လာမယ့်ရာသီတွင် လီဗာပူးမှာ ဂျာဂင်ကလော့ပ် ဆက်ရှိနေတော့မည်မဟုတ်

ဂျာဂင်ကလော့ပ်မှာယခုရာသီအကုန်တွင်အန်ဖီးလ်မှထွက်ခွာလာမည်ဖြစ်ပြီး လီဗာပူးမှာလာမယ့်နွေရာသီတွင်ခေတ်တစ်ခေတ်ပြန်လည်စတင်ရေးပြန်လည်တည်ဆောက်မှုပြုလုပ်လာရမည်ဖြစ်ကြောင်း တမ်ရှားဝုဒ်ကသုံးသပ်ပြောကြားလာပါတယ်။

ကလော့ပ်ဟာနွေရာသီတုန်းကကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၈၅သန်းဖြင့်ဘင်ဖီကာတိုက်စစ်မှူးဒါဝင်နူနက်ဇ်ကိုခေါ်ယူအားဖြည့်ခဲ့ပေမဲ့ အသင်းရဲ့အရေးပါတဲ့တိုက်စစ်သမားဆာဒေယိုမာနေးကိုဘိုင်ယန်မြူးနစ်သို့ပေါင်၃၅သန်းဖြင့်ရောင်းချခဲ့ရပါတယ်။

လီဗာပူးဟာယခုရာသီတွင်ရုန်းကန်နေရပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၈နေရာသို့အထိရောက်ကာရုန်းကန်နေရပြီးထိပ်ဆုံးလေးသင်းနှင့်ရမှတ်၅မှတ်ကွာဟနေပါတယ်။

လီဗာပူးဟာယခုရာသီပရီးမီးယားလိဂ်၁၁ပွဲတွင်၄ပွဲတည်းသာအနိုင်ရထားပြီးတနင်္ဂနွေနေ့တုန်းကဇယားအောက်ဆုံးမှနော်တင်ဟမ်ဖောရက်စ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ကလော့ပ်ဟာ၂၀၁၅ခုနှစ်တွင်လီဗာပူးသို့ရောက်လာပြီးနောက်ချန်ပီယံလိဂဖလား၊ပရီးမီးယားလိဂ်ဖလား၊အက်ဖ်အေဖလားနှင့်ခါရာဘောင်ဖလားတို့ဆွတ်ခူးပေးထားပါတယ်။

တမ်ရှားဝုဒ်က ကလော့ပ်မှာလာမယ့်ရာသီတွင်လီဗာပူးတွင်ဆက်ရှိနေတော့မှာမဟုတ်ကြောင်းနှင့်လီဗာပူးမှာချန်ပီယံဆုအတွက်စိန်ခေါ်လာနိုင်တော့မှာမဟုတ်ကြောင်းဆိုလာပါတယ်။

စပါးစ်နည်းပြဟောင်းက “လီဗာပူးအတွက်ပြဿနာကဒီအသင်းကဆုဖလားတွေအတွက်စိန်ခေါ်လာတာဖြစ်ပါတယ်။အခုဒီရာသီမှာမစိန်ခေါ်နိုင်ဘူး။ပရီးမီးယားလိဂ်ဖလားလည်းရယူနိုင်တော့မှာမဟုတ်ဘူး။ကစားသမားတွေအတွက်ဘယ်မှာလဲစိတ်အားတက်စရာ၊ဘယ်မှာလဲတွန်းအား။ကလပ်ဘက်ကတော့ချန်ပီယံလိဂ်ကနေမထွက်ရသေးဘူးလို့ပြောနိုင်တယ်။ဒါပေမဲ့ကစားသမားတွေကတော့ဆုဖလားအတွက်စိန်ခေါ်နိုင်တယ်လို့ယုံကြည်နေမှာမဟုတ်တော့ပါဘူး။သူတို့ဆီမှာဘာမျှော်လင့်ချက်မရှိတော့ဘူး။ဒီတော့သူတို့အတွက်အရမ်းခက်ခဲနေတယ်လို့ထင်တယ်။ကျွန်တော်ကတော့ဂျာဂင်ကလော့ပ်ကိုလည်းလာမယ့်ရာသီမှာဆက်ရှိနေမယ်လို့မထင်ဘူး။ဆွေးနွေးစရာတွေရှိလာမှာပါ။ဂျာဂင်လည်းနောက်ထပ်ဆုဖလားတွေအတွက်စိန်ခေါ်နိုင်တော့မယ်လို့မထင်ဘူး။တကယ်ကိုလုံးဝမထင်တော့တာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

