လာမယ့်ရာသီတွင် အိပ်မက်ကျောနံပါတ်ကို ဝတ်ဆင်ခွင့်ရဖို့ရှိနေတဲ့ သရဲနီရဲ့ဘရူနိုဖာနန်ဒက်စ်

မန်ယူစတားဘရူနိုဖာနန်ဒက်စ်ဟာလာမယ့်ဘောလုံးရာသီတွင်သူ့ဝတ်ဆင်လိုတဲ့ကျောနံပါတ်ကိုပြောင်းလဲဝတ်ဆင်ကစားရဖို့ရှိနေပါတယ်။ဘရူနိုဖာနန်ဒက်စ်ဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီအပြောင်းအရွှေ့တုန်းကစပို့တင်းလစ္စဘွန်းမှရောက်လာပြီးနောက်မန်ယူတွင်ကျောနံပါတ်၁၈ကို ဝတ်ဆင်ကစားနေသူဖြစ်ပါတယ်။

သူဟာစပို့တင်းလစ္စဘွန်းကနေမန်ယူသို့ရောက်လာကတည်းကကျောနံပါတ်၁၈ကိုသာဝတ်ဆင်ခဲ့တာဖြစ်ပြီးအပြောင်းအလဲပြုလုပ်ခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်ယခုနွေရာသီမှာဂျူအန်မာတာထွက်ခွာနိုင်ခြေရှိမှုနဲ့အတူဘရူနိုဖာနန်ဒက်စ်ဟာသူနှစ်သက်တဲ့ကျောနံပါတ်ဖြစ်တဲ့ကျောနံပါတ်၈ကိုပြောင်းလဲဝတ်ဆင်ခွင့်ရရှိလာဖို့ရှိနေပါတယ်။

စပိန်ကစားသမားဟာယခုဇွန်လအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးလာလီဂါ(သို့မဟုတ်)မေဂျာလိဂ်သို့ပြောင်းကစားမယ်လို့သတင်းထွက်နေပါတယ်။

ဒါပေမယ့်မန်ယူဟာမကြာသေးမီတုန်းကထုတ်ပြန်ခဲ့တဲ့ယခုနွေရာသီမှာထွက်ခွာကြမယ့်ကစားသမားစာရင်းမှာမာတာကိုထည့်သွင်းခြင်းမရှိပါဘူး။ဒါကြောင့်မန်ယူဟာမာတာကိုတစ်နှစ်စာချုပ်ချုပ်ဆိုမှုလည်းလုပ်နိုင်ပါတယ်။

တကယ်လို့များမာတာထွက်ခွာမယ်ဆိုရင်တော့ကျောနံပါတ်၈မှာလစ်လပ်လာမည်ဖြစ်ရာပေါ်တူဂီစတားအနေဖြင့်ယင်းနံပါတ်ကိုရယူဝတ်ဆင်နိုင်ပါမယ်။

အခြားတစ်ဖက်မှာဘရူနိုဖာနန်ဒက်စ်ဟာကျောနံပါတ်၁၈ကိုဝတ်ဆင်ရမှုအပေါ်မှာလည်းကျေနပ်နေပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ကျောနံပါတ်၈ကကျွန်တော်နှစ်သက်တဲ့နံပါတ်ပါ။ပြီးခဲ့တဲ့သုံးနှစ်လုံးဒီနံပါတ်ကိုဝတ်ဆင်ကစားလာခဲ့တာပါ။ကျွန်တော့်အဖေကစားတုန်းကဝတ်ခဲ့တဲ့နံပါတ်ဖြစ်သလိုကျွန်တော့်မွေးနေ့ဂဏန်းလည်းဖြစ်ပါတယ်။ဒီတော့ကြိုက်ပါတယ်။၁၈ကျပြန်တော့လည်းကျွန်တော့်ဇနီးမွေးနေ့ပါ။နောက်ထပ်အကြောင်းအရင်းတစ်ခုကကျွန်တော်ငယ်ငယ်ကတည်းကကြည့်လာခဲ့တဲ့ပေါလ်စခိုးဝတ်ဆင်ခဲ့တဲ့နံပါတ်ဖြစ်လို့ပါ”လို့ပြောကြားသွားခဲ့ဖူးပါတယ်။

ZawGyi

လာမယ့္ရာသီတြင္ အိပ္မက္ေက်ာနံပါတ္ကို ဝတ္ဆင္ခြင့္ရဖို႔ရွိေနတဲ့ သရဲနီရဲ႕ဘ႐ူႏိုဖာနန္ဒက္စ္

