လာမယ့် ပွဲ၇ ပွဲကို အန်ဒီဒီ လွဲချော်မည်ဖြစ်၍ ရုန်းကန်နေရတဲ့ လက်စတာအတွက် ထိုးနှက် ချက်တစ်ခုဖြစ်လာ

ဝီဖရှိုင်းအန်ဒီဒီဟာလက်စတာရဲ့လာမယ့်ပွဲ၇ပွဲအထိလွဲချော်မှာဖြစ်လို့ရုန်းကန်နေရတဲ့ဘရန်ဒန်ရော်ဂျာရဲ့လက်စတာအတွက်ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။

အသက်၂၄နှစ်ရှိအလယ်တန်းကစားသမားဟာဘန်လေနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲတွင်ရရှိခဲ့တဲ့တံကောက်ကြောဒဏ်ရာကြောင့်ရက်သတ္တပတ်ငါးပတ်အထိအနားယူရပါမယ်။

ဒါကြောင့်လည်းဘရန်ဒန်ရော်ဂျာဟာမန်ယူ၊အာဆင်နယ်တို့နှင့်ကစားရမယ့်အရေးပါတဲ့အိမ်ကွင်းပွဲများအပြင်စပါးတပ်မော်စကိုနှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်အရေးပါတဲ့အလယ်တန်းကစားသမားကိုအသုံးပြုနိုင်မှာမဟုတ်ပါဘူး။

နိုင်ဂျီးရီးယားအလယ်တန်းကစားသမားဟာဗဟိုအာဖရိကနှင့်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုလွဲမှာဖြစ်ပြီးနိုဝင်ဘာလနိုင်ငံတကာပွဲပြီးတဲ့အထိကစားနိုင်မှာမဟုတ်ပါဘူး။

အန်ဒီဒီဟာလိဒ်ယူနိုက်တက်၊ဘရန့်ဖို့ဒ်တို့နှင့်အဝေးကွင်းပွဲစဉ်များကိုလည်းလွဲမယ့်အပြင်ဘရိုက်တန်နှင့်ခါရာဘောင်ဖလားပွဲကိုလည်းလွဲပါမယ်။

ZawGyi





