လာမယ့် ၉ ပွဲတွင် မန်ယူအသင်း ၃ ပွဲသာ နိုင်မည်ဟု စူပါကွန်ပျူတာခန့်မှန်း

စူပါကွန်ပျူတာကမန်ချက်စတာယူနိုက်တက်မှာလာမယ့်ပွဲ၉ပွဲတွင်၃ပွဲတည်းသာအနိုင်ရရှိမယ်လို့ခန့်မှန်းလာပါတယ်။

ဆိုးလ်ရှားဦးဆောင်တဲ့မန်ယူအသင်းဟာနောက်ဆုံး၈ပွဲတွင်၂ပွဲတည်းသာအနိုင်ရရှိထားပြီးခြေစွမ်းဆိုးရွားကာဖိအားများနှင့်ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်လည်းမန်ယူပရိသတ်များရဲ့ဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ရေးတောင်းဆိုမှုကအသံပိုမိုကျယ်လောင်လာနေပါတယ်။

မန်ယူဟာယနေ့ညမှာအိုးထရက်ဖို့ဒ်ကွင်းမှာအတ္တလန္တာကိုဧည့်ခံကစားရပါမယ်။မန်ယူဟာအိုးထရက်ဖို့ဒ်နှစ်ပွဲဆက်နိုင်ပွဲပျောက်နေတဲ့အသင်းလည်းဖြစ်ပါတယ်။

BonusCodeBets ရဲ့စူပါကွန်ပျူတာကမန်ယူဟာအတ္တလန္တာကိုအနိုင်ရဖို့၅၅ရာခိုင်နှုန်းတည်းသာရှိကြောင်းဆိုသွားပါတယ်။ဒါ့အပြင်စူပါကွန်ပျူတာကမန်ယူဟာလာမယ့်ပွဲ၉ပွဲတွင်၃ပွဲတည်းသာအနိုင်ရမယ်လို့ဆိုသွားပါတယ်။ယင်း၉ပွဲမှာနိုင်ပွဲ၃ပွဲတွင် ယနေ့အတ္တလန္တာကိုအနိုင်ရတဲ့ပွဲလည်းပါဝင်ပါမယ်။

မန်ယူဟာယနေ့ညအတ္တလန္တာနှင့်ပွဲပြီးလျှင်ပွဲကြပ်များအဖြစ်လီဗာပူး၊စပါးစ်တို့နှင့်ပရီးမီးယားလိဂ်မှာဆက်တိုက်ရင်ဆိုင်ရပါမယ်။ယင်းနောက်၎င်းတို့ဟာအတ္တလန္တာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးမန်စီးတီး၊ဝက်ဖို့ဒ်၊ဗီလာရီးရဲလ်၊ချဲလ်ဆီး၊အာဆင်နယ်တို့နှင့်ရင်ဆိုင်ရပါမယ်။

စူပါကွန်ပျူတာကဆိုးလ်ရှားရဲ့မန်ယူအသင်းဟာယခုအပတ်အကုန်မှာရင်ဆိုင်ရမယ့်လီဗာပူးနှင့်ပရီးမီးယားလိဂ်ပွဲစဉ်မှာအနိုင်ရာခိုင်နှုန်း၃၃ရာခိုင်နှုန်းသာရှိကြောင်းခန့်မှန်းထားသလိုမန်စီးတီးနှင့်ပွဲတွင်အနိုင်ရရှိရန်၄၂ရာခိုင်နှုန်းသာရှိကြောင်းဆိုထားပါတယ်။

ZawGyi

လာမယ့္ ၉ ပြဲတြင္ မန္ယူအသင္း ၃ ပြဲသာ ႏိုင္မည္ဟု စူပါကြန္ပ်ဴတာခန႔္မွန္း

စူပါကြန္ပ်ဴတာကမန္ခ်က္စတာယူႏိုက္တက္မွာလာမယ့္ပြဲ၉ပြဲတြင္၃ပြဲတည္းသာအႏိုင္ရရွိမယ္လို႔ခန႔္မွန္းလာပါတယ္။

ဆိုးလ္ရွားဦးေဆာင္တဲ့မန္ယူအသင္းဟာေနာက္ဆုံး၈ပြဲတြင္၂ပြဲတည္းသာအႏိုင္ရရွိထားၿပီးေျခစြမ္းဆိုး႐ြားကာဖိအားမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ဒါေၾကာင့္လည္းမန္ယူပရိသတ္မ်ားရဲ႕ဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ေရးေတာင္းဆိုမႈကအသံပိုမိုက်ယ္ေလာင္လာေနပါတယ္။

မန္ယူဟာယေန႔ညမွာအိုးထရက္ဖို႔ဒ္ကြင္းမွာအတၱလႏၲာကိုဧည့္ခံကစားရပါမယ္။မန္ယူဟာအိုးထရက္ဖို႔ဒ္ႏွစ္ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနတဲ့အသင္းလည္းျဖစ္ပါတယ္။

BonusCodeBets ရဲ႕စူပါကြန္ပ်ဴတာကမန္ယူဟာအတၱလႏၲာကိုအႏိုင္ရဖို႔၅၅ရာခိုင္ႏႈန္းတည္းသာရွိေၾကာင္းဆိုသြားပါတယ္။ဒါ့အျပင္စူပါကြန္ပ်ဴတာကမန္ယူဟာလာမယ့္ပြဲ၉ပြဲတြင္၃ပြဲတည္းသာအႏိုင္ရမယ္လို႔ဆိုသြားပါတယ္။ယင္း၉ပြဲမွာႏိုင္ပြဲ၃ပြဲတြင္ ယေန႔အတၱလႏၲာကိုအႏိုင္ရတဲ့ပြဲလည္းပါဝင္ပါမယ္။

မန္ယူဟာယေန႔ညအတၱလႏၲာႏွင့္ပြဲၿပီးလွ်င္ပြဲၾကပ္မ်ားအျဖစ္လီဗာပူး၊စပါးစ္တို႔ႏွင့္ပရီးမီးယားလိဂ္မွာဆက္တိုက္ရင္ဆိုင္ရပါမယ္။ယင္းေနာက္၎တို႔ဟာအတၱလႏၲာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးမန္စီးတီး၊ဝက္ဖို႔ဒ္၊ဗီလာရီးရဲလ္၊ခ်ဲလ္ဆီး၊အာဆင္နယ္တို႔ႏွင့္ရင္ဆိုင္ရပါမယ္။

စူပါကြန္ပ်ဴတာကဆိုးလ္ရွားရဲ႕မန္ယူအသင္းဟာယခုအပတ္အကုန္မွာရင္ဆိုင္ရမယ့္လီဗာပူးႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္မွာအႏိုင္ရာခိုင္ႏႈန္း၃၃ရာခိုင္ႏႈန္းသာရွိေၾကာင္းခန႔္မွန္းထားသလိုမန္စီးတီးႏွင့္ပြဲတြင္အႏိုင္ရရွိရန္၄၂ရာခိုင္ႏႈန္းသာရွိေၾကာင္းဆိုထားပါတယ္။