မန္ယူစတားဘ႐ူႏိုဖာနန္ဒက္စ္ဟာလာမယ့္ေဘာလုံးရာသီတြင္သူ႔ဝတ္ဆင္လိုတဲ့ေက်ာနံပါတ္ကိုေျပာင္းလဲဝတ္ဆင္ကစားရဖို႔ရွိေနပါတယ္။ဘ႐ူႏိုဖာနန္ဒက္စ္ဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီအေျပာင္းအေ႐ႊ႕တုန္းကစပို႔တင္းလစၥဘြန္းမွေရာက္လာၿပီးေနာက္မန္ယူတြင္ေက်ာနံပါတ္၁၈ကို ဝတ္ဆင္ကစားေနသူျဖစ္ပါတယ္။

သူဟာစပို႔တင္းလစၥဘြန္းကေနမန္ယူသို႔ေရာက္လာကတည္းကေက်ာနံပါတ္၁၈ကိုသာဝတ္ဆင္ခဲ့တာျဖစ္ၿပီးအေျပာင္းအလဲျပဳလုပ္ခဲ့ျခင္းမရွိပါဘူး။

ဒါေပမယ့္ယခုေႏြရာသီမွာဂ်ဴအန္မာတာထြက္ခြာႏိုင္ေျခရွိမႈနဲ႔အတူဘ႐ူႏိုဖာနန္ဒက္စ္ဟာသူႏွစ္သက္တဲ့ေက်ာနံပါတ္ျဖစ္တဲ့ေက်ာနံပါတ္၈ကိုေျပာင္းလဲဝတ္ဆင္ခြင့္ရရွိလာဖို႔ရွိေနပါတယ္။

စပိန္ကစားသမားဟာယခုဇြန္လအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးလာလီဂါ(သို႔မဟုတ္)ေမဂ်ာလိဂ္သို႔ေျပာင္းကစားမယ္လို႔သတင္းထြက္ေနပါတယ္။

ဒါေပမယ့္မန္ယူဟာမၾကာေသးမီတုန္းကထုတ္ျပန္ခဲ့တဲ့ယခုေႏြရာသီမွာထြက္ခြာၾကမယ့္ကစားသမားစာရင္းမွာမာတာကိုထည့္သြင္းျခင္းမရွိပါဘူး။ဒါေၾကာင့္မန္ယူဟာမာတာကိုတစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမႈလည္းလုပ္ႏိုင္ပါတယ္။

တကယ္လို႔မ်ားမာတာထြက္ခြာမယ္ဆိုရင္ေတာ့ေက်ာနံပါတ္၈မွာလစ္လပ္လာမည္ျဖစ္ရာေပၚတူဂီစတားအေနျဖင့္ယင္းနံပါတ္ကိုရယူဝတ္ဆင္ႏိုင္ပါမယ္။

အျခားတစ္ဖက္မွာဘ႐ူႏိုဖာနန္ဒက္စ္ဟာေက်ာနံပါတ္၁၈ကိုဝတ္ဆင္ရမႈအေပၚမွာလည္းေက်နပ္ေနပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္က “ေက်ာနံပါတ္၈ကကြၽန္ေတာ္ႏွစ္သက္တဲ့နံပါတ္ပါ။ၿပီးခဲ့တဲ့သုံးႏွစ္လုံးဒီနံပါတ္ကိုဝတ္ဆင္ကစားလာခဲ့တာပါ။ကြၽန္ေတာ့္အေဖကစားတုန္းကဝတ္ခဲ့တဲ့နံပါတ္ျဖစ္သလိုကြၽန္ေတာ့္ေမြးေန႔ဂဏန္းလည္းျဖစ္ပါတယ္။ဒီေတာ့ႀကိဳက္ပါတယ္။၁၈က်ျပန္ေတာ့လည္းကြၽန္ေတာ့္ဇနီးေမြးေန႔ပါ။ေနာက္ထပ္အေၾကာင္းအရင္းတစ္ခုကကြၽန္ေတာ္ငယ္ငယ္ကတည္းကၾကည့္လာခဲ့တဲ့ေပါလ္စခိုးဝတ္ဆင္ခဲ့တဲ့နံပါတ္ျဖစ္လို႔ပါ”လို႔ေျပာၾကားသြားခဲ့ဖူးပါတယ္။