လာမယ့်သုံးပွဲနိုင်ပွဲမရလျှင် အာတီတာကို ထုတ်ပြီး ကွန်တီကို ခန့်ရန် အာဆင်နယ်သဘောတူညီမှုရရှိ

အာဆင်နယ်ဟာမီခေးလ်အာတီတာရဲ့နေရာတွင်အစားထိုးခန့်အပ်ရန်အန်တိုနီယိုကွန်တီနှင့်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။

အာဆင်နယ်ဟာလာမယ့်ပရီးမီးယားလိဂ်ပွဲသုံးပွဲလုံးနိုင်ပွဲမရလျှင်အာတီတာကိုထုတ်ပယ်သွားမှာဖြစ်ပြီးချက်ချင်းပင်ကွန်တီနှင့်အစားထိုးနိုင်ရန်အတွက်လျှင်မြန်စွာပြင်ဆင်လုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ကွန်တီနှင့်နီးစပ်တဲ့အေးဂျင့်ဖီဒီရီကိုပါစတိုရယ်လိုကတော့ အာဆင်နယ်နှင့်ကွန်တီအကြားအကြိုသဘောတူညီမှုရရှိထားခြင်းမရှိကြောင်းဆိုထားပါတယ်။

အာတီတာဟာပရီးမီးယားလိဂ်သုံးပွဲဆက်ရှုံးနိမ့်ကာရဂိုးတစ်ဂိုးမျှမရရှိသေးမှုနဲ့အတူအမှတ်ပေးဇယားကြမ်းခင်းတွင်ရပ်တည်နေရပြီးနောက်ဖိအားများနှင့်ရင်ဆိုင်နေရပါတယ်။

လက်ရှိအချိန်တွင်အာတီတာရဲ့အာဆင်နယ်နည်းပြရာထူးအတွက်ဘရန်ဒန်ရော်ဂျာက ရေပန်းအစားအဆုံးဖြစ်နေပါတယ်။

ZawGyi

လာမယ့္သုံးပြဲႏိုင္ပြဲမရလွ်င္ အာတီတာကို ထုတ္ၿပီး ကြန္တီကို ခန႔္ရန္ အာဆင္နယ္သေဘာတူညီမႈရရွိ

အာဆင္နယ္ဟာမီေခးလ္အာတီတာရဲ႕ေနရာတြင္အစားထိုးခန႔္အပ္ရန္အန္တိုနီယိုကြန္တီႏွင့္သေဘာတူညီမႈရရွိထားၿပီျဖစ္ေၾကာင္းသိရပါတယ္။

အာဆင္နယ္ဟာလာမယ့္ပရီးမီးယားလိဂ္ပြဲသုံးပြဲလုံးႏိုင္ပြဲမရလွ်င္အာတီတာကိုထုတ္ပယ္သြားမွာျဖစ္ၿပီးခ်က္ခ်င္းပင္ကြန္တီႏွင့္အစားထိုးႏိုင္ရန္အတြက္လွ်င္ျမန္စြာျပင္ဆင္လုပ္ေဆာင္ထားတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ကြန္တီႏွင့္နီးစပ္တဲ့ေအးဂ်င့္ဖီဒီရီကိုပါစတိုရယ္လိုကေတာ့ အာဆင္နယ္ႏွင့္ကြန္တီအၾကားအႀကိဳသေဘာတူညီမႈရရွိထားျခင္းမရွိေၾကာင္းဆိုထားပါတယ္။

အာတီတာဟာပရီးမီးယားလိဂ္သုံးပြဲဆက္ရႈံးနိမ့္ကာရဂိုးတစ္ဂိုးမွ်မရရွိေသးမႈနဲ႔အတူအမွတ္ေပးဇယားၾကမ္းခင္းတြင္ရပ္တည္ေနရၿပီးေနာက္ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

လက္ရွိအခ်ိန္တြင္အာတီတာရဲ႕အာဆင္နယ္နည္းျပရာထူးအတြက္ဘရန္ဒန္ေရာ္ဂ်ာက ေရပန္းအစားအဆုံးျဖစ္ေနပါတယ္။