
လီယွန်နယ်မက်ဆီဟာလက်ရွေးစင်ကစားသမားဘဝမှအနားယူသေးဦးမှာမဟုတ်သေးဘဲလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းအာဂျင်တီးနားအသင်းကိုဦးဆောင်ကာကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကာကွယ်ရေးကြိုးပမ်းလာပါမယ်။
အာဂျင်တီးနားနှင့်အတူ၁၉၈၆ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားစတားဂျော့ဗယ်ဒိုနာဒိုကအသက်၃၅နှစ်ရှိလီယွန်နယ်မက်ဆီကသီးသန့်စကားပြောဆိုချိန်တွင်၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲအထိကစားလာဦးမယ်ပြောကြားခဲ့ကြောင်းဖွင့်ဟလာတာဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီဟာတနင်္ဂနွေနေ့တုန်းကအာဂျင်တီးနားအသင်းကိုတတိယမြောက်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
၁၉၈၆ခုနှစ်တုန်းကမာရာဒိုနာနှင့်အတူကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ဗယ်ဒိုနာဒိုက “ကမ္ဘာ့ဖလားမတိုင်မီတုန်းကသူ့ကိုအင်တာဗျူးခဲ့တယ်။ကင်မရာပိတ်ထားချိန်မှာသူကကမ္ဘာ့ဖလားငါးကြိမ်ကစားမယ်။ဘယ်သူမှခြောက်ကြိမ်မကစားသေးဘူးလို့ပြောခဲ့ပါတယ်။ခြောက်ကြိမ်ကစားဖို့မဖြစ်နိုင်ဘူးလို့သူကပြောပါတယ်။ပြီးတော့သူကကမ္ဘာ့ဖလားချန်ပီယံဖြစ်ရင်တော့နောက်ထပ်ကမ္ဘာ့ဖလားအထိကစားသွားဦးမယ်လို့ဆက်ပြောပါတယ်။မက်ဆီလုပ်နိုင်မလားကြည့်ရပါမယ်။ခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားကစားဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတာကိုတော့အရင်တုန်းကပြသဖူးပြီးဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။
တကယ်လို့များမက်ဆီသာအမေရိကန်၊ကနေဒါနှင့်မက္ကဆီကိုတို့ကအိမ်ရှင်အဖြစ်ပူးတွဲကျင်းပလာမဲ့၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကစားလာမည်ဆိုပါကအသက်၃၉နှစ်အရွယ်သို့ရောက်နေပါမယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီတုန်းကတော့မက်ဆီကပြင်သစ်နှင့်ဗိုလ်လုပွဲမှာသူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာမည်လို့အတည်ပြုထားပြီးဖြစ်ပါတယ်။
ZawGyi
လာမယ့္ ၂၀၂၆ ကမာၻ႔ဖလားတြင္လည္း အာဂ်င္တီးနားကို ဦးေဆာင္လာဦးမယ့္ လီယြန္နယ္မက္ဆီ
လီယြန္နယ္မက္ဆီဟာလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူေသးဦးမွာမဟုတ္ေသးဘဲလာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းအာဂ်င္တီးနားအသင္းကိုဦးေဆာင္ကာကမာၻ႔ဖလားခ်န္ပီယံဘြဲ႕ကာကြယ္ေရးႀကိဳးပမ္းလာပါမယ္။
အာဂ်င္တီးနားႏွင့္အတူ၁၉၈၆ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ အာဂ်င္တီးနားစတားေဂ်ာ့ဗယ္ဒိုနာဒိုကအသက္၃၅ႏွစ္ရွိလီယြန္နယ္မက္ဆီကသီးသန႔္စကားေျပာဆိုခ်ိန္တြင္၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲအထိကစားလာဦးမယ္ေျပာၾကားခဲ့ေၾကာင္းဖြင့္ဟလာတာျဖစ္ပါတယ္။
လီယြန္နယ္မက္ဆီဟာတနဂၤေႏြေန႔တုန္းကအာဂ်င္တီးနားအသင္းကိုတတိယေျမာက္ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။
၁၉၈၆ခုႏွစ္တုန္းကမာရာဒိုနာႏွင့္အတူကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ဗယ္ဒိုနာဒိုက “ကမာၻ႔ဖလားမတိုင္မီတုန္းကသူ႔ကိုအင္တာဗ်ဴးခဲ့တယ္။ကင္မရာပိတ္ထားခ်ိန္မွာသူကကမာၻ႔ဖလားငါးႀကိမ္ကစားမယ္။ဘယ္သူမွေျခာက္ႀကိမ္မကစားေသးဘူးလို႔ေျပာခဲ့ပါတယ္။ေျခာက္ႀကိမ္ကစားဖို႔မျဖစ္ႏိုင္ဘူးလို႔သူကေျပာပါတယ္။ၿပီးေတာ့သူကကမာၻ႔ဖလားခ်န္ပီယံျဖစ္ရင္ေတာ့ေနာက္ထပ္ကမာၻ႔ဖလားအထိကစားသြားဦးမယ္လို႔ဆက္ေျပာပါတယ္။မက္ဆီလုပ္ႏိုင္မလားၾကည့္ရပါမယ္။ေျခာက္ႀကိမ္ေျမာက္ကမာၻ႔ဖလားကစားဖို႔ဆိုတာမျဖစ္ႏိုင္ဘူးဆိုတာကိုေတာ့အရင္တုန္းကျပသဖူးၿပီးျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။
တကယ္လို႔မ်ားမက္ဆီသာအေမရိကန္၊ကေနဒါႏွင့္မကၠဆီကိုတို႔ကအိမ္ရွင္အျဖစ္ပူးတြဲက်င္းပလာမဲ့၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကစားလာမည္ဆိုပါကအသက္၃၉ႏွစ္အ႐ြယ္သို႔ေရာက္ေနပါမယ္။
ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္မီတုန္းကေတာ့မက္ဆီကျပင္သစ္ႏွင့္ဗိုလ္လုပြဲမွာသူ႔ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားပြဲျဖစ္လာမည္လို႔အတည္ျပဳထားၿပီးျဖစ္ပါတယ္။