
ဖီဖာက၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်နာကျင်အချိန်ပိုတိုးမြှင့်ပေးခဲ့ပြီးနောက်ပရီးမီးယားလိဂ်ဟာလည်းလာမယ့်ဘောလုံးရာသီမှစတင်ကာနာကျင်အချိန်ပိုပိုမိုတိုးမြှင့်အသုံးပြုလာတော့မှာဖြစ်ပါတယ်။
ဖီဖာဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်နာကျင်အချိန်ပို၄မိနစ်ထက်ပိုပြီးတော့လည်းကောင်း၊ယူရို၂၀၂၀ပြိုင်ပွဲတွင်၅မိနစ်ထက်ပိုပြီးတော့လည်းကောင်းအသုံးပြုပြီးနောက်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်တော့နာကျင်အချိန်ပိုအပါအဝင်၁၀၂မိနစ်အထိကစားစေခဲ့ပါတယ်။
၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့စုစုပေါင်း၆၂ပွဲမှာ၄၃ပွဲတွင်မိနစ်၁၀၀အထိကစားခဲ့ပြီးအင်္ဂလန်နှင့်အီရန်တို့ပွဲမှာ၁၁၇မိနစ်အထိကစားခဲ့ပါတယ်။
ယင်းသို့နာကျင်အချိန်ပိုပိုမိုပေးလာခြင်းမှာVAR ကဆုံးဖြတ်ရန်အချိန်ယူမှု၊ကစားသမားများဒဏ်ရာရရှိမှု၊ပင်နယ်တီ၊ အနီကတ်အသုံးပြုမှု၊ကစားသမားများရဲ့အချိန်ဖြုန်းတီးမှုတို့ကြောင့်ဖြစ်ပါတယ်။
ယခုအခါဖီဖာဟာပရီးမီးယားလိဂ်အပါအဝင်တစ်ကမ္ဘာလုံးမှဘောလုံးလိဂ်များအားလာမယ့်ဘောလုံးရာသီမှစတင်ကာနာကျင်အချိန်ပိုတိုးမြှင့်အသုံးပြုရန်အကြောင်းကြားလိုက်ပြီဖြစ်ကြောင်း The Telegraph ကဖော်ပြသွားပါတယ်။
ဒါကြောင့်လည်းဘောလုံးပရိသတ်များအနေဖြင့်လာမယ့်ဘောလုံးရာသီမှစတင်ကာပရီးမီးယားလိဂ်ပွဲများကိုမိနစ်၁၀၀အထိကြည့်လာရတော့မှာဖြစ်ပါတယ်။
ZawGyi
လာမယ့္ရာသီမွ စတင္ကာ ပရီးမီးယားလိဂ္ပြဲမ်ားကို မိနစ္ ၁၀၀ အထိ ၾကည့္ရေတာ့မည္
ဖီဖာက၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္နာက်င္အခ်ိန္ပိုတိုးျမႇင့္ေပးခဲ့ၿပီးေနာက္ပရီးမီးယားလိဂ္ဟာလည္းလာမယ့္ေဘာလုံးရာသီမွစတင္ကာနာက်င္အခ်ိန္ပိုပိုမိုတိုးျမႇင့္အသုံးျပဳလာေတာ့မွာျဖစ္ပါတယ္။
ဖီဖာဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္နာက်င္အခ်ိန္ပို၄မိနစ္ထက္ပိုၿပီးေတာ့လည္းေကာင္း၊ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္၅မိနစ္ထက္ပိုၿပီးေတာ့လည္းေကာင္းအသုံးျပဳၿပီးေနာက္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေတာ့နာက်င္အခ်ိန္ပိုအပါအဝင္၁၀၂မိနစ္အထိကစားေစခဲ့ပါတယ္။
၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕စုစုေပါင္း၆၂ပြဲမွာ၄၃ပြဲတြင္မိနစ္၁၀၀အထိကစားခဲ့ၿပီးအဂၤလန္ႏွင့္အီရန္တို႔ပြဲမွာ၁၁၇မိနစ္အထိကစားခဲ့ပါတယ္။
ယင္းသို႔နာက်င္အခ်ိန္ပိုပိုမိုေပးလာျခင္းမွာVAR ကဆုံးျဖတ္ရန္အခ်ိန္ယူမႈ၊ကစားသမားမ်ားဒဏ္ရာရရွိမႈ၊ပင္နယ္တီ၊ အနီကတ္အသုံးျပဳမႈ၊ကစားသမားမ်ားရဲ႕အခ်ိန္ျဖဳန္းတီးမႈတို႔ေၾကာင့္ျဖစ္ပါတယ္။
ယခုအခါဖီဖာဟာပရီးမီးယားလိဂ္အပါအဝင္တစ္ကမာၻလုံးမွေဘာလုံးလိဂ္မ်ားအားလာမယ့္ေဘာလုံးရာသီမွစတင္ကာနာက်င္အခ်ိန္ပိုတိုးျမႇင့္အသုံးျပဳရန္အေၾကာင္းၾကားလိုက္ၿပီျဖစ္ေၾကာင္း The Telegraph ကေဖာ္ျပသြားပါတယ္။
ဒါေၾကာင့္လည္းေဘာလုံးပရိသတ္မ်ားအေနျဖင့္လာမယ့္ေဘာလုံးရာသီမွစတင္ကာပရီးမီးယားလိဂ္ပြဲမ်ားကိုမိနစ္၁၀၀အထိၾကည့္လာရေတာ့မွာျဖစ္ပါတယ္။