
လာလီဂါဥက္ကဌကဘာစီလိုနာမှာလာမယ့်ရာသီတွင်လည်းကစားသမားသစ်ခေါ်ယူအားဖြည့်နိုင်မှာမဟုတ်သလိုကစားသမားသစ်များကိုမှတ်ပုံတင်နိုင်မှာလည်းမဟုတ်ကြောင်းအတည်ပြုလာပါတယ်။
ဘာစီလိုနာဟာပြီးခဲ့တဲ့အပတ်တုန်းကအယ်မာရီယာကိုမထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပေမဲ့လည်းလာလီဂါအမှတ်ပေးဇယားကိုဦးဆောင်နေဆဲဖြစ်သလိုကိုပါဒယ်ရေးတွင်လည်းဗိုလ်လုပွဲသို့တက်ရောက်ရန်အခြေအနေကောင်းနေပါတယ်။
၎င်းတို့ဟာမနေ့ညတုန်းကဘာနေဗျူးကွင်းတွင်ကစားတဲ့ရီးရဲလ်မက်ဒရစ်နှင့်ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့လည်းဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံနေရဆဲဖြစ်ပါတယ်။ဘာစီလိုနာဟာပြီးခဲ့တဲ့နွေရာသီတုန်းကပထမအသင်းကစားသမားအများစုကိုလုပ်ခလျှော့ယူစေခဲ့သလိုအသင်းရဲ့ပြည်တွင်းရုပ်သံလွှင့်ခဝင်ငွေကိုကြိုရောင်းခြင်း၊အသင်းပိုင်စတူဒီယိုကိုရောင်းချခြင်းတို့ပြုလုပ်ခဲ့ရပါတယ်။
ယင်းသို့ပြုလုပ်ခဲ့ခြင်းကြောင့်ဘာစီလိုနာဟာယူရို၁၅၃သန်းပေးကာခေါ်ယူခဲ့တဲ့ဖရန့်ကက်ဆီ၊ခရစ္စတီယန်ဆင်၊ရာဖင်ညာ၊ရောဘတ်လီဝန်ဒေါ့စကီး၊ကွန်ဒီတို့ကိုမှတ်ပုံတင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာကြုံရဆဲဖြစ်တာကြောင့်လာမယ့်နွေရာသီတွင်ကစားသမားရောင်းချမှုမပြုလုပ်ဘဲကစားသမားသစ်ခေါ်ယူနိုင်မှာမဟုတ်ကြောင်းလာလီဂါဥက္ကဌဂျာဗီးယားတီဘက်စ်ကအတည်ပြုလာပြီဖြစ်ပါတယ်။
ဘာစီလိုနာဟာကစားသမားရောင်းချမှုမှဝင်ငွေအားလံးရဲ့၄၀ရာခိုင်နှုန်းကိုအသုံးပြုကာကစားသမားသစ်ခေါ်ယူရမှာဖြစ်ပြီးအသင်းရဲ့အသုံးစရိတ်ကိုလည်းယူရိုသန်း၂၀၀အထိလျှော့ချရမှာဖြစ်ပါတယ်။
ယင်းသို့အခြေအနေကြောင့်ဘာစီလိုနာဟာလာမယ့်နွေရာသီတွင်အသင်းရှိအဓိကကစားသမားအများစုကိုရောင်းချလာရဖို့ရှိနေပါတယ်။
ZawGyi
လာမယ့္အေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ ကစားသမားသစ္ေခၚယူႏိုင္မွာမဟုတ္သလို ကစားသမားသစ္မွတ္ပုံတင္ႏိုင္မွာလည္း မဟုတ္တဲ့ ဘာစီလိုနာ
လာလီဂါဥကၠဌကဘာစီလိုနာမွာလာမယ့္ရာသီတြင္လည္းကစားသမားသစ္ေခၚယူအားျဖည့္ႏိုင္မွာမဟုတ္သလိုကစားသမားသစ္မ်ားကိုမွတ္ပုံတင္ႏိုင္မွာလည္းမဟုတ္ေၾကာင္းအတည္ျပဳလာပါတယ္။
ဘာစီလိုနာဟာၿပီးခဲ့တဲ့အပတ္တုန္းကအယ္မာရီယာကိုမထင္မွတ္ဘဲရႈံးနိမ့္ခဲ့ေပမဲ့လည္းလာလီဂါအမွတ္ေပးဇယားကိုဦးေဆာင္ေနဆဲျဖစ္သလိုကိုပါဒယ္ေရးတြင္လည္းဗိုလ္လုပြဲသို႔တက္ေရာက္ရန္အေျခအေနေကာင္းေနပါတယ္။
၎တို႔ဟာမေန႔ညတုန္းကဘာေနဗ်ဴးကြင္းတြင္ကစားတဲ့ရီးရဲလ္မက္ဒရစ္ႏွင့္ကိုပါဒယ္ေရးဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္တြင္၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
ဒါေပမဲ့လည္းဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံေနရဆဲျဖစ္ပါတယ္။ဘာစီလိုနာဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကပထမအသင္းကစားသမားအမ်ားစုကိုလုပ္ခေလွ်ာ့ယူေစခဲ့သလိုအသင္းရဲ႕ျပည္တြင္း႐ုပ္သံလႊင့္ခဝင္ေငြကိုႀကိဳေရာင္းျခင္း၊အသင္းပိုင္စတူဒီယိုကိုေရာင္းခ်ျခင္းတို႔ျပဳလုပ္ခဲ့ရပါတယ္။
ယင္းသို႔ျပဳလုပ္ခဲ့ျခင္းေၾကာင့္ဘာစီလိုနာဟာယူ႐ို၁၅၃သန္းေပးကာေခၚယူခဲ့တဲ့ဖရန႔္ကက္ဆီ၊ခရစၥတီယန္ဆင္၊ရာဖင္ညာ၊ေရာဘတ္လီဝန္ေဒါ့စကီး၊ကြန္ဒီတို႔ကိုမွတ္ပုံတင္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ဘာစီလိုနာဟာဘ႑ာေရးျပႆနာႀကဳံရဆဲျဖစ္တာေၾကာင့္လာမယ့္ေႏြရာသီတြင္ကစားသမားေရာင္းခ်မႈမျပဳလုပ္ဘဲကစားသမားသစ္ေခၚယူႏိုင္မွာမဟုတ္ေၾကာင္းလာလီဂါဥကၠဌဂ်ာဗီးယားတီဘက္စ္ကအတည္ျပဳလာၿပီျဖစ္ပါတယ္။
ဘာစီလိုနာဟာကစားသမားေရာင္းခ်မႈမွဝင္ေငြအားလံးရဲ႕၄၀ရာခိုင္ႏႈန္းကိုအသုံးျပဳကာကစားသမားသစ္ေခၚယူရမွာျဖစ္ၿပီးအသင္းရဲ႕အသုံးစရိတ္ကိုလည္းယူ႐ိုသန္း၂၀၀အထိေလွ်ာ့ခ်ရမွာျဖစ္ပါတယ္။
ယင္းသို႔အေျခအေနေၾကာင့္ဘာစီလိုနာဟာလာမယ့္ေႏြရာသီတြင္အသင္းရွိအဓိကကစားသမားအမ်ားစုကိုေရာင္းခ်လာရဖို႔ရွိေနပါတယ္။