာပါက ပြဿနာတက်လာမည်ဟု ဂါရတ်ဘေးလ်ဆို

စပါးစ်စတားဂါရတ်ဘေးလ်ကလာမယ့်ဘောလုံးရာသီတွင်ကစားနေမယ့်ကလပ်ကိုထုတ်ဖော်ပြောကြားပါက၎င်းမှာပြဿနာတက်လာမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၃၁နှစ်ရှိဝေးလ်စတားဟာရီးရဲလ်မက်ဒရစ်မှမြောက်လန်ဒန်သို့အငှားဖြင့်ရောက်လာသူဖြစ်ပြီးနွေရာသီတွင်မိခင်ကလပ်ရီးရဲလ်မက်ဒရစ်သို့ပြန်ရပါမယ်။

ဂါရတ်ဘေးလ်က၎င်းရဲ့အနာဂတ်အားနွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

ဘေးလ်က “ကျွန်တော်ဘာလုပ်မယ်ဆိုတာသိပါတယ်။ဒါပေမယ့်တကယ်လို့ကျွန်တော်ပြောလာမယ်ဆိုရင်ပြဿနာတက်လာရုံပဲရှိပါတယ်။ဘာအကြောင်းကြောင်းကိုမှကျွန်တော်မတွေးပါဘူး။ယူရိုပြိုင်ပွဲပြီးရင်ကျွန်တော်တို့တွေ့ဆုံပါမယ်။အခုအချိန်မှာဝေးလ်အတွက်ကလွဲပြီးဘာမှမတွေးပါဘူး”လို့ပြောကြားသွားပါတယ်။

ဝေးလ်လက်ရွေးစင်ကစားသမားဟာရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်ကျန်နေသေးသူဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၆၅၀၀၀၀အထိရရှိနေပါတယ်။

ဘေးလ်ဟာရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှဇီဒန်းသာထွက်ခွာပါကဘာနေဗျူးတွင်ဆက်ရှိနေနိုင်ပါတယ်။

ZawGyi

လာမယ့္ရာသီတြင္ ရွိေနမယ့္ကလပ္ကို ဖြင့္ဟလာပါက ျပႆနာတက္လာမည္ဟု ဂါရတ္ေဘးလ္ဆို

စပါးစ္စတားဂါရတ္ေဘးလ္ကလာမယ့္ေဘာလုံးရာသီတြင္ကစားေနမယ့္ကလပ္ကိုထုတ္ေဖာ္ေျပာၾကားပါက၎မွာျပႆနာတက္လာမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၃၁ႏွစ္ရွိေနာ္ေဝစတားဟာရီးရဲလ္မက္ဒရစ္မွေျမာက္လန္ဒန္သို႔အငွားျဖင့္ေရာက္လာသူျဖစ္ၿပီးေႏြရာသီတြင္မိခင္ကလပ္ရီးရဲလ္မက္ဒရစ္သို႔ျပန္ရပါမယ္။

ဂါရတ္ေဘးလ္က၎ရဲ႕အနာဂတ္အားေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ေဘးလ္က “ကြၽန္ေတာ္ဘာလုပ္မယ္ဆိုတာသိပါတယ္။ဒါေပမယ့္တကယ္လို႔ကြၽန္ေတာ္ေျပာလာမယ္ဆိုရင္ျပႆနာတက္လာ႐ုံပဲရွိပါတယ္။ဘာအေၾကာင္းေၾကာင္းကိုမွကြၽန္ေတာ္မေတြးပါဘူး။ယူ႐ိုၿပိဳင္ပြဲၿပီးရင္ကြၽန္ေတာ္တို႔ေတြ႕ဆုံပါမယ္။အခုအခ်ိန္မွာေဝးလ္အတြက္ကလြဲၿပီးဘာမွမေတြးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ေဝးလ္လက္ေ႐ြးစင္ကစားသမားဟာရီးရဲလ္မက္ဒရစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္က်န္ေနေသးသူျဖစ္ၿပီးတစ္ပတ္လုပ္ခေပါင္၆၅၀၀၀၀အထိရရွိေနပါတယ္။

ေဘးလ္ဟာရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွဇီဒန္းသာထြက္ခြာပါကဘာေနဗ်ဴးတြင္ဆက္ရွိေနႏိုင္ပါတယ္။