လာမယ့္ရာသီတြင္ လီဗာပူးမွာ ဂ်ာဂင္ကေလာ့ပ္ ဆက္ရွိေနေတာ့မည္မဟုတ္

ဂ်ာဂင္ကေလာ့ပ္မွာယခုရာသီအကုန္တြင္အန္ဖီးလ္မွထြက္ခြာလာမည္ျဖစ္ၿပီး လီဗာပူးမွာလာမယ့္ေႏြရာသီတြင္ေခတ္တစ္ေခတ္ျပန္လည္စတင္ေရးျပန္လည္တည္ေဆာက္မႈျပဳလုပ္လာရမည္ျဖစ္ေၾကာင္း တမ္ရွားဝုဒ္ကသုံးသပ္ေျပာၾကားလာပါတယ္။

ကေလာ့ပ္ဟာေႏြရာသီတုန္းကကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၈၅သန္းျဖင့္ဘင္ဖီကာတိုက္စစ္မႉးဒါဝင္ႏူနက္ဇ္ကိုေခၚယူအားျဖည့္ခဲ့ေပမဲ့ အသင္းရဲ႕အေရးပါတဲ့တိုက္စစ္သမားဆာေဒယိုမာေနးကိုဘိုင္ယန္ျမဴးနစ္သို႔ေပါင္၃၅သန္းျဖင့္ေရာင္းခ်ခဲ့ရပါတယ္။

လီဗာပူးဟာယခုရာသီတြင္႐ုန္းကန္ေနရၿပီးပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၈ေနရာသို႔အထိေရာက္ကာ႐ုန္းကန္ေနရၿပီးထိပ္ဆုံးေလးသင္းႏွင့္ရမွတ္၅မွတ္ကြာဟေနပါတယ္။

လီဗာပူးဟာယခုရာသီပရီးမီးယားလိဂ္၁၁ပြဲတြင္၄ပြဲတည္းသာအႏိုင္ရထားၿပီးတနဂၤေႏြေန႔တုန္းကဇယားေအာက္ဆုံးမွေနာ္တင္ဟမ္ေဖာရက္စ္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ကေလာ့ပ္ဟာ၂၀၁၅ခုႏွစ္တြင္လီဗာပူးသို႔ေရာက္လာၿပီးေနာက္ခ်န္ပီယံလိဂဖလား၊ပရီးမီးယားလိဂ္ဖလား၊အက္ဖ္ေအဖလားႏွင့္ခါရာေဘာင္ဖလားတို႔ဆြတ္ခူးေပးထားပါတယ္။

တမ္ရွားဝုဒ္က ကေလာ့ပ္မွာလာမယ့္ရာသီတြင္လီဗာပူးတြင္ဆက္ရွိေနေတာ့မွာမဟုတ္ေၾကာင္းႏွင့္လီဗာပူးမွာခ်န္ပီယံဆုအတြက္စိန္ေခၚလာႏိုင္ေတာ့မွာမဟုတ္ေၾကာင္းဆိုလာပါတယ္။

စပါးစ္နည္းျပေဟာင္းက “လီဗာပူးအတြက္ျပႆနာကဒီအသင္းကဆုဖလားေတြအတြက္စိန္ေခၚလာတာျဖစ္ပါတယ္။အခုဒီရာသီမွာမစိန္ေခၚႏိုင္ဘူး။ပရီးမီးယားလိဂ္ဖလားလည္းရယူႏိုင္ေတာ့မွာမဟုတ္ဘူး။ကစားသမားေတြအတြက္ဘယ္မွာလဲစိတ္အားတက္စရာ၊ဘယ္မွာလဲတြန္းအား။ကလပ္ဘက္ကေတာ့ခ်န္ပီယံလိဂ္ကေနမထြက္ရေသးဘူးလို႔ေျပာႏိုင္တယ္။ဒါေပမဲ့ကစားသမားေတြကေတာ့ဆုဖလားအတြက္စိန္ေခၚႏိုင္တယ္လို႔ယုံၾကည္ေနမွာမဟုတ္ေတာ့ပါဘူး။သူတို႔ဆီမွာဘာေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူး။ဒီေတာ့သူတို႔အတြက္အရမ္းခက္ခဲေနတယ္လို႔ထင္တယ္။ကြၽန္ေတာ္ကေတာ့ဂ်ာဂင္ကေလာ့ပ္ကိုလည္းလာမယ့္ရာသီမွာဆက္ရွိေနမယ္လို႔မထင္ဘူး။ေဆြးေႏြးစရာေတြရွိလာမွာပါ။ဂ်ာဂင္လည္းေနာက္ထပ္ဆုဖလားေတြအတြက္စိန္ေခၚႏိုင္ေတာ့မယ္လို႔မထင္ဘူး။တကယ္ကိုလုံးဝမထင္ေတာ့တာပါ”လို႔ေျပာၾကားသြားပါတယ္။