လာမယ့်လတွင် ဘီလ်ဘာအို၊ အိုဆာဆူနာတို့နှင့် လီဗာပူးခြေစမ်းပွဲကစားသွားမည်

လီဗာပူးဟာလာမယ့်လမှာ၂၀၂၀ခုနှစ်၊မတ်လနှောင်းပိုင်းတွင်ပရိသတ်အများဆုံးပမာဏရှေ့တွင် အန်ဖီးလ်ကွင်းမှာရာသီကြိုခြေစမ်းပွဲနှစ်ပွဲကစားသွားပါမယ်။

လာမယ့်လတွင်ကစားမယ့်လီဗာပူးရဲ့ခြေစမ်းပွဲနှစ်ပွဲကိုအန်ဖီးလ်ကွင်းမှာကစားမှာဖြစ်ပြီးကွင်းရဲ့ဝင်ဆန့်ပမာဏရဲ့၇၅ရာခိုင်နှုန်းအထိပရိသတ်ဝင်ကြည့်ခွင့်ပေးသွားပါမယ်။

လီဗာပူးဟာ၂၀၂၀ခုနှစ်၊ဧပြီလတုန်းကကွယ်လွန်သွားခဲ့တဲ့မိုက်ကယ်ရော်ဘင်ဆင်ကိုဂုဏ်ပြုတဲ့အနေဖြင့်အိုဆာဆူနာနှင့်ခြေစမ်းပွဲကစားမှာလည်းဖြစ်ပါတယ်။

ရောဘင်ဆင်ဟာအိုဆာဆူနာမှာရောလီဗာပူးမှာပါကစားခဲ့သူဖြစ်ပြီးကာလရှည်ကြာကင်ဆာရောဂါတိုက်ပွဲဆင်နွဲခဲ့ရပြီးနောက်ပြီးခဲ့တဲ့နှစ်တုန်းကကွယ်လွန်သွားခဲ့ပါတယ်။

အိုင်ယာလန်လက်ရွေးစင်ဟောင်းဟာစပိန်တွင်နာမည်ကျော်ဘောလုံးဝေဖန်တင်ဆက်သူတစ်ဦးအဖြစ်လည်းကျင်လည်ခဲ့ကာ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတုန်းကကင်ဆာရောဂါဝေဒနာခံစားလာခဲ့ရတာဖြစ်ပါတယ်။

သူဟာ၁၉၈၄ခုနှစ်တုန်းကလီဗာပူးနှင့်အတူပထမတန်းဖလား၊လိဂ်ဖလားနှင့်ဥရောပဖလားတို့ဆွတ်ခူးခဲ့သူဖြစ်ပြီးဘရိုက်တန်နှင့်အတူ၁၉၈၃ခုနှစ်အက်ဖ်အေဖလားဗိုလ်လုပွဲသို့လည်းတက် ရောက်ခဲ့သူဖြစ်ပါတယ်။

လီဗာပူးဟာဩစတြီးယားသို့သွားရောက်ကာအက်ဖ်စီဝစ်ကာအင်းဘရု၊စတုဂတ်၊မိန့်ဇ်၊ဟာသာဘာလင်တို့နှင့်ခြေစမ်းပွဲပြီးနောက်အိုဆာဆူနာနှင့်ကစားမှာလည်းဖြစ်ပါတယ်။

ZawGyi

လာမယ့္လတြင္ ဘီလ္ဘာအို၊ အိုဆာဆူနာတို႔ႏွင့္ လီဗာပူးေျခစမ္းပြဲကစားသြားမည္

လီဗာပူးဟာလာမယ့္လမွာ၂၀၂၀ခုႏွစ္၊မတ္လေႏွာင္းပိုင္းတြင္ပရိသတ္အမ်ားဆုံးပမာဏေရွ႕တြင္ အန္ဖီးလ္ကြင္းမွာရာသီႀကိဳေျခစမ္းပြဲႏွစ္ပြဲကစားသြားပါမယ္။

လာမယ့္လတြင္ကစားမယ့္လီဗာပူးရဲ႕ေျခစမ္းပြဲႏွစ္ပြဲကိုအန္ဖီးလ္ကြင္းမွာကစားမွာျဖစ္ၿပီးကြင္းရဲ႕ဝင္ဆန႔္ပမာဏရဲ႕၇၅ရာခိုင္ႏႈန္းအထိပရိသတ္ဝင္ၾကည့္ခြင့္ေပးသြားပါမယ္။

လီဗာပူးဟာ၂၀၂၀ခုႏွစ္၊ဧၿပီလတုန္းကကြယ္လြန္သြားခဲ့တဲ့မိုက္ကယ္ေရာ္ဘင္ဆင္ကိုဂုဏ္ျပဳတဲ့အေနျဖင့္အိုဆာဆူနာႏွင့္ေျခစမ္းပြဲကစားမွာလည္းျဖစ္ပါတယ္။

ေရာဘင္ဆင္ဟာအိုဆာဆူနာမွာေရာလီဗာပူးမွာပါကစားခဲ့သူျဖစ္ၿပီးကာလရွည္ၾကာကင္ဆာေရာဂါတိုက္ပြဲဆင္ႏြဲခဲ့ရၿပီးေနာက္ၿပီးခဲ့တဲ့ႏွစ္တုန္းကကြယ္လြန္သြားခဲ့ပါတယ္။

အိုင္ယာလန္လက္ေ႐ြးစင္ေဟာင္းဟာစပိန္တြင္နာမည္ေက်ာ္ေဘာလုံးေဝဖန္တင္ဆက္သူတစ္ဦးအျဖစ္လည္းက်င္လည္ခဲ့ကာ၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတုန္းကကင္ဆာေရာဂါေဝဒနာခံစားလာခဲ့ရတာျဖစ္ပါတယ္။

သူဟာ၁၉၈၄ခုႏွစ္တုန္းကလီဗာပူးႏွင့္အတူပထမတန္းဖလား၊လိဂ္ဖလားႏွင့္ဥေရာပဖလားတို႔ဆြတ္ခူးခဲ့သူျဖစ္ၿပီးဘ႐ိုက္တန္ႏွင့္အတူ၁၉၈၃ခုႏွစ္အက္ဖ္ေအဖလားဗိုလ္လုပြဲသို႔လည္းတက္ ေရာက္ခဲ့သူျဖစ္ပါတယ္။

လီဗာပူးဟာဩစႀတီးယားသို႔သြားေရာက္ကာအက္ဖ္စီဝစ္ကာအင္းဘ႐ု၊စတုဂတ္၊မိန႔္ဇ္၊ဟာသာဘာလင္တို႔ႏွင့္ေျခစမ္းပြဲၿပီးေနာက္အိုဆာဆူနာႏွင့္ကစားမွာလည္းျဖစ္ပါတယ္။