လာမယ့် El Clasico ပွဲမှာ အထူးထုတ် အင်္ကျီဝတ်ဆင်ကစားသွားမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာရီးရဲလ်မက်ဒရစ်ကိုအဝေးကွင်းသို့သွားရောက်ကာရင်ဆိုင်ကစားရမယ့် El Clasico ပွဲအား အထူးထုတ် ဝတ်စုံဝတ်ဆင်ကစားသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့ရာသီများမှာအထူးထုတ်ဝတ်စုံများဝတ်ဆင်ကစားလေ့ရှိပါတယ်။အထူးသဖြင့်ကလပ်ရဲ့သမိုင်းဝင်အချိန်အခါကာလများနှင့်တိုက်ဆိုင်တဲ့အခါမျိုးမှာ အထူးထုတ်ဝတ်စုံဝတ်ဆင်ကစားလေ့ရှိပါတယ်။

ဘာစီလိုနာရဲ့နောက်ဆုံးအထူးထုတ်ဝတ်စုံကိုလာမယ့်ဧပြီလ၁၁ရက်နေ့မှာရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ရမယ့် El Clascio ပွဲမှာဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

ယင်းဝတ်စုံကိုဂန္ထဝင်အသင်းခေါင်းဆောင်ကားလို့စ်ပူယိုးလ်ကကြေညာသွားမှာလည်းဖြစ်ပါတယ်။ဝတ်စုံတွင်အပြာရောင်၊အနီရောင်နှင့်အဝါရောင်တို့အသုံးပြုလာပါမယ်။ဘာစီလိုနာဟာအထူးထုတ်ဝတ်စုံကိုဇန်နဝါရီလနှောင်းပိုင်း မှာပရိသတ်များအတွက်စတိုးများမှာရောင်းချသွားပါမယ်။

ဘာစီလိုနာဟာလာလီဂါပထမအကျော့ El Clasico ပွဲတုန်းကရီးရဲလ်မက်ဒရစ်ကိုအိမ်ကွင်းမှာ၃-၁ဖြင့်ရှုံးနိမ့်ထားပါတယ်။ဧပြီလ၁၁ရက်နေ့မှာရီးရဲလ်မက်ဒရစ်မှာကစားရမယ့်ပွဲစဉ်ကလာလီဂါချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲစဉ်လည်းဖြစ်လာနိုင်ပါတယ်။

ကိုးမန်းရဲ့ဘာစီလိုနာဟာနောက်ပိုင်းမှာအကောင်းဆုံးပုံစံရရှိလာပြီးနောက်ဆုံးရှစ်ပွဲမှာခြောက်ပွဲနိုင်ပြီးနှစ်ပွဲသရေကျထားပါတယ်။

ZawGyi

လာမယ့္ El Clasico ပြဲမွာ အထူးထုတ္ အက်ႌဝတ္ဆင္ကစားသြားမယ့္ ဘာစီလိုနာ

ဘာစီလိုနာဟာရီးရဲလ္မက္ဒရစ္ကိုအေဝးကြင္းသို႔သြားေရာက္ကာရင္ဆိုင္ကစားရမယ့္ El Clasico ပြဲအား အထူးထုတ္ ဝတ္စုံဝတ္ဆင္ကစားသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့ရာသီမ်ားမွာအထူးထုတ္ဝတ္စုံမ်ားဝတ္ဆင္ကစားေလ့ရွိပါတယ္။အထူးသျဖင့္ကလပ္ရဲ႕သမိုင္းဝင္အခ်ိန္အခါကာလမ်ားႏွင့္တိုက္ဆိုင္တဲ့အခါမ်ိဳးမွာ အထူးထုတ္ဝတ္စုံဝတ္ဆင္ကစားေလ့ရွိပါတယ္။

ဘာစီလိုနာရဲ႕ေနာက္ဆုံးအထူးထုတ္ဝတ္စုံကိုလာမယ့္ဧၿပီလ၁၁ရက္ေန႔မွာရီးရဲလ္မက္ဒရစ္ႏွင့္ရင္ဆိုင္ရမယ့္ El Clascio ပြဲမွာဝတ္ဆင္ကစားသြားမွာျဖစ္ပါတယ္။

ယင္းဝတ္စုံကိုဂႏၴဝင္အသင္းေခါင္းေဆာင္ကားလို႔စ္ပူယိုးလ္ကေၾကညာသြားမွာလည္းျဖစ္ပါတယ္။ဝတ္စုံတြင္အျပာေရာင္၊အနီေရာင္ႏွင့္အဝါေရာင္တို႔အသုံးျပဳလာပါမယ္။ဘာစီလိုနာဟာအထူးထုတ္ဝတ္စုံကိုဇန္နဝါရီလေႏွာင္းပိုင္း မွာပရိသတ္မ်ားအတြက္စတိုးမ်ားမွာေရာင္းခ်သြားပါမယ္။

ဘာစီလိုနာဟာလာလီဂါပထမအေက်ာ့ El Clasico ပြဲတုန္းကရီးရဲလ္မက္ဒရစ္ကိုအိမ္ကြင္းမွာ၃-၁ျဖင့္ရႈံးနိမ့္ထားပါတယ္။ဧၿပီလ၁၁ရက္ေန႔မွာရီးရဲလ္မက္ဒရစ္မွာကစားရမယ့္ပြဲစဥ္ကလာလီဂါခ်န္ပီယံဆုအတြက္ အဆုံးအျဖတ္ပြဲစဥ္လည္းျဖစ္လာႏိုင္ပါတယ္။

ကိုးမန္းရဲ႕ဘာစီလိုနာဟာေနာက္ပိုင္းမွာအေကာင္းဆုံးပုံစံရရွိလာၿပီးေနာက္ဆုံးရွစ္ပြဲမွာေျခာက္ပြဲႏိုင္ၿပီးႏွစ္ပြဲသေရက်ထားပါတယ္။