လာမယ့်လမှာ ကော်တင်ဟိုအတွက် ပေါင် ၁၇ သန်းပေးရဦးမယ့် ငွေအကြပ်ဆိုက်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးပြဿနာဟာလာမယ့်ရက်သတ္တပတ်များမှာပိုမိုခက်ခဲလာဦးမယ့်အခြေအနေမျိုးမှာရှိနေပါတယ်။ဘာစီလိုနာဟာ၂၀၁၈ခုနှစ်၊ဇန်နဝါရီလတုန်းကဖီးလစ်ပီကော်တင်ဟိုအားခေါ်ယူစဉ်ကချုပ်ဆိုခဲ့တဲ့စာချုပ်တွင်ပါဝင်တဲ့အချက်ကြောင့် လီဗာပူးအားပေါင်၁၇သန်းပေးရပါဦးမယ်။

ဘရာဇီးလက်ရွေးစင်ဟာဘာစီလိုနာအတွက်ပွဲ၁၀၀ပြည့်တော့မယ့်သူဖြစ်ပါတယ်။စပိန်ထိပ်သီးကလပ်ဟာကော်တင်ဟိုအားခေါ်ယူစဉ်ကကလပ်အတွက်ပွဲ၁၀၀ပြည့်ကစားပြီးချိန်တွင်ပေါင်၁၇သန်း(ယူရိုသန်း၂၀)ပေးမယ်ဆိုတဲ့အချက်ကိုအဝယ်စာချုပ်မှာထည့်သွင်းချုပ်ဆိုပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာဟာကြွေးမြီယူရို၁.၃၅ဘီလီယံတင်ရှိနေပြီးဘဏ္ဍာရေးပြဿနာကြောင့်နွေရာသီတုန်းကစားသမားများတို့အားရောင်းချခြင်း၊အငှားချခြင်းတို့ပြုလုပ်ကာအသုံးစရိတ်လျှော့ချမှုပြုလုပ်ခဲ့ရပါတယ်။

လက်ရှိအချိန်တွင်ကော်တင်ဟိုဟာဘာစီလိုနာအတွက်ပွဲ၉၀ပြည့်ကစားထားသူဖြစ်ပြီးလာမယ့်အောက်တိုဘာလ၂၇ရက်နေ့ ဗယ်လီကာနိုနှင့်ပွဲစဉ်တွင်ဘာစီလိုနာအတွက်ပွဲရာပြည့်လာဖို့ရှိနေပါတယ်။

အသက်၂၉နှစ်ရှိကော်တင်ဟိုဟာဘာစီလိုနာအတွက်ပွဲ၉၀ကစားထားရာမှာ၂၃ဂိုးသွင်းယူထားပါတယ်။

ZawGyi

လာမယ့္လမွာ ေကာ္တင္ဟိုအတြက္ ေပါင္ ၁၇ သန္းေပးရဦးမယ့္ ေငြအၾကပ္ဆိုက္ေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းရဲ႕ဘ႑ာေရးျပႆနာဟာလာမယ့္ရက္သတၱပတ္မ်ားမွာပိုမိုခက္ခဲလာဦးမယ့္အေျခအေနမ်ိဳးမွာရွိေနပါတယ္။ဘာစီလိုနာဟာ၂၀၁၈ခုႏွစ္၊ဇန္နဝါရီလတုန္းကဖီးလစ္ပီေကာ္တင္ဟိုအားေခၚယူစဥ္ကခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္တြင္ပါဝင္တဲ့အခ်က္ေၾကာင့္ လီဗာပူးအားေပါင္၁၇သန္းေပးရပါဦးမယ္။

ဘရာဇီးလက္ေ႐ြးစင္ဟာဘာစီလိုနာအတြက္ပြဲ၁၀၀ျပည့္ေတာ့မယ့္သူျဖစ္ပါတယ္။စပိန္ထိပ္သီးကလပ္ဟာေကာ္တင္ဟိုအားေခၚယူစဥ္ကကလပ္အတြက္ပြဲ၁၀၀ျပည့္ကစားၿပီးခ်ိန္တြင္ေပါင္၁၇သန္း(ယူ႐ိုသန္း၂၀)ေပးမယ္ဆိုတဲ့အခ်က္ကိုအဝယ္စာခ်ဳပ္မွာထည့္သြင္းခ်ဳပ္ဆိုပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာဟာေႂကြးၿမီယူ႐ို၁.၃၅ဘီလီယံတင္ရွိေနၿပီးဘ႑ာေရးျပႆနာေၾကာင့္ေႏြရာသီတုန္းကစားသမားမ်ားတို႔အားေရာင္းခ်ျခင္း၊အငွားခ်ျခင္းတို႔ျပဳလုပ္ကာအသုံးစရိတ္ေလွ်ာ့ခ်မႈျပဳလုပ္ခဲ့ရပါတယ္။

လက္ရွိအခ်ိန္တြင္ေကာ္တင္ဟိုဟာဘာစီလိုနာအတြက္ပြဲ၉၀ျပည့္ကစားထားသူျဖစ္ၿပီးလာမယ့္ေအာက္တိုဘာလ၂၇ရက္ေန႔ ဗယ္လီကာႏိုႏွင့္ပြဲစဥ္တြင္ဘာစီလိုနာအတြက္ပြဲရာျပည့္လာဖို႔ရွိေနပါတယ္။

အသက္၂၉ႏွစ္ရွိေကာ္တင္ဟိုဟာဘာစီလိုနာအတြက္ပြဲ၉၀ကစားထားရာမွာ၂၃ဂိုးသြင္းယူထားပါတယ္။